၃၀.၁၁.၂၀၁၆ရက်နေ့၊ ၁၉း၄၅အချိန်ခန့်တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၁ရပ်ကွက်၊ မီးသတင်းရရှိသဖြင့် level2ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။
Source : http://ift.tt/2gV2mkR
via IFTTT
Wednesday, November 30, 2016
ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ပွဲစဉ်များနှင့် ဖိုင်နယ်ပွဲစဉ်များတွင် အဝေးဂိုးစည်းမျဉ်းစနစ် ကျင့်သုံးမည် အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) သည် လက်ရှိ ကျင်းပနေသည့် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များနှင့် ဖိုင်နယ်ပွဲစဉ်များတွင် အဝေးဂိုးစည်းမျဉ်းစနစ် ကျင့်သုံးမည် ဖြစ်ကြောင်း သိရသည်။ AFF သည် ဆူဇူကီးဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး နှစ်ကျော့ပေါင်း ဂိုးရလဒ် တူညီနေပါက အဝေးကွင်းတွင် ဂိုးသွင်းယူနိုင်သည့် အသင်းက နောက်တစ်ဆင့် တက်ရောက်နိုင်မည် ဖြစ်သည်။ AFF သည် ယင်းပြိုင်ပွဲတွင် ၂၀၀၄ ခုနှစ်မှစ၍ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို နှစ်ကျော့စနစ်ဖြင့် ကျင်းပခဲ့ပြီး ယခုနှစ်အတွက် ထုတ်ပြန်သည့် ပြိုင်ပွဲကျင်းပရေး စည်းမျဉ်းစည်းကမ်းတွင် အဝေးဂိုးစည်းမျဉ်း ကျင့်သုံးမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားခဲ့သည်။ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲတွင် နှစ်ကျော့ပေါင်း သွင်းဂိုး၊ ပေးဂိုး တူညီနေပါက အဝေးဂိုးစည်းမျဉ်းဖြင့် ဦးစားပေး ဆုံးဖြတ်မည်ဖြစ်ပြီး နှစ်ကျော့စလုံးသရေ (သို့မဟုတ်) နှစ်ကျော့ ဂိုးရလဒ် တူညီပါက အချိန်ပို ဆက်လက်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ အချိန်ပိုတွင်လည်း အဝေးဂိုးစည်းမျဉ်းမှာ ဆက်လက် အကျုံးဝင်မည်ဖြစ်ပြီး ဂိုးမရှိသရေ ထပ်ဖြစ်ပါက ပယ်နယ်တီ ကန်သွင်းရမည်ဖြစ်သော်လည်း အပြန်အလှန် ဂိုးသွင်းပြီး သရေဆက်ကျနေပါက အဝေးဂိုး စည်းမျဉ်းဖြင့် ဧည့်သည်အသင်းအား အနိုင်ပေးမည်ဖြစ်ကြောင်း သိရသည်။ ၂၀၀၄ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သည့် မြန်မာအသင်းသည် စင်ကာပူအသင်းနှင့် တွေ့ဆုံခဲ့ပြီး ပထမအကျော့က (၃-၄) ဂိုးဖြင့် အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယအကျော့ အဝေးကွင်းတွင် (၂-၁) ဂိုးဖြင့် ပြန် နိုင်ခဲ့သည်။ နှစ်ကျော့ပေါင်းရလဒ် ငါးဂိုးစီ တူညီခဲ့ပြီး အဝေးဂိုးစည်းမျဉ်း ကျင့်သုံးခြင်း မရှိသေးသောကြောင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရသည်။ သို့သော် မြန်မာအသင်းသည် ပွဲချိန်အတွင်း ကစားသမားသုံးဦး အထုတ်ခံရသောကြောင့် အချိန်ပိုတွင် စင်ကာပူကို ယှဉ်ကစားနိုင်ခြင်း မရှိဘဲ သုံးဂိုး ထပ်ပေးရကာ နှစ်ကျော့ပေါင်း (၈-၅) ဂိုးဖြင့် ရှုံးနိမ့်ကာ ဗိုလ် လုပွဲနှင့် လွဲချော်ခဲ့သည်။ ၂၀၁၆ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် မြန်မာနှင့် လက်ရှိချန်ပီယံ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်အသင်း တွေ့ဆုံနေပြီး ဒီဇင်ဘာ ၃၊ ၄ ရက်တွင် ပထမ အကျော့ပွဲစဉ်များ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
Source : http://ift.tt/2fKKcNo
via IFTTT
Source : http://ift.tt/2fKKcNo
via IFTTT
Eleven Broadcasting
ကွာရှင်းထားသော မိန်းမကို ဓါးဖြင့်ထိုးပြီး ကိုယ့်ကိုယ်ကိုယ် ဓါးဖြင့်ထိုးမှု စစ်တွေမြို့၌ ဖြစ်ပွား(ရုပ်သံ) စစ်တွေမြို့တွင် ကွာရှင်းထားသော မိန့်မအားဓါးဖြင့်ထိုးကာ ကိုယ့်ကိုကိုယ်ဓါးနဲ့ထိုးမှု တစ်ရပ် နို၀င်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းက စစ်တွေမြို့မှာဖြစ်ပွားခဲ့ပါတယ်။
Source : http://ift.tt/2fBwtgD
via IFTTT
Source : http://ift.tt/2fBwtgD
via IFTTT
အဆိုတော် လေးဖြူရဲ့ Single Song ဒီဇင်ဘာပထမပတ်မှာ ဖြန့်ချိမည် ရော့ခ်ဂီတအဆိုရှင် လေးဖြူရဲ့ “ပထမနိုင်ငံတော်”(The First Emperor Myanmar) လို့ အမည်ပေးထားတဲ့ Single Song ကို လာမယ့် ဒီဇင်ဘာ ပထမပတ်အတွင်းမှာ အွန်လိုင်းကနေ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ ဒီ သီချင်းကတော့ သြဂုတ်လအတွင်း လှုပ်ခဲ့တဲ့ ငလျင်ကြောင့် ပုဂံရှိ ရှေးဟောင်းစေတီပုထိုးများ ပျက်ဆီး ဆုံးရှုံးခဲ့ရခြင်းအတွက် ရေးစပ်သီဆိုထားခြင်းဖြစ်ပြီး သီချင်းရောင်းရသမျှငွေကြေးအားလုံးကို ပုဂံရှိစေတီပုထိုးများ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းအတွက် လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီသီချင်းကို ဖန်တီးသူတွေကတော့ စာသားကို ဒီဇိုင်နာမျိုးဆွေသန်းက ရေးသားပေးထားတာဖြစ်ပြီး အဆိုရှင် လေးဖြူက သံစဉ်ဖန်တီးကာ သီဆိုထားခြင်းဖြစ်ပါတယ်။ သီချင်းနဲ့ပတ်သက်လို့ “ဒီသီချင်းလေးကို ပါဝင်ဖန်တီးကြတဲ့သက်ဆိုင်သူအားလုံးက ခင်ဗျားတို့ကို ကိုယ်စားပြုတယ်လို့ ကျွန်တော်အာမခံနိုင်သလို၊ ဒီဆုံမှတ်လေးက ပုံဂံကို တန်ဖိုးထားသူ၊ ချစ်ခင်သူများရဲ့ အသံပါလို့ ရဲရဲအာမခံပြီး နှလုံးသားကလာတဲ့အတိုင်းဖြစ်ကြောင်းနဲ့ ဦးလေးဖြူရဲ့ အသံက ခင်ဗျားတို့ အသံရဲ့ ကိုယ်စားဖြစ်ပါတယ်လို့ အသိပေးအပ်ပါတယ်” လို့ ဒီဇိုင်နာမျိုးဆွေသန်းက သူရဲ့ ဖေ့စ်ဘုတ်မှာရေးသားထားတာ တွေ့ရပါတယ်။ “ပထမနိုင်ငံတော်” သီချင်းကို မြန်မာငွေကျပ် ၃၀၀ နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး Myanmar Music Store မှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ၂၀၁၇ ဇန်နဝါရီလမှာတော့ MTV Track အနေနဲ့ ပုဂံအကြောင်း သိမှတ်ဖွယ်ရာ Documentary Track တို့ကို DVD အဖြစ် ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Source : https://goo.gl/oKhQu3
via IFTTT
Source : https://goo.gl/oKhQu3
via IFTTT
ကျနော်တို့ရဲ့ အဓိက မျှော်မှန်းချက်ဟာ ၂၀၂၀ ပါ 30 November 2016 ရခိုင် အမျိုးသား ပါတီ (ANP)ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်သည် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ် အမ်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင် ယဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရသည်။ ရခိုင်ပြည်နယ်၌ လစ်လပ် မဲဆန္ဒနယ် နေရာ တနေရာသာ ရှိသည်။ အမ်း မဲဆန္ဒနယ်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) ၏ အမာခံနယ်မြေနှင့် စစ်တပ်နယ်မြေ တခုလည်းဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေးပါတီက ကွင်းလုံးကျွတ် အနိုင်ရခဲ့ပြီး ၂၀၁၅ တွင်လည်း ၂ နေရာ အနိုင်ရထားသည့် မဲဆန္ဒ နယ်လည်း ဖြစ်သည်။ အမ်း မဲဆန္ဒနယ်၌ ၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီ ကလည်း ဝင်ရောက်ယဉ်ပြိုင်ခဲ့ပြီး လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း ယဉ်ပြိုင်မည်ဖြစ်သည်။ ANP ပါတီ၊ NLD နှင့် ကြံ့ခိုင်ရေး ပါတီတို့သည် အမ်း မဲဆန္ဒနယ်၌ အကြိတ်အနယ် ယဉ်ပြိုင်ရဖွယ်ရှိသည်။ ယင်း အခြေအနေများနှင့် ပတ်သက်ပြီး ထိုမဲဆန္ဒနယ်မြေ၌ ပါဝင်ယဉ်ပြိုင်ရန် အဆိုပြုခံထားရသူ ANP ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကို ဧရာဝတီ သတင်းထောက် ခင်ဦးသာ က ဆက်သွယ် မေးမြန်းထားပါသည်။ မေး။ ။ ၂၀၁၇ ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဆရာ့ကို ပါဝင်ယဉ်ပြိုင်ဖို့ ပါတီက ရွေးချယ်ထားတယ်လို့ သိရတယ်။ ဆရာကလည်းပဲ ယဉ်ပြိုင်ဖို့ ဆန္ဒရှိတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်မှာ လစ်လပ်တဲ့ နေရာကလည်း တနေရာပဲ ရှိတဲ့အတွက် ဘာကြောင့် ဝင်ပြိုင်ဖို့ ပြင်ဆင်ရတာပါလဲ။ ဖြေ။ ။ ကြားဖြတ် ရွေးကောက်ပွဲကို ANP ပါတီ အနေနဲ့ ဝင်ပြိုင်ဖို့ ကြိုးပမ်းတဲ့နေရာမှာ အပိုင်း နှစ်ပိုင်းရှိပါတယ်။ တပိုင်းက ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုပါ။ နောက်တပိုင်းကတော့ ၂၀၁၅ ရွေးကောက်ပွဲရဲ့ အခင်း အကျင်း ကို ပြန်လည် သုံးသပ်တဲ့ အပိုင်းပေါ့။ ၂၀၁၅ အခင်းအကျင်းကို ပြန်ကြည့်တဲ့အခါမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) က တနိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်သွားတာပေါ့။ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အရ ဒီမိုကရေစီ အခင်းအကျင်းနဲ့ ပြည်ထောင်စုကြီးကို တိုင်းရင်းသားပါတီတွေနဲ့ အတူပူးပေါင်း ပြီး သွားမလားဆိုပြီးတော့ ကျနော်တို့ မျှော်လင့်ခဲ့ကြတယ်။ ဒါပေမယ့် အဲဒီအတိုင်းဖြစ်မလာခဲ့ပါဘူး။ အဲဒါကြောင့် ကျနော် တို့ က ၂၀၂၀ ကိုပိုပြီးတော့ အလေးထားတယ်။ ဒါကြောင့် ၂၀၁၇ မှာကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲသည် ၂၀၂၀ အတွက် အရေးပါနေတယ်။ ပါဝင် ယဉ်ပြိုင်သင့် တယ်လို့ အခြေခံအားဖြင့် ယူဆထားပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲဟာ ၂၀၂၀ အလွန်မှာဖြစ်လာမယ့် ညွန့်ပေါင်း အစိုးရအတွက် အခြေခံအားစမ်းပွဲ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ အမျိုးသား ပြည်နယ်တိုင်းမှာ လူထုထောက်ခံတဲ့ အမျိုးသားပါတီတိုင်းဟာ အာရုံစိုက်လာရတာပေါ့။ ၂၀၂၀ မှာ တိုင်းရင်းသား ပါတီတွေနဲ့ ပြည်မမှာ ဗဟိုပြုတဲ့ ပါတီကြီးတွေနဲ့ပေါင်းပြီးတော့ ညွန့်ပေါင်းအစိုးရများ ဖွဲ့နိုင် မလားလို့ မျှော်မှန်းထားပါတယ်။ အဲဒါကြောင့် ရခိုင်မှာပဲ ဖြစ်ဖြစ်၊ ရှမ်းမှာပဲ ဖြစ်ဖြစ် မိမိတို့ အမျိုးသား ပါတီတွေဟာ မိမိတို့ပြည်နယ်မှာ နိုင်ကိုနိုင်ရမယ်ဆိုတဲ့ မျှော်မှန်းချက် ထားပါတယ်။ နိုင်အောင်လည်းပဲ လူထုကို စည်းရုံးနိုင်ရမယ်။ ကျနော်တို့ အနေနဲ့လည်းပဲ ရခိုင်ပြည်မှာရှိတဲ့ ၁၇ မြို့နယ်စလုံးကို ဘယ်မြို့ကိုမှ ချန်မထားဘဲ အားလုံးကိုစည်းရုံးနိုင်ရမယ်၊ နိုင်ဖို့လည်း လိုအပ်တယ်။ မေး။ ။ အမ်းမြို့နယ်ဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရုံးစိုက်တဲ့ စစ်တပ်နယ်မြေ ဖြစ်တာရယ်၊ ကြံ့ခိုင်ရေးပါတီရဲ့ အမာခံ နယ်မြေတခုလည်း ဖြစ်တဲ့အပြင် ဆရာကလည်းပဲ၂၀၁၅ ရွေးကောက်ပွဲမှာ မာန်အောင်မဲဆန္ဒနယ်က ပါဝင် ယဉ်ပြိုင် ခဲ့ပေမယ့် အနိုင်မရခဲ့ပါဘူး။ ဒါကြောင့် အမ်းမြို့နယ်မှာလည်းပဲ အနိုင်ရနိုင်ခြေ နည်းတယ်လို့ ဝေဖန်သုံးသပ်နေကြတာတွေ ရှိပါတယ်။ အဲဒီလိုနယ်မြေမှာ မြို့ခံတွေက ဝင်မပြိုင်ကြဘဲ ဆရာကိုယ်တိုင် ဘာကြောင့် ဝင်ပြိုင်ရတာပါလဲ။ ဖြေ။ ။ စောစောက ကျနော်ဖြေတဲ့အထဲမှာ အဲဒါတွေ ပါပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲဟာ ၂၀၂၀ အတွက် အလွန် အရေးကြီးတယ်။ ဒါကြောင့် နိုင်ဖို့လိုအပ်တယ်။ နိုင်ဖို့ လိုအပ်တဲ့အခါမှာ လူထုထောက်ခံတဲ့၊ သက်ဆိုင်ရာမြို့နယ်က ပါတီ ဝင်တွေ၊ ဒေသခံတွေက ထောက်ခံတဲ့သူ၊ လူထုကို ကိုယ်စားပြုနိုင်တဲ့သူ ဖြစ်ဖို့ လိုအပ်ပါတယ်။ နောက်တခုက ကိုယ်စားလှယ်လောင်း မရွေးခင် ပါတီရဲ့ အတွင်းရေးမှူး ဖြစ်တဲ့ ဦးထွန်းအောင်ကျော် ဦးဆောင်ပြီးတော့ ဒေသခံ ပါတီဝင်တွေ၊ ပြည်သူလူထုတွေရဲ့ ဆန္ဒသဘောထားကို ရယူလေ့လာပြီးမှ ဒေသခံတွေက ဆန္ဒပြုသူကိုရွေးချယ်ဖို့ လုပ်ဆောင်ကြတာပါ။ အလားတူပဲ ဒေသခံ ပါတီဝင်တွေအပြင် သက်ဆိုင်ရာဒေသက လူမှုအဖွဲ့အစည်းတွေ၊ အရပ်ဘက် အဖွဲ့က ပုဂ္ဂိုလ်တွေ၊ တခြား ပြင်ပကလူတွေရဲ့ အသံတွေကိုပါ ရယူပါတယ်။ ပြီးတော့ အားလုံးက ဆန္ဒပြုတဲ့ ကိုယ်စားလှယ်လောင်းကိုပဲ ရွေးချယ် ဖို့ စီစဉ်ခဲ့ကြတာပါ။ ပြိုင်ဘက်တွေရဲ့ အနေအထား၊ ဒေသရဲ့ အခြေအနေအရပ်ရပ်ကို လေ့လာပြီးမှ လုပ်ဆောင်ကြတာပါ။ အဲဒီတော့ အများစု က ကျနော့်ကိုပဲ ပါဝင်ယဉ်ပြိုင်ဖို့ ဆန္ဒပြုကြတယ်လို့ သိရတယ်။ ဒါဟာလည်းပဲ အတည်တော့ မပြုရသေးပါဘူး။ ဒီရက်ပိုင်းမှာပဲ ပါတီဌာနချုပ်က ကြေညာချက် ထုတ်ပြန်ဖို့ ရှိပါတယ်။ အဲဒီ အခါမှပဲ အတည်ဖြစ်ပြီလို့ ပြောလို့ရမှာပေါ့။ ဝင်ပြိုင်ရတဲ့ အကြောင်းရင်းကိုလည်းပဲ ကြေညာချက်မှာ ဖော်ပြပါလိမ့်မယ်။ မေး။ ။ အမ်းမဲဆန္ဒနယ်ဟာ စစ်တပ်နယ်မြေ၊ ကြံ့ခိုင်ရေးရဲ့ အမာခံနယ်မြေ၊ ကြံံ့ခိုင်ရေးက အနိုင်ရတဲ့ အစဉ်အလာရှိတော့ ANP ပါတီရဲ့ ဥက္ကဋ္ဌ ကိုယ်တိုင် ပါဝင် မပြိုင်သင့်ဘူး၊ ဒေသခံဖြစ်သူ ကိုယ်စားလှယ် တဦးဦးကိုပဲ ဝင်ပြိုင်စေချင်တယ် ဆိုတဲ့ သဘောထားတွေ တွေ့ရတယ်။ တကယ်လို့ ပါတီဥက္ကဋ္ဌ ကိုယ်တိုင်ပြိုင်ပြီး မနိုင်ခဲ့ရင် ဆိုတဲ့ စိုးရိမ်မှု တချို့ကိုလည်း ANP ကို ထောက်ခံသူတွေက စိုးရိမ်နေကြတာလည်း တွေ့ရတယ်။ အဲဒီအပေါ်မှာ ဆရာ့ရဲ့ အမြင်ကို သိပါရစေ။ ဖြေ။ ။ အဲဒီလို အကြောင်းကြောင်းတွေကြောင့်ပဲ အမ်းမဲဆန္ဒနယ်ဟာ အရေးပါတယ်၊ ရှုံးနိုင်မယ်ထင်ရင် အဲဒီလို နေရာမျိုး မှာ ဘယ်ဝင်ပြိုင်မလဲ။ အရေးကြီးနေရာမှာ ပါဝင်ယဉ်ပြိုင်မယ့် ဇာတ်ကောင်ဟာ အရေးကြီးတယ်။ နောက်တခုက ကြံ့ခိုင်ရေး က အနိုင်ရတဲ့နယ်မြေ ဖြစ်နေတာရယ်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် တွေမှာလည်းပဲ NLD က ကြီးစိုး ထားလို့ ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူးဆိုပြီး တင်ပြကြတာတွေလည်း ရှိပါတယ်။ လွှတ်တော်ထဲမှာ NLD က လွှမ်းမိုးထားလို့ အတိုက်အခံဘာမှ လုပ်လို့မရတော့ဘူး ဆိုတဲ့ အားငယ်နေတာတွေလည်း တွေ့ရ တယ်။ အဲဒီတော့ ၂၀၂၀ မှာ အင်အားကောင်းဖို့ မလိုအပ်ဘူးလား။ ၂၀၂၀ အတွက်ကို အလေးထားပြီး လုပ်ရ တော့မယ့် အချိန်ပါ။ အဲဒီတော့ ၂၀၂၀ မှာ ခိုင်ခိုင်မာမာ ဖြစ်လာနိုင်ဖို့အတွက် ဆိုရင် ၄ နှစ်လောက် လုပ်နိုင်သေးတယ်။ ဒီကြားထဲမှာ လူထုကိုစည်းရုံး ဆွဲဆောင်နိုင်ဖို့ လိုအပ်တယ်။ အဲဒီအတွက် ကျနော်တို့ပါတီမှာ မျှော်မှန်းချက် ရှိပါတယ်။ ကျနော်တို့ရဲ့ အဓိကမျှော်မှန်းချက်ဟာ ၂၀၂၀ ပါ။ အဲဒီတော့ ၂၀၂၀ မှာ နိုင်ဖို့အတွက် အခုကတည်းက လူထုကို စည်းရုံး ထားနိုင်ဖို့ လိုတယ်။ အဲဒါကြောင့် ကျနော်တို့မှာ ရခိုင်ပြည်ရဲ့ ၁၇ မြို့နယ်စလုံးမှာ လူထုကိုစည်းရုံးနိုင်ရမယ်။ နိုင်ဖို့လိုတယ်။ မာန်အောင်မှာ ခဏတာရှုံးခြင်းသည် ရှုံးခြင်းမဟုတ်ပါ။ လူထုက ကျနော်တို့ပါတီရဲ့ သဘောထား ရပ်တည်ချက်ကို မသိ သေးလို့ ခဏတာရှုံးတာပါ။ ပါတီရဲ့ သဘောထား ရပ်တည်ချက်ကို လူထုကို သေချာမရှင်းပြနိုင်လို့ပဲ ဖြစ်တာပါ။ ဒါကြောင့် မြို့နယ်တိုင်းကို စည်းရုံးနိုင်မှသာ ၂၀၂၀ ကိုကျနော်တို့ နိုင်မှာပါ။ နိုင်အောင်လည်း စည်းရုံးရပါမယ်။ NLD ကပဲ နိုင်နိုင်၊ ကြံ့ခိုင်ရေးကပဲ နိုင်နိုင် ပြည်ထောင်စုစနစ် မဖြစ်နိုင်ပါ။ ဒါကြောင့် တိုင်းရင်းသား ပါတီတွေက သက်ဆိုင် ရာ နယ်မြေ အသီးသီးမှာ အနိုင်ရမှပဲ ပြည်ထောင်စုစနစ် တည်ဆောက်လို့ရမှာပါ။ အဲဒီလို နိုင်ဖို့အတွက်ဆိုရင် ဘယ်လို ဇာတ်ကောင်မျိုးကို လူထုက ကြိုက်လဲ ဆိုတာက အရေးကြီးတယ်။ တကယ်လို့ ANP အနေနဲ့ အခုချိန်မှာ ရခိုင်လူထုရဲ့ ရင်ထဲကိုစူးစူးရှရှ ရောက်သွားနိုင်မယ့် စည်းရုံးမှုမျိုး မလုပ်နိုင်ဘူးဆိုရင် ၂၀၂၀ မှာကျနော်တို့ ရှုံးသွားလိမ့်မယ်။ ။
Source : https://goo.gl/BxEyqX
via IFTTT
Source : https://goo.gl/BxEyqX
via IFTTT
MOI Webportal Myanmar
၂ဝ၁၆ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲ အောင်မြင်စွာ ကျင်းပပြီးစီး နေပြည်တော် နိုဝင်ဘာ ၂၉ ယခုအကြိမ်ကျင်းပသည့် ၂ဝ၁၆ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာ ပြပွဲ တွင် ကျောက်မျက်အတွဲ စုစုပေါင်း ၄၄ တွဲနှင့် ကျောက်စိမ်းအတွဲ စုစုပေါင်း ၄ဝ၄၁ တွဲကို အိတ်ဖွင့်တင်ဒါစနစ်၊ ဈေးပြိုင် စနစ်များဖြင့် ရောင်း ချနိုင်ခဲ့ သည်။ ယခု ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာ ၂ဝ ရက်မှ ၂၉ ရက်အထိ ၁ဝ ရက်ကြာ ကျင်းပခဲ့ပြီး ပြပွဲနောက်ဆုံးနေ့ တွင် ပြည်တွင်း ပြည်ပမှ ရတနာ ကုန် သည် များသည် မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်း၌ ဈေးပြိုင် စနစ်ဖြင့် ရောင်းချ ရန် ခင်းကျင်းပြသထားသည့် ကျောက်စိမ်း အတွဲများကို စိတ်ကြိုက်လွတ်လပ်စွာ လှည့်လည်ကြည့်ရှုကြပြီး မိမိတို့ ကြိုက် နှစ်သက် ရာ ကျောက်စိမ်းအတွဲများကို ဈေးပြိုင်စနစ်ဖြင့် အပြိုင်ဝယ် ယူကြရာ ပြပွဲ ဗဟိုကော်မတီ အဖွဲ့ဝင်များနှင့် တာဝန် ရှိသူများက လိုက်လံကြီးကြပ်၍ လိုအပ် သည်များကို ကူညီဆောင်ရွက်ပေးကြ သည်။ ယနေ့တွင် အခြေခံဈေး ယူရိုငွေ ၂ဝဝဝဝ၁ နှင့်အထက် တန်ဖိုးသတ်မှတ် ထားသည့် အတွဲအမှတ် ၅၉၅၈ မှ အတွဲ အမှတ် ၅၉၈၈ တွဲအထိ စုစုပေါင်း ကျောက်စိမ်း အတွဲ ၃၁ တွဲကို ဈေးပြိုင် စနစ်ဖြင့် နံနက် ၈နာရီမှ စတင်၍ ထပ်မံ ရောင်းချပေးခဲ့ပြီး ညနေ ၅နာရီခွဲတွင် ၂ဝ၁၆ ခုနှစ် မြန်မာ့နှစ်လယ်ကျောက်မျက် ရတနာပြပွဲ အောင်မြင်စွာကျင်းပ ပြီးစီးခဲ့ သည်။ ယခုကျင်းပသည့် ၂ဝ၁၆ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကို နိုဝင်ဘာ ၂ဝ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့ပြီး နိုဝင်ဘာ ၂၂ ရက် တွင် ကျောက်မျက်အတွဲ ၃ဝ၇ တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် လည်းကောင်း၊ ကျောက် မျက်အတွဲ ၁၃၂ တွဲကို ဈေးပြိုင် စနစ် ဖြင့် လည်းကောင်း စုစုပေါင်းကျောက်မျက် အတွဲ ၄၃၉ တွဲကို ရောင်းချပေး ခဲ့ပြီး နိုဝင် ဘာ ၂၃ ရက်မှ ၂၇ ရက်အထိ အခြေခံဈေး ယူရိုငွေ ၄ဝဝဝ မှ ၂ဝဝဝဝဝ အထိ တန်ဖိုး သတ်မှတ်ထား သည့် ကျောက်စိမ်းအတွဲ များနှင့် အခြေခံဈေး ယူရိုငွေ ၁ဝဝဝ မှ ၂ဝဝဝဝဝ အထိ တန်ဖိုးသတ်မှတ်ထား သည့် ကျောက်စိမ်းအတွဲ ၅၉၂၂ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လည်းကောင်း ရောင်းချပေးခဲ့သည်။ ထို့အတူ နိုဝင်ဘာ ၂၈ ရက်တွင် အခြေခံဈေး ယူရိုငွေ ၂ဝဝဝဝ၁ နှင့် အထက် တန်ဖိုးသတ်မှတ်ထားသည့် ကျောက်စိမ်းအတွဲ ၃၅ တွဲနှင့် နိုဝင်ဘာ ၂၉ ရက်တွင် ကျောက်စိမ်းအတွဲ ၃၁ တွဲ တို့ကို ဈေးပြိုင် စနစ်ဖြင့် ရောင်း ချပေးခဲ့ ကြောင်း သိရသည်။ (သတင်းစဉ်)
