အလှမယ်ရွှေအိမ်စည်ရဲ့ တောင်းဆိုချက်များကို ဒေါ်စိုးယုဝေ တုံ့ပြန်ကြေညာ ဇန်နဝါရီလ ၂ ရက်နေ့က ကြေးမုံသတင်းစာတွင် ထုတ်ပြန်ကြေညာခဲတဲ့ အလှမယ်ရွှေအိမ်စည်ရဲ့ တောင်းဆိုချက်များကို ဆောင်ရွက်ပေးရန် လုံးဝတာဝန်မရှိကြောင်း အဆိုပါ ကြေညာချက်ထုတ်ပြန်ပြီး ၁၄ ရက်အကြာ ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် Miss Universe Myanmar Organization မှ National Director ဒေါ်စိုးယုဝေ က ပြန်လည် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဆိုပါ တောင်းဆိုချက်များမှာ ၎င်းအား Miss Universe Myanmar Organization မှ National Director ဒေါ်စိုးယုဝေ က အသရေချိုးဖျက်စေသော အထောက်အထားကင်းမဲ့သည့် စွပ်စွဲချက်များနဲ့ တဖတ်သတ် ဆန်ဆန်ကြေညာချက်ထုတ်ပြန်ခဲ့တဲ့အပေါ် လျော်ကြေးငွေကျပ်သိန်း ၅ ထောင်နဲ့အတူ ၁၄ ရက်အတွင်း တောင်းပန်စာကို ထည့်သွင်းကြေညာပေးရမယ်ဆိုတဲ့ ကြေညာချက်ကို ဒေါ်စိုးယုဝေဘက်မှ ယခုလို ပြန်လည်တုံ့ပြန်လိုက်ခြင်းဖြစ်ပါတယ်။ Miss Universe Myanmar Organization မှ National Director ဒေါ်စိုးယုဝေ/ စိုးယုဝေ ဖေ့စ်ဘွတ် ဒေါ်စိုးယုဝေရဲ့ တုံ့ပြန်ကြေညာချက်တွင် ၎င်းအားဂုဏ်သိက္ခာကျဆင်းစေရန် ရေးသားပြောဆိုကြေညာခြင်း များအတွက် ၎င်းကျေနပ်သည်အထိ ဝန်ချတောင်းပန်သော ကြေညာချက်ကို ယနေ့မှစပြီး ၇ ရက်အတွင်း ထုတ်ပြန်ပေးရန်နဲ့ မယ်စကြာဝဠာမြန်မာအဖွဲ့အစည်းမှ ချီးမြှင့်ထားတဲ့အဆောင်အယောင်များနဲ့ လက်ခံ ထားတဲ့ ဆုကြေးငွေများကို ပြန်လည်အပ်နှံပြီး နောက်နောင် ထိုကဲ့သို့ ရေးသားပြောဆိုမှုများမပြုလုပ်ရန် အတိအလင်း သတိပေးအပ်ပါသည်ဟု ရေးသားထားခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ယခုကဲ့သို့ ဝန်ချတောင်းပန်ခြင်းမပြုခဲ့ပါက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့တည်ဆဲ ဥပဒေများအရ ရာဇဝတ်ကြောင်း တရားမကြောင်းများနဲ့ တရားစွဲဆို အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ထည့်သွင်းရေးသားထားပါတယ်။ အလှမယ် ရွှေအိမ်စည် / မျိုးမင်းစိုး / ဧရာဝတီ အလှမယ်ရွှေအိမ်စည်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် စာချုပ်ပါစည်းကမ်းချက်အချို့ကို ချိုးဖောက်ခဲ့သည့်အတွက် နိုင်ငံတကာအလှမယ်ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်မယ့် အစီအစဉ်အား ရပ်ဆိုင်း ခဲ့ပြီး ၎င်းအား Miss Universe Myanmar အဖွဲ့အစည်းမှ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ပြိုင်ပွဲအတွက် လိုအပ်သည့် ပညာရေးအထောက်အထားနဲ့ စာရွက်စာတမ်းများ မတင်ပြနိုင်ခြင်း၊ နိုင်ငံကိုယ်စားပြု အလှမယ်တဦးရဲ့ ဂုဏ်ပုဒ်နဲ့လျော်ညီမှုမရှိတဲ့ အပြောအဆို အသုံးအနှုန်းများပြောဆိုခြင်း၊ ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မယ့် ခရီးစဉ်အတွက် လိုအပ်သည်များကို အချိန်မှီဆောင်ရွက်နိုင်ခြင်းမရှိခြင်း စတဲ့အချက်များအပါအဝင် အချက် ၅ ချက်ပါ ကြေငြာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ The post အလှမယ်ရွှေအိမ်စည်ရဲ့ တောင်းဆိုချက်များကို ဒေါ်စိုးယုဝေ တုံ့ပြန်ကြေညာ appeared first on ဧရာဝတီ.
Source : http://ift.tt/2mGcIVX
via IFTTT
No comments:
Post a Comment