ဘတ်စ်ကားမှတ်တိုင်ငါးရာကို အဆင့်မြှင့်ဖို့ကန်ဒေါ်လာ ၁၃ သန်း စီမံကိန်း လက်မှတ်ရေးထိုး ဇန်နဝါရီ - ၂၀ ၊၂၀၁၈ ရန်ကုန်မြို့တွင်းက ဘတ်စ်ကားမှတ်တိုင်ငါးရာကို ခေတ်မီကားမှတ်တိုင်တွေအဖြစ် အဆင့်မြှင့်တင်သွားဖို့ အမေရိကန် ဒေါ်လာ ၁၃ သန်း ရင်းနှီးမြှုပ်နှံမယ့် စီမံကိန်းတစ်ခုကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ တင်ဒါအောင်မြင်သွားတဲ့ ကုမ္ပဏီတို့ဟာ ဒီကနေ့မှာ သဘောတူ လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဘတ်စ်ကားမှတ်တိုင်တွေကို ပြင်သစ်နည်းပညာ အကူအညီနဲ့ အဆင့်မြှင့်တင်နိုင်ဖို့ ရင်းနှီးမြုပ်နှံမှုကို ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး ကျန်ရှိသေးတဲ့ ဘတ်စ်ကားမှတ်တိုင်တွေကိုလဲ ဆောင်ရွက်သွားဖို့ ရှိတယ်လို့ သဘောတူ လက်မှတ်ရေးထိုးပွဲကို တက်ရောက်လာတဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ အဲဒီဘတ်စ်ကားမှတ်တိုင် ငါးရာလုံးကို အဆင့်မြှင်တင်ဖို့ တည်ဆောက်ရေးလုပ်ငန်းတွေကို ၁၈ လအတွင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိပါတယ်။ အဆင့်မြှင့်တင်သွားမယ့် ဘတ်စ်ကားမှတ်တိုင်တွေမှာ ရန်ကုန်မြို့တော်ရဲ့ သတင်း အချက်အလက်တွေကို အသိပေးဖော်ပြသွားမယ့် ဆိုင်းဘုတ်တွေအပြင် ကြော်ငြာဆိုင်းဘုတ်တွေလည်း ပါဝင်မှာပါ။ ဘတ်စ်ကားမှတ်တိုင်ငါးရာကို အဆင့်မြှင့်တင်ဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ခေါ်ယူခဲ့တဲ့ တင်ဒါကို အောင်မြင်ခဲ့တဲ့ FMIDecaux ကုမ္ပဏီဟာ နိုင်ငံခြား ကုမ္ပဏီ JCDecaux နဲ့ မြန်မာနိုင်ငံက FMI ကုမ္ပဏီတို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ဖက်စပ် ကုမ္ပဏီတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ ရုပ်သံသတင်းထောက် - အလှလေးသူဇာ အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် http://ift.tt/2mVSJ5V https://youtu.be/i21gRYXnA_k #မစ္စယန်ဟီးလီ #ထုတ်ပြန်ချက် #လူ့အခွင့်အရေးကောင်စီ #LocalNews #7DayNews #7DayTV (7Day News ဂျာနယ်နှင့် 7Day Daily သတင်းစာရဲ့ ရုပ်သံတင်ဆက်မှုတွေကို 7Day TV ဖေ့စ်ဘွတ်စာမျက်မှာ ဝင်ရောက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။)
Source : http://ift.tt/2Dt0wTR
via IFTTT
No comments:
Post a Comment