Source : http://ift.tt/2fAW4X1
via IFTTT
Source : http://ift.tt/2fAW4X1
via IFTTT
ကိုလံဘီယာ လေယာဉ်ပျက်မှုမှာ လူ ၇၁ ဦး သေဆုံးဟု အာဏာပိုင်များ ပြော
ကိုလံဘီယာနိုင်ငံ မက်ဒီလင်းမြို့ အနောက်မြောက်ပိုင်း လေဆိပ်အနီးမှာ ဘရာဇီးဘောလုံးကလပ် ရှာပါကွင်းစ်အသင်းရဲ့ စီးလုံးဌား လေယာဥ်ပျက်ကျသွားခဲ့ချိန်မှာ လူ ၇၁ ဦး (၇၅ ဦးမဟုတ်) သေဆုံးခဲ့တယ်လို့ အာဏာပိုင်များက အင်္ဂါနေ့က ပြောပါတယ်။ "ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးသွားပြီဖြစ်ပါတယ်။"လို့ ကိုလံဘီယာ အရေးပေါ်-စီမံခန့်ခွဲမှု ဒါရိုက်တာ ကားလို့စ်အိုင်ဗင် မားကက်ဇ်က မက်ဒီလင်းရှိ သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။ "လေယာဥ်ပျက်ကျမှုကြောင့် ခရီးသည် ၇၇ ဦးထဲက လူ ၆ ဦး ဒဏ်ရာရရှိပြီး ၇၁ ဦး သေဆုံးခဲ့ပါတယ်။"လို့ သူက ပြောပါတယ်။ ဗြိတိန်ထုတ် RJ85 ဂျက်လေယာဥ်ဟာ ခရီးသည် ၈၁ ဦး သယ်ဆောင်လာတယ်လို့ ကနဦးပိုင်းကအာဏာပိုင်တွေ ပြောဆိုပေမယ့် နောက်ပိုင်းမှာ ၄ ဦးမှာ ခရီးသည် စာရင်းမှာ မရှိကြောင်း သိခဲ့ရပါတယ်။ အဆိုပါလေယာဥ်ဟာ ရှာပါကွင်းစ်အသင်း ကစားသမားများ၊ အမှုဆောင်အရာရှိများ၊ နည်းပြများနှင့် အထူးဧည့်သည်များနှင့်အတူ တခြားဝန်ထမ်းများ၊ သတင်းထောက်များနှင့် လေယာဥ်ဝန်ထမ်း ၉ ဦးတို့ကို တင်ဆောင်လာတာဖြစ်ပါတယ်။ လေယာဥ်ဟာ လေဆိပ်မှ ကီလိုမီတာ ၁၇ (၁ဝ မိုင်) ခန့်အကွာမှာ တနင်္လာနေ့ ဒေသစံတော်ချိန် ည ၁ဝ နာရီဝန်းကျင်က ပျက်ကျခဲ့တာဖြစ်ပါတယ်။ ရှာပါကွင်းစ်အသင်းဟာ တောင်အမေရိကဖလား (ကိုပါအမေရိကဖလား) ဗိုလ်လုပွဲ ပထမအကျော့ အဝေးကွင်းပွဲအဖြစ် ကိုလံဘီယာကလပ် အက်သလက်တီကို နာစီယွန်နယ်အသင်းနှင့် ကစားဖို့ ခရီးနှင်လာခဲ့ကြတာဖြစ်ပါတယ်။ ကိုလံဘီယာပြည်တွင်း လေကြောင်းသယ်ယူပို့ဆောင်ရေးအေဂျင်စီ Aerocivil အရ အသက်ရှင် ကျန်ရစ်သူတွေမှာ ကစားသမားတွေဖြစ်တဲ့ အလန် ရုရှယ်၊ ဂျက်ဆန် ဖော်မန်းနှင့် Helio Hermito Zampier Neto၊ လေယာဥ်ခရီးစဥ်လိုက်ပါလာသူ Ximena Suarez၊ လေယာဥ်စက်ပညာရှင် Erwin Tumiri နှင့် သတင်းထောက် Rafael Valmorbida တို့ဖြစ်တယ်လို့ သိရပါတယ်။ လေယာဥ်ရဲ့ black box နှစ်ခုစလုံးကို မချွတ်မယွင်းပဲ ပြန်လည်တွေ့ရှိခဲ့တယ်လို့ Aerocivil ရဲ့ အကြီးအကဲ Alfredo Bocanegra က အင်္ဂါနေ့မွန်းလွဲပိုင်းက ဆိုပါတယ်။ "လေယာဥ်မှူး အခန်းရှိ အသံနှင့် အသံဖမ်းစက်များဟာ "ကောင်းမွန်တဲ့ အခြေအနေမှာ"ရှိနေတယ်လို့ သူက တွစ်တာမှာ ရေးသားထားပါတယ်။ အဆိုပါ လေယာဥ်ပျက်မှုဟာ ရာသီဥတုဆိုးရွားတဲ့ အခြေအနေမှာ မတော်တဆမှုဖြစ်ပွားခဲ့ရတာလို့ ကိုလံဘီယာအရရှိတွေရဲ့ ပြောကြားချက်ကို CNN က ဖော်ပြထားပါတယ်။
Source : http://ift.tt/2guZ9ok
via IFTTT
Source : http://ift.tt/2guZ9ok
via IFTTT
Tuesday, November 29, 2016
YBPC ကုမ္ပဏီ၏စာချုပ်ချုပ်ဆိုချက်များကို အလုပ်သမား၀န်ကြီးဌာနနှင့် ညှိနှိုင်းမည်ဟုဆို ရန်ကုန်၊နို၀င်ဘာ ၂၉ ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီ YBPC နှင့်စာချုပ်ချုပ်ဆိုရန် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ပတ်သက်ပြီး မျှတမှု ရှိ၊မရှိ အလုပ်သမား၊လူ၀င်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနနှင့် ညှိနှိုင်းမည် ဖြစ်ကြောင်း BRT-Lite ယာဉ်မောင်းများထံမှ သိရသည်။ “ယာဉ်မောင်းတွေ တောင်းဆိုထားတဲ့အချက်နဲ့ပတ်သက်ပြီး ဆွေးနွေးနေဆဲပါ။ကုမ္ပဏီဘက်က အတည်ပြုချက် မရသေးဘူး။ဘာလုပ်ပေးမယ်ဆိုတဲ့ တရား၀င်စာ တိတိကျကျ မထွက်လာသေးဘူး။ချုပ်ဆိုထားတဲ့ စာချုပ်နဲ့ပတ်သက်ပြီး အလုပ်သမား၀န်ကြီးဌာနကို သွားပြီး တိုင်ပင်မှာ ဖြစ်တယ်”ဟု BRT-Lite ယာဉ်မောင်း တစ်ဦးက ဆိုသည်။ လက်ရှိ ယာဉ်မောင်းများ၏ ခံစားခွင့် အခွင့်အရေးများ တောင်းဆိုထားသည့်အချက် လေးချက်ထဲမှ တစ်ချက် ဖြစ်သည့် အများပြည်သူ ရုံးပိတ်ရက်တွင် အလုပ်ဆင်းသည့် ယာဉ်မောင်းများကို လုပ်အားခ အပိုဆုကြေးငွေ ပေးဆောင်မည်ဟု တရား၀င် စာထုတ်ပြန်ကြောင်း BRT-Lite ယာဉ်မောင်းများက ပြောကြားသည်။ “ပြီးခဲ့တဲ့ အမျိုးသားနေ့ကစပြီး လုပ်အားခ အပိုဆုငွေရတယ်။အရင် လတွေတုန်းက တစ်ခါမှ မရခဲ့ဘူး”ဟု BRT-Lite ယာဉ်လိုင်းတွင် ခုနစ်လခန့် မောင်းနှင်မှု သက်တမ်းရှိသည့် ယာဉ်မောင်းတစ်ဦးက ဆိုသည်။ ယာဉ်မောင်းများအနေနှင့် အာမခံပေးဆောင်ခြင်း၊ အချိန်ပိုင်း လုပ်အားခ အတိကျပေးဆောင်ခြင်း၊ ကျန်းမာရေးအတွက် လိုအပ်သည်များ ကုသပေးခြင်းနှင့် ၀န်ထမ်းများထဲတွင် ပြစ်မှုတစ်စုံတစ်ခု ရှိပါက ဥပဒေဘောင်အတွင်းမှ တရားမျှတစွာ ဆောင်ရွက်ခြင်းများကို အောက်တိုဘာလကတည်းက တောင်းဆိုခဲ့ပြီး ဒုတိယအကြိမ် နို၀င်ဘာလ ၁၄ရက်က ထပ်မံ တောင်းဆိုထားခြင်းဖြစ်သည်။ ကုမ္ပဏီအနေနှင့် ၀န်ထမ်းများကို စနစ်ကောင်း တစ်ခုဖြင့် ရပိုင်ခွင့်များကို အပြည့်အ၀ ပေးထားခြင်းဖြစ်ပြီး တောင်းဆိုထားသည့် အချို့သည် စာချုပ်တွင် မပါခြင်းနှင့် လိုက်လျော်ပြီးသား အချက်များဖြစ်၍ အထူးလိုက်လျောပေးရန် မလိုအပ်ကြောင်း ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ YBPC ဥက္ကဌ ဒေါက်တာမောင်အောင်က ပြောကြားသည်။ “တချို့အချက်တွေက စာချုပ်မှာပါတဲ့ အချက် မဟုတ်ဘူး။အာမခံကြေး ပေးဖို့ဆိုတာကလည်း လုပ်ပေးနေတဲ့ အရာပါပဲ။အခွင့်အရေးကို ရသမျှ လိုချင်နေလို့ မဖြစ်ဘူးလေ” ဟု ၎င်းက ဆိုသည်။ ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ YBPC သည် ဖေဖော်၀ါရီလ ၇ရက်တွင် စတင်ပြေးဆွဲခဲ့ပြီး ယာဉ်မောင်း ၇၀ ကျော်ဖြင့် ခရီးစဉ်လမ်းကြောင်း သုံးခုကို ပို့ဆောင်လျက်ရှိသည်။
Source : https://goo.gl/xX3CI0
via IFTTT
Source : https://goo.gl/xX3CI0
via IFTTT
ရန်ကုန်ဆေးရုံကြီးတွင် လူနာစောင့် ဟန်ဆောင်၍ ခိုးမှုကျူးလွန်သော အမျိုးသားကို ဖမ်းမိ ရန်ကုန် နိုဝင်ဘာ ၂၉ ရန်ကုန်ဆေးရုံကြီးတွင် လူနာစောင့် ဟန်ဆောင်၍ လူနာများထံမှ ပစ္စည်းနှင့်ငွေများလိုက်လံ ခိုးယူ နေသော အမျိုးသားတစ် ဦးကို နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၂နာရီခန့်က လုံခြုံရေးကင်မရာမှတဆင့် ရဲတပ်ဖွဲ့ဖြင့် ပူးပေါင်းဖမ်းမိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ခိုးယူမှု ကျူးလွန်သူမှာ သုံးခွမြို့နယ် နေထိုင်သူသော အသက် ၃၅နှစ် အရွယ်ရှိ ဦးမျိုးမင်းဦးဆိုသူဖြစ်ပြီး ယင်းညက ဆေးရုံကြီး အဆောင်အမှတ် ၅/၆ရှိ အမျိုးသမီး လူနာတစ်ဦးမှာ အိပ်ပျော်နေစဉ် ၎င်း၏ ပိုက်ဆံအိတ်ကို လူနာစောင့် အသွင်ချဉ်းကပ်ကာ ခိုးယူနေသည်ကို လုံခြုံရေးကင်မရာများမှ စောင့်ကြည့်နေသော ဆေးရုံကြီးလုံခြံုရေးဆိုင်ရာ အဖွဲ့နှင့် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆေးရုံအုပ် ဒေါက်တာ နေဝင်းသိန်းက ပြောကြားသည်။ "သူက အမြဲတမ်း လူနာစောင့်လိုမျိုး လာရောက် ခိုးယူနေသူပါ။ ကျွန်တော်တို့ သတိထားစောင့်ကြည့်နေတုန်း ဝင်ခိုးလို့ ဖမ်းမိတာပဲ။ အခု ရဲစခန်းကို အပ်လိုက်ပါပြီ" ဟု ၎င်းက ပြောကြားသည်။ ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ တစ်လလျှင် ပစ္စည်းခိုးယူမှု ၆ကြိမ်နှင့် ၁၀ကြိမ်ကြား ပုံမှန်ဖြစ်ပွားနေခြင်းကြောင့် ရန်ကုန်ဆေးရုံကြီး အပါအဝင် ခွဲစိပ်ကုသဆောင် (၅)ဆေးရုံသစ်ကြီးတို့တွင် CCTV ကင်မရာ အလုံး ၂၀၀ ဝန်းကျင်ဖြင့် စောင့်ကြည့် စစ်ဆေးလျက်ရှိရာ ညဉ့်နက်ပိုင်းတွင် လူနာများထံ လက်ကိုင်ဖုန်းနှင့် ပိုက်ဆံများကို အကြိမ်ကြိမ် ခိုးယူလွှတ်မြောက်နေသည့် ၎င်းအမျိုးသားကို ဖမ်းမိခဲ့ဖြစ်ကြောင်း လသာမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။ "ဆေးရုံကြီးက လူနာတွေဆီ အမြဲလိုက်ခိုးနေတာပါ။ သူတို့မှာ အဖွဲ့ပုံစံရှိနိုင်တယ်။ အခုလည်း အခြားကျူးလွန်နိုင်ခဲ့တဲ့ အခြေအနေတွေကို စစ်ဆေးနေတယ်" ဟု ၎င်းရဲအရာရှိ ပြောကြားသည်။ အဆိုပါ ခိုးမှုကျူးလွန်ခဲ့သည့် အမျိုးသားကို လသာမြို့မရဲစခန်းက (ပ) ၂၃၀/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄တို့ဖြင့် အမှုဖွင့် စစ်ဆေးနေ ကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ ယင်းအပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လက်ကိုင်ဖုန်း အပါအဝင် ပစ္စည်းနှင့်ငွေများ ခိုးယူခံရသော ဖြစ်စဉ်များ မြင့်တက်နေခြင်းကြောင့် ဆေးရုံတက်သည့် လူနာများအနေဖြင့် တန်ဖိုးကြီး ပစ္စည်းများနှင့် ပိုက်ဆံတို့ကို အလွယ်တကူ မထားရှိရန် သတိပေးစာများ ထုတ်ထားကြောင်း ထပ်မံသိရှိရသည်။
Source : https://goo.gl/ILiWBJ
via IFTTT
Source : https://goo.gl/ILiWBJ
via IFTTT
MOI Webportal Myanmar
KIA/ TNLA လက်နက်ကိုင်အဖွဲ့မှ မူဆယ်မြို့အား လက်နက်ကြီးဖြင့် ပစ်ခတ်၊ မိုင်းများဖောက်ခွဲ နေပြည်တော် နို၀င်ဘာ ၂၉ မူဆယ်မြို့ ဟိုမွန်နှင့် ကောင်းမှုတုံရပ်ကွက်များတွင် KIA/ TNLA လက်နက်ကိုင် အဖွဲ့မှ ပစ်ခတ်သည့် လက်နက်ကြီး ဗုံးသီးကျရောက်ပေါက်ကွဲခြင်း၊ မိုင်းများ ပေါက်ကွဲ ခြင်းနှင့် အလုပ်ရုံအချို့မှ ဆက်ကြေးကောက်ခံခြင်း များ ဆောင်ရွက် ခဲ့ကြောင်း နိုင်ငံ တော် အတိုင်ပင်ခံ ရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန်ထားသည်။ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက် သစ်တောလမ်းရှိ ထမင်းဆိုင်အနီး လျှိုအတွင်း သို့ နို၀င်ဘာ ၂၈ ရက် ည ၆နာရီ မိနစ် ၄၀ ခန့်က KIA/ TNLA လက်နက်ကိုင် အဖွဲ့မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ပြီး ယင်းနေရာ အနီးတစ်၀ိုက် တွင် လက်လုပ် မိုင်း ၂ လုံးလည်း ဖောက်ခွဲ ထားကြောင်း၊ မူဆယ်မြို့ ကောင်းမှုတုံရပ် ကွက်၊ ဟိုနားရပ် နှင့် စက်မှုကွက် သစ်ကြားတွင် ည ၉နာရီ မိနစ် ၄၀ ခန့်နှင့် စက်မှုလမ်းနှင့် မန့်မိုင်ရွာ အနီးတွင် ည ၁၀ နာရီ မိနစ် ၅၀ ခန့်ကလည်း ပေါက်ကွဲမှု များဖြစ်ပွားခဲ့ ကြောင်း၊ ယင်းပေါက်ကွဲမှုများကြောင့် ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သိရသည်။ KIA/TNLA လက်နက်ကိုင်အဖွဲ့များသည် မူဆယ်မြို့ကောင်းမှုတုံရပ်ကွက် ဟိုနားရပ်နှင့် စက်မှုကွက်သစ်အတွင်းသို့လည်း ၀င်ရောက်ခဲ့ပြီး အလုပ်ရုံအချို့မှ ဆက်ကြေးများ ကောက်ခံကာ ပြန်လည် ထွက်ခွာသွားကြောင်းသိရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့၀င်များက လိုက်လံရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)
Source : http://ift.tt/2fxpxBv
via IFTTT
Source : http://ift.tt/2fxpxBv
via IFTTT
Marga Landmark လုပ်ပိုင်ခွင့်ရမြေနေရာ အစိုးရသစ် ပြန်လိုချင် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က လုပ်ပိုင်ခွင့်ချထားပေးခဲ့သည့် Marga Landmark ကုမ္ပဏီ၏ စီမံကိန်းမြေနေရသစ်သည် ပညာရေး ဝန်ကြီး ဌာန အတွက် အလွန်အကျိုး ရှိသဖြင့် ပြန်လည် လိုချင်ကြောင်း သိရသည်။ Marga Landmark မှ တာဝန်ယူတည်ဆောက်သည့် တပ်မတော်ပိုင် Dagon City 1 ဆောက်လုပ်ရေး စီမံကိန်းကို အများပြည်သူကန့်ကွက်မှုကြောင့် ဖျက်သိမ်းပေးခဲ့ရသည်။ ကုမ္ပဏီကို မြေနေရာအစားထိုးအဖြစ် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်းနှင့် ကံဘဲ့လမ်းထောင့်ရှိ ယခင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနပိုင်လက်အောက်ရှိ အမှတ် ၆ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနပိုင် ၁၇ ဒသမ ၇ ဧကမြေနေရာကို ပေးခဲ့သည့်အတွက် ပြန်လည် ရရှိပါက လက်ရှိ ပညာရေး ဝန်ကြီး ဌာန အတွက် အလွန်အကျိုး ရှိကြောင်း ယင်းဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပြောသည်။ “၁၇ ဒသမ ၇ ဧကလုံး ပြန်လည် ရရှိရင် ပညာရေးအတွက် အကျိုးရှိပါကြောင်းနဲ့ ပြန်လည် ရရှိနိုင်ရန် လွှတ်တော်ကြီးက ကူညီ စောင့်ရှောက် ပေးပါရန် တင်ပြအပ်ပါတယ်”ဟု ဦးဝင်းမော်ထွန်းက ပြောသည်။ ယနေ့ ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ဧရာဝတီတိုင်းဒေသကြီး အမှတ် ၅ မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော် ဦးမောင်မောင်အုန်းက ပွင့်လင်းမြင်သာမှု မရှိဘဲ စွန့်လွှတ်ခဲ့ရသည့် သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနပိုင် ၁၇ ဒသမ ၇ မြေဧကကို သက်ဆိုင်ရာ ဝန်ကြီးဌာနက ပြန်လည် ရယူ၍ ပြည်သူ့ဆန္ဒနှင့်အညီ ဖွံ့ဖြိုးမှု အားနည်းသော တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ ဒဂုံ၊ ဒလနှင့် တွံတေးစသည့် နေရာများသို့ ရွှေ့ပြောင်းကာ စီမံကိန်းနေရာ ချပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ပညာရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားရာတွင် ယင်းစီမံကိန်းကို ပြန်လည် ရယူရန် အစီအစဉ် မရှိကြောင်း၊ သို့ သော် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့က ရန်ကုန်တိုင်းအစိုးရနှင့် Marga Landmark ကုမ္ပဏီကြား ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် ၎င်းကုမ္ပဏီမှ ရယူထားသည့် မြေ ၁၇ ဒသမ ၇ ဧက အနက် ၉ ဧကကို နိုင်ငံတော်သို့ ပြန်လည် ပေးအပ်နိုင်ရန် သုတေသနနှင့် တီထွင် ဆန်းသစ်မှု ဦးစီးဌာနက ပြန်လည် ရရှိရေး ဆောင်ရွက်နေကြောင်း ပြောသည်။ မေးခွန်းမေးမြန်းခဲ့သူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်းကမူ ပညာရေး ဝန်ကြီးဌာန၏ အဖြေကို ကျေနပ်မှု မရှိကြောင်း ဧရာဝတီသို့ ပြောသည်။ “ဝန်ကြီးရဲ့ အဖြေကတော့ သူတတ်နိုင်သလောက် ဖြေတော့ဖြေတယ်။ အန်ကယ့်ရဲ့ မေးခွန်းကို ကျနော်တို့လည်း ခင်ဗျားတို့ပဲ ပြန်အားကိုးပါတယ်ဆိုတဲ့ အဖြေကိုတော့ စိတ်မကောင်း ဖြစ်မိတယ်။ ပညာရေး ဝန်ကြီးဌာနကတောင် အန်ကယ်တို့ကို ပြန်အားကိုးတယ်ဆိုရင် အန်ကယ်တို့က Authorization ဆိုတဲ့ အာဏာ ရှိတာ မဟုတ်ဘူး”ဟု ဦးမောင်မောင်အုန်းက ပြောသည်။ ဒီမိုကရေစီ ဖြစ်စဉ် ချောချောမွေ့မွေ့ ဖြစ်စေရန် ပြည်သူများ အနေဖြင့် အသိပညာ မြင့်ရန် လိုအပ်ပြီး တိုင်းပြည်တွင် သုတေသန ဖွံ့ဖြိုးမှု အားနည်းခဲ့သဖြင့် စည်းမဲ့ကမ်းမဲ့ ဖြစ်ချင်တိုင်း ဖြစ်ခဲ့ရကြောင်း၊ ယခုကဲ့သို့ သုတေသန ဌာနကြီးတခု၏ မြေကို ပုဂ္ဂလိကသို့ ပေးလိုက်ခြင်းသည် နိုင်ငံ၏ အနာဂတ်ကို ရိုက်ချိုးလိုက်ခြင်းဟု မြင်၍ ယခု မေးခွန်းကို မေးမြန်းရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ ယခင် အစိုးရလက်ထက် ရွှေတိဂုံစေတီတော်နှင့် သိဂုၤတ္တရကုန်းတော် ဆက်စပ်နယ်မြေတဝိုက်တွင် အမေရိကန် ဒေါ်လာ သန်း ၃၀၀ တန် Dangon City 1 စီမံကိန်းကို လုပ်ပိုင်ခွင့် ရရှိခဲ့သည့် Marga Landmark ကုမ္ပဏီသည် ပြည်သူလူထု၏ ကန့်ကွက်မှုကို ခံရသဖြင့် ထိုနေရာမှ ဖယ်ရှားပေးခဲ့ရပြီးနောက် ယခင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန (ယခု ပညာရေး ဝန်ကြီးဌာန)ပိုင် ရန်ကင်းမြို့နယ်ရှိ ၃၅ ဒသမ ၃၈၅ ဧကအား အစားပြန်လည် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Source : https://goo.gl/W7tDt8
via IFTTT
Source : https://goo.gl/W7tDt8
via IFTTT
Tachileik News Agency
