အဆောက်အအုံများ ဒုတိယအသုတ်စစ်ဆေးမှုတွင် အထပ်မြင့် အလုံး ၂၀ ပြီးစီး မိုးညို၊ မိုးမင်း ===================== ပြီးခဲ့သည့် အစိုးရလက် ထက်က မူအားဖြင့်ခွင့်ပြုခဲ့သောအဆောက်အအုံများစစ်ဆေးမှု၏ ဒုတိယအသုတ်အဖြစ် အထပ်မြင့် အလုံး ၂၀ စစ်ဆေးမှုပြီးစီးပြီဖြစ် ကြောင်း ရန်ကုန်မြို့တော် အင်္ဂါ ရပ်နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှု စိစစ်ရေးကော်မ တီမှ သတင်းရရှိသည်။ ‘‘အလုံး ၂၀ ထပ်စစ်ပြီးသွား ပါပြီ။ စစ်ဆေးမှုရလဒ်ကို တိုင်း ဒေသကြီး အစိုးရအဖွဲ့ကို တင်ပြ သွားပါ့မယ်။ ပြီးရင် အစိုးရအဖွဲ့ အစည်းအ၀ေးမှာ ဆုံးဖြတ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီကတစ်ဆင့် လုပ် ငန်းရှင်တစ်ဦးချင်းစီကို စာပို့သွား မှာပါ’’ဟု အထက်ပါကော်မတီမှ ကော်မတီ၀င်ဦးရဲမင်းဦးက 7Day Daily အား ပြောသည်။ ပြီးခဲ့သည့်တစ်ပတ်က အဆို ပါကော်မတီက စစ်ဆေးမှုဖြင့် ရန်ကုန်မြို့မှ အထပ်မြင့်အဆောက်အအုံ ၁၂ လုံးကို အထပ်အရေအတွက်များ လျှော့ချခြင်း၊ စီမံကိန်းဒီဇိုင်းများ ပြန်လည်ပြင်ဆင်ရန် ညွှန်ကြားခြင်းများ ထုတ်ပြန်ခဲ့သောကြောင့် ဆောက်လုပ်ရေးလောကတွင် လုပ်ငန်းရှင်များ၏ ၀ေဖန်မှုများ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာခဲ့သည်။ ‘‘အခု ထပ်ထုတ်မဲ့ အလုံး၂၀ ကလည်း အထပ်အရေအတွက် လျှော့ဖို့၊ ကားပါကင် ဒီဇိုင်းတို့ ဒါ တွေကိုပဲ ပြန်ပြင်ခိုင်းမယ် ထင် တယ်။ ကျွန်တော်တို့က တည် ဆောက်ခွင့်ပါမစ်ရဖို့ ၂ နှစ်၊ သုံး နှစ်လောက် ကြိုးစားခဲ့ရတာကို ရက်ပိုင်းလပိုင်းအတွင်း ဖျက်ဆီး ပစ်တယ်လို့ပဲမြင်တယ်။ အရင် အစိုးရလက်ထက်က သတ်မှတ် ထားတဲ့ မူ၀ါဒအတိုင်း ဆောင်ရွက် ခဲ့တာပါ’’ဟု ပထမအသုတ် ၁၂ လုံးတွင် စီမံကိန်းပြင်ဆင်ရန် ညွှန် ကြားခံခဲ့ရသည့် KBS ဆောက် လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ကိုဘိုဆန်းက ပြောကြား သည်။ ယခု ထပ်မံစစ်ဆေးပြီးပြီဖြစ် သော ရလဒ်ကို ထုတ်ပြန်မည့် အ လုံး ၂၀ သည် စီမံကိန်း မစတင်ရ သေးဘဲ အများစုမှာ မြေပြင်တွင် သာ လုပ်ငန်းအနည်းငယ်စတင်ရ သေးသည့် အဆောက်အအုံများ ဖြစ် သည်ဟု ဆောက်လုပ်ရေးလုပ် ငန်းရှင်များက ဆိုသည်။ ‘‘အချိန်ကြာလာတာနဲ့အမျှ လုပ်ငန်းရှင်တွေအတွက် နစ်နာ တော့ အမြန်ဆုံးစစ်ဆေးမှုတွေကို တွန်းပြီး လုပ်နေကြပါတယ်’’ဟု အထက်ပါကော်မတီမှ ဦးရဲမင်းဦးက ပြောသည်။ ယခင် အစိုးရလက်ထက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မူ အားဖြင့်ခွင့်ပြုခဲ့သော ၁၃ ထပ်နှင့် အထက် အထပ်မြင့် အဆောက်အ အုံ ၁၈၅ လုံးကို မေလ ၂၀ ရက် တွင် ပြန်လည်စစ်ဆေးမှုများပြု လုပ်ရန် တိုင်းအစိုးရအဖွဲ့က ညွှန်ကြားချက် ထုတ်၍ လုပ်ငန်းများ ရပ်ဆိုင်းစေခဲ့သည်။ အဆိုပါအဆောက်အုံများ ကို ပြန်လည်စစ်ဆေးရန် ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ်က ညွှန်ကြားကာ ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
Source : http://ift.tt/29NHvO7
via IFTTT
No comments:
Post a Comment