Thursday, January 18, 2018


YBS ယာဉ်လိုင်း ကုမ္ပဏီအားလုံး အများပိုင် ကုမ္ပဏီဖြစ်လာရန် ဆောင်ရွက်မည် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ရန်ကုန် ဘတ်စ်ကား ဝန်ဆောင်မှု (YBS) ယာဉ်လိုင်း ကုမ္ပဏီများကို လာမည့် ၂ လ အတွင်း အများပိုင်ကုမ္ပဏီများ ဖြစ်လာစေရန် လုပ်ဆောင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပိုု့ဆောင် ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ သိရသည်။ ရန်ကုန် ဘတ်စ်ကား ဝန်ဆောင်မှု (YBS) စီအီးအို ဦးစောဘိုဘိုမောင်(ခ) ဦးဘိုဘိုဝေမောင်က “ပြီးခဲ့တဲ့နှစ်ထဲက အခု ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကို အများပိုင်ကုမ္ပဏီဖြစ်ဖို့အတွက် အပတ်စဉ် ယာဉ်ပိုင်ရှင်တွေနဲ့ ပြောဆိုနေတာ ဖြစ် တယ်။ အခု နောက်ဆုံးအဆင့်ဖြစ်တဲ့ ငွေရေး၊ ကြေးရေးနဲ့ ရှယ်ယာ ကိစ္စသာ အဓိကထား လုပ်ဖို့သာ ကျန်တဲ့ အတွက် လာမယ့် ၂ လအတွင်းမှာ ပုံပေါ်လာအောင် စလုပ်မှာဖြစ်တယ်။ အလုံးစုံပြောင်းလဲ ဖို့ကတော့ အချိန်တခုပေးရမယ်”ဟု ပြောသည်။ လက်ရှိတွင် အများပိုင်စနစ်သို့ ပြောင်းလဲ၍မရသော ယာဉ်စာရင်း မည်မျှရှိသည်ကို ကောက်ယူနေပြီး စာရင်းရပါက ယာဉ်ပိုင်ရှင်များ၏ အချက်အလက်များကို အတိအကျ ဆွေးနွေး ပေါင်းစည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဇန်နဝါရီ ၁၈ ရက်က ပြုလုပ်သော YBS တနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် မီဒီယာများကို ပြောကြားခြင်း ဖြစ် သည်။ ဆက်လက်၍ YBS စီအီးအို က “အများပိုင်ကုမ္ပဏီက ပုဂ္ဂလိက(Private) ကုမ္ပဏီထက် စည်းကမ်းပိုုပြီးရှိရတယ်။ Private ကုမ္ပဏီက ပိုင်ရှင်ကသာလျှင် ဒီကုမ္ပဏီကို ထိန်းချုပ်မှုပိုများတယ်။ အများပိုင်ကုမ္ပဏီကကျတော့ ထိန်းချုပ်မှု ရှိတာထက် ရှယ်ယာနဲ့ ဖြစ်တဲ့အတွက် ဒါရိုက်တာကို ပိုပြီးတော့ ကိုင်တွယ်ရတာ လွယ်တယ်။ ဒါကြောင့်မို့ အများပိုင် ကုမ္ပဏီကို ပိုပြီးဖြစ်စေချင်တာ။ အလွဲသုံးစားမှုတွေကို စနစ်တကျ ကိုင်တွယ်နိုင်တယ်။ နောင်မှာလဲ ယာဉ်မတော် တဆ၊ စည်းကမ်းမဲ့ မောင်းနှင်မှုများကို ထိန်းချုပ်တဲ့စ နစ် Yangon Bus Operator (IBO) တို့လုပ်တဲ့အခါမှာ ပိုပြီးတော့ လွယ်တယ်။ ထပ်မံပြီးတော့ ကုမ္ပဏီ ထဲမှာ ရှယ်ယာဝင်ချင်တယ်ဆိုလည်း ဝယ်ရတာ လွယ်တယ်”ဟု ရှင်းပြသည်။ အများပိုင် ကုမ္ပဏီအဖြစ် ပေါင်းစည်းရာတွင် ၂ ဦးသဘောတူစာချုပ်(MOU) လက်မှတ်ရေးထိုးခြင်း၊ ကုမ္ပဏီအချင်းချင်း စည်းကမ်းထိန်းသိမ်းရေးတွင် ပေါင်းစည်းခြင်း၊ ငွေရေး၊ ကြေးရေးနှင့် ပတ်သက်သော ပေါင်းစည်းခြင်းများ စသည့် စနစ် ၃ မျိုးဖြင့် ပေါင်းစည်းပြီးမှသာလျှင် စနစ်တကျ အများပိုင် ကုမ္ပဏီ တည်ထောင်သွားနိုင်မည် ဖြစ်သည်ဟု ဆိုသည်။ ထို့သို့ ပေါင်းစည်းရေးအတွက် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် တနှစ်လုံးတွင် YBS ယာဉ်လိုင်းပိုင်ရှင်များကို အပတ်စဉ် အစည်းဝေးခေါ်ယူပြီး ဆွေးနွေးပြောကြားခဲ့ပြီး လက်ရှိတွင် နောက်ဆုံးအဆင့်ဖြစ်သော ငွေရေး၊ ကြေးရေး ရှယ်ယာနှင့်ပတ်သက်သော ကိစ္စများကို ဆွေးနွေးရန်သာ ကျန်ရှိနေသည်။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပိုု့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က “အခု လာမယ့် ၂၅ ရက်မှာ စပြီးတော့ အဖွဲ့ဖွဲ့ပြီး ၂ ရက်လောက်ကို ဒီအများပိုင်ကုမ္ပဏီအကြောင်းပဲ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် တဦးပိုင် ကားတွေက နည်းပေါင်းစုံနဲ့ နည်းနည်းလေး အဟန့် အတားဖြစ်နေတယ်။ ကုမ္ပဏီပိုင်ကတော့ ဒီနှစ်ထဲဖြစ်ကို ဖြစ်မယ်။ မဖြစ်လို့မရဘူး”ဟု ပြောသည်။ အများပိုင်ကုမ္ပဏီပိုင်ဖြစ်ရေး၊ ဘတ်စ်ကား အဟောင်းများကို ဖယ်ပြီး ကားအသစ်များနှင့် လဲလှယ်ပေးရေးကို ယခုနှစ် အတွင်း စတင်လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ပြောဆိုသည်။ “တဦးချင်းပိုင်တွေကို ဖျက်ပြီးတော့ ကုမ္ပဏီပိုင် လုပ်တာကလဲ ကားရဲ့ သုံးပုံနှစ်ပုံက ကုမ္ပဏီပိုင်စနစ်ဖြစ်သွားပြီ။ အခု ကျန်တဲ့ တပုံကို ဆက်ပြီးတော့ ပြောင်းမှာ ဖြစ်ပါတယ်”ဟု ဒေါက်တာ မောင်အောင်က ပြောသည်။ မြို့တွင်းသို့ အဓိက လမ်းမများမှ ဝင်ရောက်နေသော ခရီးသည်တင်ကားပိုင်ရှင်များကို အများပိုင် ကုမ္ပဏီ ဖြစ်စေရန် အတွက် အဓိကထား၍ လုပ်ဆောင်သွားမည် ဖြစ်ပြီး YBS ၏ ဒုတိယနှစ်ဖြစ်သော ယခု ၂၀၁၈ ခုနှစ်အတွက် ဦးစားပေး အစီစဉ်များထဲတွင်လည်း အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲ ပြေးဆွဲရေးသည် ဦးစားပေးအစီစဉ် တခုလည်း ဖြစ် ကြောင်း YRTA မှ သိရသည်။ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က “မြို့ထဲဝင်တဲ့ မိန်းလမ်းတွေက ကားတွေ အားလုံးကို ကုမ္ပဏီပိုင်ဖြစ်ဖို့ အားလုံးကို အမြန်ဆုံး လုပ်မှာဖြစ်တယ်။ ဒီလိုလုပ်ပြီဆိုရင် မြို့ထဲမှာ ညနေ ၅ နာရီနောက်ပိုင်း YBS ကားတွေနည်းပြီး အောက်ဆိုက်ကားတွေ ဆွဲနေတဲ့ အခက်အခဲတွေ မရှိတော့ဘူး။ ဒါကြောင့် ခဏလေးစောင့်ပါ”ဟု ပြောသည်။ စနစ်ကျသော ငွေကြေးကိုင်တွယ်မှု၊ စနစ်ကျသော ကုမ္ပဏီ ဖွဲ့စည်းတည်ဆောက်မှုနှင့် စနစ်ကျ၍ အများက လက်ခံ သော အချက်များရှိရမည် ဖြစ်သောကြောင့် ယင်းတို့ကို လုပ်ဆောင်နိုင်မှသာလျှင် တည်ထောင်နိုင်မည်ဖြစ်ကြောင်း၊ အများပိုင်ကုမ္ပဏီကို ပြောင်းလဲသည့် အခါတွင် အခက်အခဲများစွာရှိနေကြောင်း ယာဉ်ပိုင်ရှင်များက ပြောသည်။ YBS စီအီးအို ဦးစောဘိုဘိုက “ဥပမာ တဦးချင်းစီပိုင်တဲ့ ကားအစီး ၅၀၀ ကို ပေါင်းမယ်ဆိုရင် Private ကုမ္ပဏီအနေနဲ့ ပေါင်းလို့ မရဘူး။ ဘာအနေနဲ့ ပေါင်းမလဲဆိုတော့ အများပိုင် ကုမ္ပဏီနဲ့မှ ပေါင်းလို့ရမယ်။ နောက်တခုက ဘာလဲ ဆိုတော့ အများပိုင်ကုမ္ပဏီ ဖြစ်ဖို့ဆိုရင် ငွေရေးကြေးရေး အလွဲသုံးစား လုပ်တာမျိုးတွေ လုပ်ငန်းလည်ပတ်တာနဲ့ ပတ်သက်ပြီး အလွဲသုံးစားလုပ်မှုတွေက လုံးဝလုပ်လို့မရဘူး။ ဒါကြောင့်မို့ အများပိုင်ကုမ္ပဏီ ဖြစ်စေချင်တာ”ဟု ပြော သည်။ YBS စတင်ပြေးဆွဲချိန်တွင် ကုမ္ပဏီ ၃၂ ခုနှင့် စတင်တည်ထောင်ပြေးဆွဲခဲ့ပြီး ယခုအချိန်တွင် ကုမ္ပဏီ ၂၂ ခုနှင့်သာ ပြေးဆွဲ နေခြင်းဖြစ်သည်။ ယင်းကုမ္ပဏီ ၂၂ ခုကို နောက်ပိုင်းတွင် ပိုမိုကျစ်လျစ်ရန် ထပ်မံဖွဲ့စည်းပြီး ယခုနှစ်တွင် အများပိုင်ကုမ္ပဏီ တည်ထောင် ရေးကို စနစ်တကျ အကောင်အထည်ဖော်ရန် စတင်ခြင်း ဖြစ်ကြောင်း YRTA တာဝန်ရှိသူများ ထံမှ သိရသည်။ The post YBS ယာဉ်လိုင်း ကုမ္ပဏီအားလုံး အများပိုင် ကုမ္ပဏီဖြစ်လာရန် ဆောင်ရွက်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2mHQ1AZ
via IFTTT

No comments:

Post a Comment