ကိုလံဘီယာမှာ ဖိုင်နယ်ပွဲကစားဖို့သွားတဲ့ ဘရာဇီးဘောလုံးကလပ်အသင်း Brazil’s Chapecoense Real အဖွဲ့ဝင်တွေ အပါအဝင် ခရီးသည် (၇၂)ဦးပါဝင်တဲ့ လေယာဉ်ဟာ ကိုလံဘီယာနိုင်ငံ မန်ဒဲလင်း နိုင်ငံတကာလေဆိပ်မှာ ပျက်ကျသွားကြောင်း သိရပါတယ်။ အသက်ရှင်ကျန်သူတွေ ရှိနိုင်တယ်လို့တော့ မန်ဒဲလင်းမြို့တော်ဝန်က ပြောကြားထားပါတယ်။ ကိုလံဘီယာနိုင်ငံရဲ့မြို့တော် မန်ဒဲလင်းအနီးမှာ နိုဝင်ဘာလ(၂၈)ရက်နေ့ ဒေသစံတော်ချိန် ညလယ်ပိုင်းက ပျက်ကျသွားတာဖြစ်ပြီး အရေးပေါ်ကယ်ဆယ်ရေးတွေ သွားနေကြပြီဖြစ်တယ်လို့ သိရပါတယ်။ လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ဘိုလီးဗီးယားကနေ ထွက်ခွာလာတဲ့ လေယာဉ်မှာ ဘရာဇီးတောင်ပိုင်းက ဘောလုံးအသင်းဖြစ်တဲ့ Chapecoense အသင်းသားတွေ ဗုဒ္ဓဟူးနေ့ Copa Sudamerica ဖိုင်နယ်ပွဲမှာ Atletico Nacionalနဲ့ ကစားဖို့ လိုက်ပါလာကြတယ်လို့ မန်ဒဲလင်းလေဆိပ်တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။ ဘာသာပြန် - #ဇာနှင်းထိုက်
Source : http://ift.tt/2grACRa
via IFTTT
Source : http://ift.tt/2grACRa
via IFTTT
မော်ရင်ညိုကို ခြောက်ပွဲပယ် ပြစ်ဒဏ်ချမှတ်ရန် ဂရေဟမ်ပူးလ် တိုက်တွန်း၊ မော်ရင်ညိုကြောင့် အိုးလ်ထရက်ဖို့ဒ်၏ ဂုဏ်သိက္ခာ ကျဆင်းလိမ့်မည်ဟု ကီအွန် သတိပေး မန်ချက်စတာ၊ နိုဝင်ဘာ ၂၈ ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်းတစ်ဦး ဖြစ်သည့် ဂရေဟမ်ပူးလ်သည် မန်ယူနည်းပြ မော်ရင်ညို မှတ်လောက်သားလောက် ဖြစ်သွားစေရန်အတွက် ခြောက်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခြင်းဖြင့် အရေးယူသင့်ကြောင်း အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) စည်းကမ်းထိန်းသိမ်းရေး ကော်မတီကို တိုက်တွန်းလိုက်ကြောင်း Sportmail က ဖော်ပြထားသည်။ မော်ရင်ညိုသည် မန်ယူနှင့် ဝက်စ်ဟမ်းတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာကို ဟန်ဆောင်ဒိုင်ဗင်ထိုးသည်ဟု ဆိုကာ ကွင်းလယ်ဒိုင်လူကြီး ဂျွန်မော့စ်က အဝါကတ်ပြ သသတိပေးခဲ့သည်ကို ကွင်းနံဘေးရှိ ရေဘူးအား ဒေါသတကြီး ကန်ကျောက်၍ ဒေါသပေါက်ကွဲခဲ့သည့် အတွက် ပွဲကြည့်စင်သို့ မောင်းထုတ်ခြင်း ခံခဲ့ရပြီး ဒိုင်လူကြီးများ အပေါ်တွင် မော်ရင်ညို၏ အရိုအသေကင်းမဲ့မှုမှာ လက်သင့်ခံနိုင်ဖွယ် မရှိတော့ဟု ဂရေဟမ်ပူးလ်က ထောက်ပြသွားခဲ့သည်။ မန်ယူအသင်း ပရိသတ်များသည် ၎င်းတို့၏ နည်းပြကို ဒိုင်လူကြီးများက အငြိုးတကြီး ပစ်မှတ်ထား၍ နှိပ်ကွပ်နေသည်ဟု ယူဆလျက်ရှိပြီး ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ဝေဖန်သည့် နည်းပြများစွာ ရှိသည့်အနက် မော်ရင်ညို တစ်ဦးတည်းကိုသာ ကွက်၍ အဆက်မပြတ် အရေးယူနေသည်မှာ သံသယဖြစ်ဖွယ် ကောင်းလှသည်ဟု မန်ယူပရိသတ်များက မှတ်ချက်ပေး ပြောကြားထားကြသည်။ မော်ရင်ညိုသည် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်၌ ဒိုင်လူကြီး ဂျွန်မော့စ်ကို ပုဂ္ဂိုလ်ရေး ဝေဖန်တိုက်ခိုက်ခဲ့ဖူးပြီး ဝက်စ်ဟမ်းက ချယ်လ်ဆီးကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ပထမပိုင်း ၄၅ မိနစ် ပြီးဆုံးချိန်တွင် မော်ရင်ညိုက ဂျွန်မော့စ်ထံသို့ သွားရောက်၍ “ခင်ဗျားရဲ့ ဆုံးဖြတ်ချက်တွေက တလွဲတွေချည်းပဲ” ဟု ဝေဖန်ပြစ်တင်ခဲ့ဖူးသည်။ ရုပ်သံအစီအစဉ် တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေသည့် အာဆင်နယ် နောက်ခံကစားသမားဟောင်း မာတင်ကီအွန်ကလည်း မော်ရင်ညို၏ အပြုအမူဆိုးများကြောင့် အိုးလ်ထရက်ဖို့ဒ်၏ ပုံရိပ ်မှေးမှိန်ကျဆင်းသွားမည်ကို စိုးရိမ်ရကြောင်း ထောက်ပြထားပြီး မော်ရင်ညိုကို အမူအကျင့် ထိန်းသိမ်းရန် မန်ယူအသင်း တာဝန်ရှိသူများက သတိပေးသင့်နေပြီ ဖြစ်ကြောင်း ကီအွန်က ဆက်လက်အကြံပြု သွားခဲ့သေးသည်။ ကီအွန်သည် ဒိုင်လူကြီး ဂျွန်မော့စ်၏ ဆုံးဖြတ်ချက်ကို မော်ရင်ညို ဒေါသပေါက်ကွဲခဲ့သော်လည်း ကာယကံရှင် ကစားသမားဖြစ်သူ ပေါ့ဂ်ဘာကမူ မည်သည့်ခံစားချက်မျိုးမျှ ထားရှိခြင်း မရှိခဲ့ဟု သုံးသပ်သွားခဲ့ပြီး ပွဲအပြီးတွင် ဒိုင်လူကြီး ဂျွန်မော့စ်နှင့် ပေါ့ဂ်ဘာတို့ ရယ်ရယ်မောမောဖြင့် စကားပြောဆိုနေကြသည့် မြင်ကွင်းမှာ ယင်းကိစ္စအတွက် အကောင်းဆုံး သက်သေပင် ဖြစ်သည်ဟု ကီအွန်က ပြောကြားသွားခဲ့သည်။
Source : https://goo.gl/c9JQ8q
via IFTTT
Source : https://goo.gl/c9JQ8q
via IFTTT
ရှမ်းမြောက်တိုက်ပွဲများ အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်လက်ခံ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ သိန္ဒီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တို့တွင် KIA၊ MNDAAနှင့် TNLA ပူးပေါင်းအဖွဲ့တို့က မိုင်းထောင်၊ ဗုံးဖောက်ခွဲမှုတို့ကြောင့် အပြစ်မဲ့ပြည်သူများ သေကြေ၊ ဒဏ်ရာရကြပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသဖြင့် စစ်ပြေးဒုက္ခသည် ဘဝရောက်ခြင်းနှင့် နိုင်ငံ၏အချုပ်အခြာ ထိပါးမှု တရားဥပဒေ စိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့ကို ထိခိုက်စေခြင်းအပေါ် လွှတ်တော်က စိုးရိမ်ကြောင်း အရေးကြီး အဆိုတရပ်ကို ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်၌ တင်သွင်းရာ ပြည်သူ့လွှတ်တော်က လက်ခံခဲ့သည်။ ထိုအဆိုကို ကြံ့ခိုင်ရေးပါတီမှ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက တင်သွင်းခြင်းဖြစ်ပြီး၊ အဆိုအား လက်ခံဆွေးနွေးရန် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပြီးနောက် ဆွေးနွေးမည့်သူ့အမည်စာရင်းကို မနက်ဖြန် နောက်ဆုံးထားပေးသွင်းရန် ပြည်သူ့လွှတ်တော် ဥက္ကဌဦးဝင်းမြင့်က ပြောသည်။ “ နိုင်ငံ၏အချုပ်အခြာ ထိပါးမှု၊ တရားဥပဒေ စိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့အား ထိခိုက်စေခြင်းတို့က လွှတ်တော်မှ စိုးရိမ်ကြောင်း အရေးကြီးအဆို ဖြစ်ပါတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ မုံးကိုး၊ ပန်ဆိုင်းနှင့် ကွတ်ခိုင်မြို့နယ်တို့တွင် ယခုလ ၂၀ ရက်နေ့ နံနက်ပိုင်းက စပြီး မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုဟု ခေါ်ဆိုသည့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်-ကိုးကန့်အဖွဲ့ (MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြာက်ရေး တပ်မတော် (TNLA)နှင့် ရက္ခိုင့် တပ်မတော် (AA) တို့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြသည်။ မဟာမိတ် အင်အားစုက တပ်မတော်စခန်း၊ ရဲစခန်း တချို့နှင့် နယ်စပ် ကုန်သွယ်ရေးဇုန် တို့ကို ဝင်ရောက် စီးနင်း ပစ်ခတ် ခဲ့သလို တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင်ရှိသော တံတားတချို့ကိုလည်း ဖောက်ခွဲ ဖျက်ဆီးခဲ့ကြသဖြင့် တပ်မတော်သား၊ ရဲတပ်ဖွဲ့နှင့် အပြစ်မဲ့ အရပ်သားများ သေဆုံးခဲ့ရသလို နှစ်နိုင်ငံအဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း လည်း ပြတ်တောက် သွားခဲ့ရသည်။
Source : https://goo.gl/kQP7YJ
via IFTTT
Source : https://goo.gl/kQP7YJ
via IFTTT
ကာလုံအစည်းအဝေး ခေါ်ပေးရန် ၁၃ ပါတီ တောင်းဆို ရန်ကုန်၊ နိုဝင်ဘာ ၂၈ နိုင်ငံတော်အတွင်း လတ်တလော ဖြစ်ပေါ်နေသော အထွေထွေအကျပ်အတည်း များကို ဖြေရှင်းရန် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူ ပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီနှင့် မဟာမိတ်ဖွဲ့ထားသော နိုင်ငံ ရေးပါတီ၁၃ ခုမှ ခေါင်းဆောင်များ လက်မှတ်ရေးထိုး၍ နိုဝင်ဘာလ ၂၈ ရက်နေ့ က အစိုးရထံ တောင်းဆိုခဲ့ကြသည်။ ရခိုင်ပြည်နယ်အတွင်း ပိုင်နက်နယ် မြေဆုံးရှုံးမည့် အလားအလာများကို ရင် ဆိုင်နေရပြီး အရှေ့မြောက်ဒေသတွင် စစ်ပွဲအကြောင်းပြု၍ အပြစ်မဲ့ပြည်သူများ ၏ အသက်အိုးအိမ်နှင့် ဥစ္စာပစ္စည်းများကို ဖျက်ဆီးခံရလျက်ရှိကြောင်း၊ အဆိုပါဖြစ် စဉ်များ၏ အကြောင်းအရင်းမှာ နိုင်ငံတကာ နှင့်ဆက်စပ်သော အကြမ်းဖက်အဖွဲ့ အစည်းများနှင့် အကြမ်းဖက်လုပ်ရပ်များ ကြောင့်ဖြစ်ကြောင်း အစိုးရက ရဲဝံ့ခိုင်မာ စွာ ထုတ်ပြန်ကြေညာရန် လို အပ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ယင်းအပြင် ရန်ကုန်မြို့တွင်း ပေါက် ကွဲမှုဖြစ်ရပ်များအပါအဝင် နိုင်ငံအနှံ့ တိုး ပွားလာသော ရာဇဝတ်မှုများ၊ စီးပွားရေး ပြဿနာများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်များ၏ မျှော်လင့်ချက်မှေးမှိန်လာခြင်းတို့မှာ နိုင်ငံတော်၏ အကျပ်အတည်း တစ်ခုဖြစ် ပေါ်လာပြီး