Monday, July 18, 2016

The Voice

မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ မိုးအား လျော့နည်းပြီး မြောက်ပိုင်းဒေသ မိုးပိုမည် ---------------------------------------------- ဘင်္ဂလားပင်လယ်အော်အတွင်း မုတ်သုံလေအား လျော့နည်းနေ၍ လာမည့်သီတင်းပတ်အတွင်း မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် မိုးအားလျောနည်းနိုင်ပြီး မြောက်ပိုင်းဒေသများတွင် မိုးအား ပိုလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော် ကျော်မိုးဦးက ဆိုသည်။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် မိုးအား ပိုနိုင်ပြီး နေရာကွက်၍ မိုးကြီး ခြင်းတို့ ဖြစ်ပေါ်နိုင်သော်လည်း တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးအားလျော့နည်းနိုင်ပြီး နေ့အပူချိန်များ အနည်းငယ် မြင့်တက်လာနိုင်ကြောင်း ၎င်းက ပြောဆိုသည်။ “အခု ရေပြန်ကျခါစ မြောက်ပိုင်းမိုးများနေတဲဲ့အတွက် ရေပြန်တက်နေတယ်။ စောင့်ကြည့်ရဦးမယ်”ဟု ဒေါက်တာကျော်မိုးဦးက ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နှစ် လက်မမှ လေး လက်မအထိ မိုးရေချိန် ရရှိမှု ပုံမှန်ထက်လျော့နည်းကာ မိုးနည်းမည်ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။ မိုးအား ပိုနိုင်သည့် ဒေသများဖြစ်သည့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတို့တွင် မိုးရေချိန်မှာ ဒေသအလိုက် နှစ်လက်မမှ ရှစ်လက်မအထိ ပိုလာနိုင်ကြောင်း ၎င်းက ခန့်မှန်းချက် ထုတ်ပြန်ထားသည်။
Source : http://ift.tt/2a1aX0a
via IFTTT

No comments:

Post a Comment