Thursday, January 18, 2018

The Ladies News

နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၊ မတရားအသင်း အက်ဥပဒေတို့ဖြင့် ဒေါက်တာအေးမောင်အား စစ်ဆေးအရေးယူမည် နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၊ မတရားအသင်း အက်ဥပဒေတို့ဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်အား တရားစွဲဆိုရန် ရခိုင်ပြည်နယ်အစိုးရက ဆုံးဖြတ်ကြောင်း ထုတ်ပြန်ကြေညာပြီးနောက် ၎င်း၏နေအိမ်မှ ဇန်နဝါရီ ၁၈ ရက် မွန်းလွဲပိုင်းက စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိတွင် စစ်တွေမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။ လက်နက်တော်လှန်ရေးနှင့် လူထုဗဟိုပြု နိုင်ငံရေးအားလုံး၏ ပန်းတိုင်သည် အချုပ်အခြာအားဏာကို ပြန်လည် ရယူနိုင်ရေးသာဖြစ်ကြောင်း၊ လူထုကိုစည်းရုံးခြင်း၊ လက်နက်ကိုင် တော်လှန်ခြင်းတို့ပြုလုပ်ပြီး အာဏာရယူရန် နည်းမျိုးစုံဖြင့် အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲကို ဆင်နွဲပြီး ရည်မှန်းချက်ပန်းတိုင်းသို့ သွားနေခြင်းဖြစ်ကြောင်း ပြည်သူလူထုကို ဟောပြောခဲ့သည့် ရခိုင်ပြည်နယ် အမ်းမြို့နယ်မှ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ဥပေဒေနှင့် အညီအရေးယူမည်ဟု အစိုးရက ဇန်နဝါရီ ၁၇ ရက်ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ သမ္မတအိမ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် ရခိုင်ပြည်နယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ယင်းသို့ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချုပ်အောင်ဝင်းဦးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Source : http://ift.tt/2mRCbws
via IFTTT

No comments:

Post a Comment