တစ်မျိုးသားလုံးကို ခြိမ်း ခြောက်လာသော အန္တရာယ်များဖြစ် ကြောင်း၊ လက်ငင်းဆောင်ရွက်နေရသော တပ်မတော်၏ စစ်ရေးအရ ဖြေရှင်းဆောင်ရွက်မှုများမှာလည်း တစ်နေ့ တခြား မျက်နှာစာ ပိုမိုကျယ်ပြန့်လာပြီး နိုင်ငံတော်၏ ကာကွယ်ရေးအင်အားကို ချည့်နဲ့စေကြောင်း ဖော်ပြထားသည်။ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက "ရခိုင် ပြည်နယ်နဲ့ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ဒေသတွေမှာ ပဋိပက္ခတွေက ကြီးထွားနေဆဲ ဖြစ်တယ်။ ဒီဖြစ်စဉ်တွေအပေါ်အစိုးရ၊ လွှတ်တော်၊ တပ်မတော် အပါအဝင်နိုင်ငံ ခြားရေးဝန်ကြီးတွေက ကာ^လုံအစည်း အဝေးခေါ်ယူပြီး အမြန်ဖြေရှင်းဖို့သင့် နေပြီ။ အဲဒီအတွက် တောင်းဆိုရခြင်း ဖြစ်တယ်" ဟု ပြောသည်။ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ဒု-ဥက္ကဋ္ဌ ဦးဟန်ရွှေကလည်း မြန်မာနိုင်ငံ မြောက်ပိုင်း၌ ဖြစ်ပေါ်လျက် ရှိသောတိုက်ပွဲများကြောင့် လက်ရှိ NLD အစိုးရ ဦးဆောင်နေသော ၂၁ ရာစုပင်လုံ အောင်မြင်ရေးသည် စိန်ခေါ်မှုများမည့် အနေအထားတစ်ရပ်ဖြစ်ပြီး လက်ရှိနိုင်ငံရေးအကျပ်အတည်း၊ စီးပွားရေးအကျပ် အတည်းများကို ပီပြင်စွာဖော်ဆောင် ပေးရန် ကာ/လုံအစည်းအဝေး ခေါ်ယူရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ဆိုသည်။ "လက်ရှိမြန်မာနိုင်ငံမှာ စီးပွားရေး အကျပ်အတည်း၊ လူမှုရေးအကျပ်အတည်း ငြိမ်းချမ်းရေးအကျပ်အတည်းတွေက များစွာဖြစ်ပေါ်နေတယ်။ အကျပ်အတည်း တွေအားလုံးကို အစိုးရက ဘာမှ ပီပြင်စွာ ဖြေရှင်းနိုင်ခြင်းမရှိသေးဘူး" ဟု ဦးဟန်ရွှေ က ပြောသည်။ မြန်မာနိုင်ငံ ဒေသအသီးသီးရှိ ပြည်သူများ၏ ဘဝလုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးရရှိရန် အစိုးရ၊ တပ် မတော်၊ လွှတ်တော်အရပ်ရပ်မှ တာဝန်ယူ ပေးရန်လိုအပ်ပြီး ရန်ကုန်မြို့အတွင်း ဗုံး ဖောက်ခွဲမှုသည် နိုင်ငံတော်နှင့် နိုင်ငံသား များကို စော်ကားရာရောက်သော လုပ်ရပ် များကို တိကျစွာဖြေရှင်းရန်လိုအပ်ပြီး ယင်းပြဿနာများကို ဖြေရှင်းပေးရန် တစ်ခုတည်းသောနည်းလမ်းသည် ကာ/လုံ အစည်းဝေးသာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က ဆိုသည်။"ပြည်သူတွေရဲ့လုံခြံုရေးက ဘယ်လောက်တောင် စိန်ခေါ်ဖို့ဖြစ်လာလည်းဆိုရင် လွှတ်တော်ရုံးဝင်းအတွင်း ဗုံးဖောက်ခွဲမှုတွေ ဖြစ်လာတယ်" ဟု ဦးသိန်းညွန့်က ပြောကြားသည်။ ယင်းအကျပ်အတည်းများကို ဖြေ ရှင်းရာတွင် အာဏာသက်ရောက်နေပြီ ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်း ချက်နှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ဖွဲ့စည်းပုံအခြခံဥပဒေ ပုဒ်မ ၂၀၁ တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းခြင်းကို ပြဋ္ဌာန်း ထားပြီးဖြစ်ကြောင်း၊ ယနေ့ရင်ဆိုင်ရ သော လုံခြံုရေး၊ စီးပွားရေး အထွေထွေ အကျပ်အတည်းများ ပြည်တွင်းပြည်ပ အကြမ်းဖက်အန္တရာယ်များကို ထိရောက် စွာ ဟန့်တားနိုင်ရေးနှင့် အမျိုးသားလုံခြံု ရေး ကောင်စီအစည်းအဝေးကို အမြန်ဆုံး ခေါ်ယူရေးကို ယင်းနိုင်ငံရေးပါတီ ၁၃ ပါတီမှ တောင်းဆိုခဲ့ကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၁ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားသည်။ ယင်းကောင်စီတွင် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး ဌာနဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့ ပါဝင်သည်။ ကာ/လုံအစည်းအဝေးခေါ်ယူရန် တောင်းဆိုထားသည့် ကြံ့ခိုင်ရေးပါတီနှင့် မဟာမိတ်နိုင်ငံရေး ပါတီများမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ်၊ အမျိုးသားတိုးတက် ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အား စုပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ ချုပ်ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ကရင် ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ ဖြိုးတိုးတက် ရေးပါတီ၊ မြန်မာအမျိုးသား ကွန်ဂရက် ပါတီ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ ဒီမိုကရေစီပါတီနှင့် အင်းအမျိုးသား ဖွံဖြိုး တိုးတက်ရေးပါတီတို့ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက် ပြီး နိုင်ငံရေးပါတီများ၏ တောင်းဆိုမှုများ ကို နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက "အခုဖြစ်စဉ်တွေက နိုင်ငံတော်ရဲ့ အကျပ်အတည်းလို့ မယူဆဘူး။ တပ်မတော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံက ကာ/လုံအစည်းအဝေးမခေါ်လည်း ပြဿနာကိစ္စရပ်တွေကို မကြာခဏ တွေ့ဆုံ ညှိနှိုင်းပြီး ဆောင်ရွက်နေတာတွေ ရှိတယ်" ဟု ပြောကြားသည်။
Source : https://goo.gl/YFgjWQ
via IFTTT
Source : https://goo.gl/YFgjWQ
via IFTTT
နေအိမ်ပေါ်တက်ပြီး အဓမ္မပြုကျင့်သည်ဆိုသည့် သင်္ကန်းဝတ်တစ်ဦးကို မုဒိမ်းမှုဖြင့်ဖမ်းဆီး မိဘများ တောင်ယာ သွားနေချိန်တွင် နေအိမ်၌ တစ်ဦးတည်း ကျန်ခဲ့သည့် အသက်(၁၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို သက်တော် (၃၆)နှစ်အရွယ် သင်္ကန်းဝတ်တစ်ဦးက နေအိမ် ပေါ်တက်၍ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ နယ်အတွင်းရှိ အင်ကြင်းကုန်း ကျေးရွာနေ (၁၈)နှစ်အရွယ် မိန်း ကလေးတစ်ဦးသည် နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၁၂ နာရီကျော်ခန့် က နေအိမ်တွင် တစ်ဦးတည်းရှိနေ စဉ် ကျေးရွာဘုန်းကြီးကျောင်းမှ ဦးပ ဉ္စင်း ရောက်ရှိလာရာ စတင် ဖြစ်ပွားခြင်းဖြစ်သည်။ အင်ကြင်းကုန်းကျေးရွာ ဘုန်းကြီးကျောင်းမှ သက်တော်(၃၆)နှစ် ဝါတော်(၁၇)ဝါရှိ ဦးပ ဉ္စင်း သုဘောဂ၊ လူအမည် မောင်နိုင်သည် မိန်းကလေးအမည်ကိုခေါ်ကာ နေအိမ်ပေါ်သို့ တက်လာပြီး မိန်းကလေးအား အိပ်ခန်းအတွင်းသို့ ဆွဲခေါ်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူးရုံးက ရဲအရာရှိ တစ်ဦးကဆိုသည်။ ‘‘ကျွန်တော် ထင်တာက တော့ သိနေတဲ့သူတွေဖြစ်မှာပါ။ အမှုဖွင့်တာလည်း ကောင်မလေး ကပဲ ဖွင့်တာ။ အရင်က ကျူးလွန် ဖူးတဲ့ပုံစံမျိုးတော့မရှိဘူး။ အခု လောလောဆယ်တော့ ဘုန်းကြီး ကို မြို့နယ်သံဃနာယကက လူ ဝတ်လဲပေးပြီး မနေ့ကပဲ အမှုဖွင့် ဖမ်းထားတယ်’’ဟု ၎င်းက ဆို သည်။ မိန်းကလေးကို အော်ဟစ် အကူအညီတောင်း၍ မရအောင် ပြုလုပ်ကာ အဓမ္မပြုကျင့်ခဲ့ပြီး ပြစ်မှုကျူးလွန်ခံရသူ ညီမဖြစ်သူ အသက် (၁၁)နှစ်အရွယ် မိန်းက လေး ကျောင်းမှပြန်လာမှသာ နေ အိမ်မှ ပြန်သွားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲအရာရှိက ရှင်းပြသည်။ ယင်းသင်္ကန်းဝတ်ကို နိုဝင် ဘာ ၂၆ ရက်၊ မွန်းလွဲပိုင်းက ထီးချိုင့်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိ ရသည်။
Source : http://ift.tt/2fvJ19q
via IFTTT
Source : http://ift.tt/2fvJ19q
via IFTTT
ဒေါ်အောင်ဆန်းစုကြည်၏ အင်ဒိုနီးရှားခရီးစဉ် ရွှေ့ဆိုင်း ရန်ကုန်၊ နိုဝင်ဘာ ၂၉ အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးကို ဆန္ဒပြမှုနှင့် ဗုံးဖောက်ခွဲရန် ကြံစည်မှုများ ဖြစ်ပေါ်ပြီးနောက် နှစ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ် သွားရောက်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း သတင်းရရှိသည်။ ‘‘အစတုန်းကတည်းက အင် ဒိုနီးရှားခရီးစဉ်ကို စီစဉ်နေတယ် လို့ ပြောတာပါ။ အင်ဒိုနီးရှားခရီး စဉ်ကို ကျွန်တော်တို့ နှစ်ဖက်ပိုပြီး တော့ အဆင်ပြေမယ့်အချိန်ကို ပြန်ညှိသွားဖို့ ရှိပါတယ်။ အစတုန်းကတော့ အင်ဒိုနီးရှားကိုတော့ သွားဖို့ရည်ရွယ်ထားပါတယ်။ နှစ် ဖက်အဆင်ပြေမယ့်အချိန်တော့ သွားမှာပေါ့’’ဟု နိုင်ငံခြားရေးဝန် ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည် သည် စင်ကာပူနိုင်ငံသို့ ချစ်ကြည် ရေးခရီးစဉ်မှတစ်ဆင့် အင်ဒိုနီး ရှားသို့ သွားရောက်ရန် စီစဉ်ထား ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက 7Day Dailyသတင်းစာအား ပြောကြားထား သည်။ ရခိုင်ပြည်နယ် မောင်တော ဒေသတွင် ဖြစ်ပွားနေသော တိုက် ခိုက်မှုများ၌ ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ထောင်နှင့်ချီသော အင်ဒိုနီးရှားနိုင်ငံသားများက နိုဝင် ဘာ ၂၅ ရက်တွင် ဂျကာတာမြို့ ရှိ မြန်မာသံရုံးရှေ့သို့ လာရောက်ကာ ဆန္ဒပြကန့်ကွက်ခဲ့သည်။ ထို့အပြင် ဂျကာတာရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြံ စည်နေသည်ဟု သံသယရှိသော စစ်သွေးကြွတစ်ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ၎င်းအသုံး ချမည့် ဗုံးလုပ်ပစ္စည်းအမြောက်အ မြားကို သိမ်းဆည်းနိုင်ခဲ့ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောရေးဆို ခွင့်ရှိသူက နိုဝင်ဘာ ၂၆ ရက်တွင် သတင်းထောက်များအား ပြော ကြားသည်။ ဖမ်းဆီးထားသည့် သံသယ ရှိသူကို စစ်ဆေးပြီး ဗုံးဖောက်ခွဲ မှုတွင် ပါဝင်သည့် အကြမ်းဖက် သမားနှစ်ဦးကို ထပ်မံဖမ်းဆီးထားကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၇ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။ ယင်းဖြစ်စဉ်များကြောင့် မြန်မာသံရုံးကို အကာအကွယ် ပေးရန် အင်ဒိုနီးရှားရဲတပ်ဖွဲ့ဝင်၃၀၀ကျော်ဖြင့် လုံခြုံရေးပေးထား ကြောင်း အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောသည်။ ‘‘အင်ဒိုနီးရှားမှာ သူတို့ဘက် က သတင်းအချက်အလက်တွေရ ကတည်းက သူတို့က စောင့် ရှောက်နေတာပေါ့။ စုစုပေါင်း ၃၀၀ ကျော်လောက်နဲ့ ဖြစ်စဉ်ဖြစ် ကတည်းက စောင့်ရှောက်နေတာ ပေါ့။ ရဲအင်အား ၃၀၀ ကျော် လောက်နဲ့ စောင့်ရှောက်တယ်ဆို ကတည်းက စိုးရိမ်စရာတော့ မလို တော့ပါဘူး’’ဟု ၎င်းက ပြောကြား သည်။ ဒေါ်အောင်ဆန်းစုကြည် သည် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင် ဘာ ၂ ရက်အထိ စင်ကာပူနိုင်ငံ သို့ ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်သည်။ ဒီဇင်ဘာ ၁ ရက်သည် စင် ကာပူ-မြန်မာ နှစ်နိုင်ငံ ဗီဇာကင်း လွတ်ခွင့် စတင်ပေးမည့်နေ့ရက် လည်း ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်သည် စင်ကာပူနိုင်ငံရှိ ပြတိုက်တစ်ခုဖွင့်ပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် သည် ဒီဇင်ဘာ ၁ ရက်ည ၈ နာရီ၌ စင်ကာပူနိုင်ငံ Convention Centre ရှိ Big Box ခန်းမတွင် စင်ကာပူရောက် မြန်မာများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ Big Box ခန်းမတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် စင် ကာပူရောက် မြန်မာ ၅,၀၀၀ တွေ့ဆုံနိုင်ရန် စီစဉ်ထားကြောင်း Myanmar Club (စင်ကာပူ) ဥက္ကဋ္ဌ ဒေါက်တာမြတ်မော်ထွန်း က ပြောသည်။ ‘‘မြန်မာသံရုံးက ကျွန်တော် တို့ကို ပြောကြားလာတာပေါ့။ ဒီ ဇင်ဘာ ၁ ရက် ညနေမှာ မြန်မာ မိသားစုနဲ့ ဒေါ်စုနဲ့တွေ့ဖို့ စီစဉ် ပေးပါဆိုလို့ စီစဉ်ခိုင်းလို့ ကျွန် တော်တို့ စီစဉ်နေပါတယ်။ မေး ခွန်းတွေမေးနိုင်ဖို့လည်း စီစဉ်ထားပါတယ်။ မေးသင့်တယ်ထင်တဲ့ မေးခွန်းတွေရယ်၊ မေးချင်တဲ့သူ တွေရယ်ပေါ့။ မေးခွန်းတွေကို အ မျိုးအစားအလိုက်ခွဲပြီးတော့ စီစဉ် မှာပါ။ မတက်ရောက်နိုင်တဲ့သူ တွေလည်း မေးခွန်းတွေမေးနိုင် အောင် လုပ်ပေးမှာပါ’’ဟု ဒေါက် တာမြတ်မော်ထွန်းက ပြောသည်။
Source : http://ift.tt/2gdgtR7
via IFTTT
Source : http://ift.tt/2gdgtR7
via IFTTT
Monday, November 28, 2016
KUMUDRA JOURNAL | The leading News Journal in Myanmar
ဒေါ်လာ 1342 ကျပ် ယူရို 1396 စင်္ကာပူ 937 ထိုင်း 38 ယွမ် 193 ယန်း 11.58 မလေး 302 မြန်မာ့ရွှေ 861000 ကျပ် ကမ္ဘာ့ရွှေ 1208 ဒေါ်လာ author မိုးသင်္ဂီဇော် www.kumudranews.com
Source : http://ift.tt/2fraA3J
via IFTTT
Source : http://ift.tt/2fraA3J
via IFTTT
ကလေးသူငယ်မုဒိမ်းမှုများ သေဒဏ်ပေးရန် ဆန္ဒပြသူအများစုတောင်းဆို
သက်ငယ်မုဒိမ်းမှုများ မကြာခဏဖြစ်ပေါ်နေပြီးနောက် ‘လိင်အကြမ်းဖက်မှု ပပျောက်ရေး ကြီးလေးပြစ်ဒဏ် ချမှတ်ပေး’ ဝိုင်းဝန်းဆန္ဒပြပွဲသို့ လူပေါင်းရာချီ တက်ရောက်ခဲ့ပြီး တက်ရောက်သူ အများစုက ကလေးသူငယ်မုဒိမ်း မှု ကျူးလွန်သူများအား သေဒဏ် ပေးရန် တောင်းဆိုခဲ့ကြသည်။ ယင်းပွဲကို ယမန်နေ့က ကန် တော်ကြီး မျှော်စင်ကျွန်းတွင် ပြု လုပ်ခဲ့ရာ အနုပညာရှင်များ၊ ဥပ ဒေပညာရှင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက် ၍ ကလေးငယ်များအား ကျူး လွန်သူများကို ကြီးလေးသည့် ပြစ်ဒဏ်ချမှတ်ရန် ဆန္ဒပြုခဲ့ကြ သည်။ အဆိုပါပွဲတွင် ပညာပေး ဟောပြောခဲ့သည့် Legal Clinci Myanmar မှ ဒေါ်လှလှစိုးက ကလေးငယ်များအား လိင်ပိုင်း ဆိုင်ရာကျူးလွန်သူများကို အမြင့် ဆုံးသော ပြစ်ဒဏ်ပေးစေလိုသော်လည်း သေဒဏ်ပေးမည်ဆိုပါက အချက်ငါးချက်ကို ဂရုစိုက်ရ မည်ဖြစ်ကြောင်း ပြောပြသည်။ ယင်းတို့မှာ (၁) တရားစီရင် ရေးတွင် မေးခွန်းထုတ်စရာများ ရှိနေပြီး အမှန်တကယ်ကျူးလွန် သူမဟုတ်သူကို သေဒဏ်ပေးမိ လျှင် မည်သို့ကုစားမည်နည်း၊ (၂) ကျူးလွန်သူအများစုမှာ သွေး သားရင်းချာများဖြစ်ကြ၍ သေ ဒဏ်ပေးမည်ဆိုလျှင် တိုင်ကြားပါ တော့မည်လား၊ (၃) သက်သေ ထွက်ဆိုမည့်သူသည် တစ်ဖက် သားသေဒဏ်ကျမည်ဖြစ်၍ ထွက် ဆိုပါတော့မည်လား၊ (၄) စွပ်စွဲ သူ မိသားစု၏ ဘေးအန္တရာယ်ကို ကာကွယ်ပေးနိုင်ပါမည်လား၊ (၅)လူ့အခွင့်အရေးလှုပ်ရှားသူအချို့ က အသက်ရှင်နေထိုင်ခွင့်ရှိသည် ဟု ညွန်းဆိုထားချက်များစသည် တို့မှာ စဥ်းစားစရာများပင်ဖြစ် ကြောင်း ကလေးငယ်များအားလိင်ပိုင်း ဆိုင်ရာစော်ကားသူများ ကို သေဒဏ်ပေးရန် ဆန္ဒပြုမည့် ရာချီသည့် လူထုအား ပြောကြား ခဲ့သည်။ ယင်းပွဲတွင် ဥပဒေပညာရှင် များနှင့် လွှတ်တော်ကိုယ်စား လှယ်များက အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမှ တာဝန်ရှိသူများ လုပ်ထုံးလုပ်နည်းနှင့်အညီ မှန် ကန်တည့်မတ်စွာ ဆုံးဖြတ် ဆောင်ရွက်ကြရန်လည်း ပြော ကြားခဲ့သည်။ တရားလွှတ်တော်ရှေ့နေ ဦး ရောဘတ်စန်းအောင်က မုဒိမ်းမှု များပြားလာခြင်းသည် ‘‘သွားတိုင်တဲ့ ရဲစခန်းတွေ ပေါ့လျော့တာ များနေလို့လို့ ကျွန်တော်သုံးသပ်ပါ တယ်’’ ဟု ပြောကြားရာ နား ထောင်သူများက ဟုတ်မှန် ကြောင်း အော်ဟစ်ပြောဆို၍ လက်ခုပ်တီးအားပေးကြသည်ကို တွေ့ရသည်။ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီ ညီက ၎င်း၏ မဲဆန္ဒနယ်တွင် ဖြစ် ပွားခဲ့သည့် အစ်ကိုအရင်းက ငါး နှစ်အရွယ် ညီမအရင်းကို လိင်ပိုင်းဆိုင်ရာ စော်ကားသဖြင့် ကလေးငယ်၏ လိင်အင်္ဂါတွင် ဒဏ်ရာအကြီးအကျယ်ရခဲ့သည့် ကိစ္စအပေါ် ရဲဌာနမှ ပုဂ္ဂိုလ်များ က တာဝန်မကျေခဲ့ကြောင်း ထုတ် ဖော်ပြောကြားခဲ့သည်။ ‘‘ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ကျယ်ပြန့်သွားမှ အမှုဖွင့်ပေးလိုက် တာ’’ဟု ဦးညီညီက ပြောကြား သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်က ပြင် ဆင်နေသည်ဟု ပြောသည်။ ရန် ကုန်တိုင်းဒေသကြီး အနေဖြင့် မြို့ နယ်တိုင်းတွင် လက်ကမ်းစာစောင် များဝေပေးနေခြင်းဖြင့် အသိပညာပေးနေကြောင်း ပြောပြသည်။ အမျိုးသမီးများကို အကြမ်း ဖက်ခြင်းမှာ ယေဘုယျအားဖြင့် လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ၊ လူမှုစီးပွားပိုင်းဆိုင်ရာဟူ၍ လေးမျိုးရှိသော် လည်း လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်ခံရသည့် ကလေးငယ်သည် အကြမ်းဖက်နည်း လေးမျိုးစလုံးကို ကျူးလွန်ခံလိုက်ရခြင်းပင်ဖြစ် ကြောင်း ပြောကြားသည်။ ထို့နောက်သူက ယခုရက် ပိုင်းတွင် အဖြစ်များလာသည့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ ပြားကျယ်လောင်လာချိန်၌ ဥပ ဒေကြမ်းအဆင့်ထိ ရောက်ရှိနေ သည့် အမျိုးသမီးများအား အ ကြမ်းဖက်မှုများမှ ကာကွယ်ပေး ရေး ဥပဒေကို လွှတ်တော်ကအ တည်မပြုသေးသည်ကို မေးခွန်း ထုတ်သည်။ အကယ်၍ အတည်ပြုမည် ဆိုလျှင် လိင်အကြမ်းဖက်မှုများ ကို ‘အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်မည်’ဟု ယုံကြည်ကြောင်း ပြောပြသည်။ မြန််မာနိုင်ငံရဲတပ်ဖွဲ့၏ စာ ရင်းများအရ ၂ဝ၁၅ တစ်နှစ်လုံး တွင် မုဒိမ်းမှုပေါင်း ၆၈၂ မှုရှိခဲ့ပြီး သက်ငယ်မုဒိမ်းမှု ၂၃ဝ ကျော်ရှိခဲ့ သည်။ ၂ဝ၁၆ တွင် ၁ဝ လ အတွင်း၌ပင် မုဒိမ်းမှု ၇၆၁ မှုရှိခဲ့ပြီး သက်ငယ်မုဒိမ်းမှု ၃၈ဝ မှုကျော်ရှိခဲ့ သည်။ ရန်ကုန်တိုင်း၌ ၁ဝ လအ တွင်း သက်ငယ်မုဒိမ်းမှုပေါင်း ၇၄ ခုရှိပွားခဲ့ပြီး လေးရက်လျှင် ကလေးငယ်တစ်ဦးနှုန်း လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရခြင်းဖြစ် သည်။
Source : http://ift.tt/2fqwWSP
via IFTTT
Source : http://ift.tt/2fqwWSP
via IFTTT
ရှမ်းမြောက်တိုက်ပွဲများအတွက် တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့် အဖြေရှာရန် KNU တိုက်တွန်း
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင်လတ်တလောတိုက်ပွဲဖြစ်ပွားနေမှုများကို တွေ့ဆုံဆွေးနွေးနည်းလမ်းရှာရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဥ်တင်ပြဆွေးနွေးခဲ့ ကြောင်း ကရင်အမျိုးသားအစည်း အရုံး(KNU)အထွေထွေအတွင်း ရေးမှူးချုပ် ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ခေါင်းဆောင်သည့် တပ်မ တော်အဆင့်မြင့်အရာရှိများနှင့် KNUဥက္ကဋ္ဌဗိုလ်ချုပ်ကြီးစောမူတူး စေးဖိုးဦးဆောင်သည့်အဖွဲ့တို့ သည် နိုဝင်ဘာ ၂၅ရက်က နေ ပြည်တော်၌ တွေ့ဆုံခဲ့သည်။ ‘‘အဓိက ကျွန်တော်တို့ ဆွေး နွေးတာက NCA အပေါ်မှာအခြေ ခံပြီးတော့ ငြိမ်းချမ်းရေးတည် ဆောက်မယ့်အတွက်ကြောင့် NCA ကို အကောင်အထည်ဖော် တဲ့နေရာမှာ ကျွန်တော်တို့ ပြဋ္ဌာန်း ချက်နဲ့အညီဆောင်ရွက်ဖို့လိုအပ် ပါတယ်လို့ ဒါကိုအဓိကဆွေးနွေး ခဲ့တယ်။ နောက်တစ်ခုက မြောက် ပိုင်းမှာဖြစ်တဲ့ကိစ္စတွေ တွေ့ဆုံ ဆွေးနွေးနည်းလမ်းရှာဖို့ တင်ပြ ဆွေးနွေးခဲ့တယ်’’ဟု ဖဒိုစောကွယ်ထူးဝင်းကပြောကြားသည်။ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA)၊ တအာင်းလက်နက် ကိုင်အဖွဲ့(TNLA)နှင့် ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDAA)တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ၎င်းတို့ဒေသတွင် တပ်မတော်က စစ်ရေးလှုပ်ရှားမှုများပိုမိုပြုလုပ် လာသည့်အပေါ် တုံ့ပြန်သည်ဟု ဆိုကာ နိုဝင်ဘာ ၂ဝရက်တွင်ရှမ်း ပြည်နယ်မြောက်ပိုင်းရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်အပါအဝင်အစိုးရလုံခြုံရေးတပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နေ့စဥ်တိုက်ပွဲများဆက်လက်ဖြစ်ပွား လျက်ရှိသည်။ ‘‘KIOနဲ့ ပတ်သက်ပြီး ကျွန် တော်တို့ ဖြစ်စေချင်တာက လွန် ခဲ့တဲ့အချိန်တုန်းကလည်းတွေ့ဆုံ ဆွေးနွေးမှုတွေလုပ်ခဲ့တာပဲ။ အခု လည်း တိုက်ပွဲတွေလျော့ပါးဖို့အ တွက် ဒါတွေက တွေ့ဆုံဆွေးနွေး ဖို့လိုအပ်တယ်လို့ တင်ပြခဲ့ပါ တယ်။ ဒါကတော့ တပ်မတော် ပိုင်းဆိုင်ရာတို့၊ အစိုးရတို့က ပြန် လည်သုံးသပ်မှာပေါ့’’ဟု ဖဒိုစော ကွယ်ထူးဝင်းကဆိုသည်။ KNUဥက္ကဋ္ဌသည် နိုဝင်ဘာ ၂၆ရက်တွင် ပြည်ထောင်စုလွှတ် တော်ဥပဒေရေးရာနှင့်အထူးကိစ္စ ရပ်များလေ့လာဆန်းစစ်သုံးသပ် ရေးကော်မရှင်ဥက္ကဋ္ဌသူရဦးရွှေ မန်းနှင့် နေပြည်တော်၌ တွေ့ဆုံ၍ ၂၁ရာစုပင်လုံညီလာခံအောင်မြင် စွာကျင်းပနိုင်ရေးကိစ္စများ ဆွေး နွေးခဲ့ကြောင်း သတင်းရရှိသည်။ သူရဦးရွှေမန်းနှင့် တွေ့ဆုံ စဥ် မြောက်ပိုင််းတွင်ဖြစ်ပွားနေ သည့် တိုက်ပွဲများသည် ငြိမ်းချမ်း ရေးတည်ဆောက်ရာ၌ အခက် အခဲဖြစ်စေ၍ နည်းလမ်းရှာပြီး တွေ့ဆုံဆွေးနွေးနိုင်ရန်ကိစ္စများ ကို ဆွေးနွေးခဲ့သည်ဟု ဖဒိုစော ကွယ်ထူးဝင်းကပြောသည်။ ‘‘သူ့အနေနဲ့ကတော့ သူက အစိုးရမဟုတ်တော့ သူကဆုံးဖြတ် နိုင်တဲ့အနေအထားမရှိပေမယ့် လည်း ကျွန်တော်တို့ဆွေးနွေးတင် ပြမှုအပေါ်မှာ၊ ညိှနှိုင်းမှုအပေါ်မှာ လည် ဆက်လက်ပြီးတော့ သက် ဆိုင်ရာတာဝန်ရှိတဲ့အစိုးရခေါင်း ဆောင်ကို တင်ပြမှာပေါ့’’ဟု ၎င်း ကဆိုသည်။ KNU ခေါင်းဆောင်များ သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် လည်း တင်ပြထားကြောင်း သတင်း ရရှိသည်။
Source : http://ift.tt/2fGZAhb
via IFTTT
Source : http://ift.tt/2fGZAhb
via IFTTT
ကိုဖီအာနန် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်လာမည် ရခိုင်ပြည်နယ်ဆိုင် ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ မစ္စတာကိုဖီအာနန်သည် ယခု ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ကိုဖီအာနန်သည် နို၀င်ဘာလကုန်ပိုင်းတွင် နေပြည်တော်နှင့် ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့၀င် ဦးအေးလွင်ကပြောသည်။ ကိုဖီအာနန် ခရီးစဉ်နှင့်ပတ် သက်သော အသေးစိတ်အချက်အလက်များကို ပြောကြား၍ မရသေးကြောင်း ၎င်းကဆိုသည်။ သို့သော် ကိုဖီအာနန်သည် ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ဒီဇင်ဘာ ၂ ရက်နှင့် ၃ ရက်များ၌ စစ်တွေမြို့နယ် မောင်တောမြို့သို့ သွားရောက်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သ တင်းရရှိသည်။ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်နှင့် ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ကော်မရှင်ကို ရခိုင်အရေး ဖြေရှင်းရာ တွင် အကြံဉာဏ်များပေးနိုင်ရန် အစိုးရက ပြီးခဲ့သည့် ဩဂုတ်အ တွင်းက ဖွဲ့စည်းခဲ့သည်။ ကိုဖီအာနန်၏ ပထမဆုံး ခရီးစဉ်အဖြစ် စက်တင်ဘာလဆန်းပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့သို့ တစ်ကြိမ် ရောက်ရှိခဲ့သည်။ အကြံပေးကော်မရှင်သည် ၁၂ လတာ ကာလအတွင်း လေ့ လာတွေ့ရှိချက်များကို နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှတစ်ဆင့် အစိုးရထံ တင်ပြရမည်ဖြစ်သည်။
Source : http://ift.tt/2gx6Vx9
via IFTTT
Source : http://ift.tt/2gx6Vx9
via IFTTT
ဦးသန်းရွှေနှင့် ကေအင်န်ယူဥက္ကဋ္ဌ ပထမဆုံးအကြိမ်တွေ့ဆုံ ရန်ကုန်၊ နိုဝင်ဘာ ၂၈ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူး ကြီး ဦးသန်းရွှေ(ငြိမ်း)နှင့် နေပြည် တော်သို့ ရောက်ရှိနေသောကရင် အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေး ဖိုးတို့သည် နိုဝင်ဘာ ၂၅ ရက်ည က နေပြည်တော်၌ ပထမဆုံးအ ကြိမ်တွေ့ဆုံခဲ့ကြောင်း သတင်းရ ရှိသည်။ အသက်(၈၅)နှစ်အရွယ် ဦး သန်းရွှေနှင့် (၈၄)နှစ်အရွယ် KNU ဥက္ကဋ္ဌတို့သည် ပထမဆုံးအကြိမ် တွေ့ဆုံပြီး ဦးသန်းရွှေအနေဖြင့် ကျန်းမာရေးကောင်းမွန်ပြီး စကား ပြောနိုင်ဆိုနိုင်ကြောင်း KNU အ ထွေထွေအတွင်းရေးမှူးချုပ် ဖဒို စောကွယ်ထူးဝင်းက ပြောသည်။ ‘‘သူ အာဏာရှိတဲ့အချိန်မှာ တစ်ခါမှလည်း မတွေ့ဆုံခဲ့ဖူးဘူး လေ။ တွေ့ခွင့်မရဘူး။ အခုက တော့ သူကလည်း အနားယူ၊ ကျွန်တော်တို့ဥက္ကဋ္ဌကြီးကလည်း သွား နှုတ်ဆက်တာ ရှေးဖြစ်နှောင်းဖြစ် တွေ ပြောကြတဲ့သဘောပါ။ နိုင်ငံ ရေးကိစ္စတွေလည်း ဆွေးနွေးတာ လည်းမဟုတ်ဘူး။ ငြိမ်းချမ်းရေး အကြောင်းတော့ ပြောတာပေါ့။ သူက အနားယူတာ နိုင်ငံရေး လည်း မလုပ်တော့ဘူးတဲ့။ ငြိမ်း ချမ်းရေးကတော့ ဟုတ်တယ်တဲ့။ ငြိမ်းချမ်းရေးရှိမှ နိုင်ငံတိုးတက် မယ်။ ငြိမ်းချမ်းရေးမရှိတဲ့အတွက် ကျွန်တော်တို့နိုင်ငံဟာ သူများ နောက်မှာ နောက်ကျနေတယ် လို့ ပြောတာရှိတယ်’’ဟု ဦးသန်း ရွှေနှင့် KNU ဥက္ကဋ္ဌတို့၏ တွေ့ ဆုံမှုအခြေအနေကို ဖဒိုစောကွယ် ထူးဝင်းက ပြောသည်။ ဦးသန်းရွှေသည် အငြိမ်းစား ယူပြီးနောက် တရုတ်ကွန်မြူနစ် ပါတီ နိုင်ငံတကာဆက်ဆံရေးဝန် ကြီး Mr.Song Tao နှင့်ပြီးခဲ့သည့် ဩဂုတ်က နေပြည်တော်၌ တွေ့ ဆုံပြီး အဆိုပါတွေ့ဆုံသောဓာတ် ပုံမှာ လူမှုမြင်ကွင်းသို့ ပထမဆုံး ထွက်ပေါ်လာခဲ့သည်။ Mr.Song Tao သည် ဒေါ်အောင်ဆန်းစု ကြည်၏ ဩဂုတ် ၁၇ ရက်တရုတ် နိုင်ငံခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံ သို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး ဒေါ် အောင်ဆန်းစုကြည်နှင့် ဩဂုတ် ၁၁ ရက်က တွေ့ဆုံခဲ့သေးသည်။ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည် နေပြည် တော်ခရီးစဉ်တွင် နိုဝင်ဘာ ၂၅ ရက်၌ သမ္မတဟောင်းဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးသန်းရွှေတို့နှင့် သီးခြားစီ တွေ့ဆုံခဲ့သည်။ ထို့အ ပြင် နိုဝင်ဘာ ၂၆ ရက်တွင် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရ ဦးရွှေမန်းနှင့်တွေ့ဆုံခဲ့သည်။ သမ္မတဟောင်း ဦးသိန်းစိန် နှင့် KNU ဥက္ကဋ္ဌတို့၏တွေ့ဆုံမှုအ ခြေအနေနှင့်ပတ်သက်၍ ဖဒိုစော ကွယ်ထူးဝင်းက ‘‘နေပြည်တော် ကို ရောက်တဲ့အချိန်မှာ သွားနှုတ် ဆက်တာပါပဲ။ သူက အေးဆေး အနားယူနေတယ်။ သူက ကျွန် တော်တို့ ဒီငြိမ်းချမ်းရေးတည် ဆောက်တဲ့နေရာမှာ အပြီးအဆုံး မလုပ်နိုင်သေးတော့ ခင်ဗျားတို့ ဆက်ပြီး သယ်သွားပါလို့ ဒါပဲ ပြောတယ်’’ဟု ဆိုသည်။ ဦးသန်းရွှေ တပ်မတော် ခေါင်းဆောင်တာဝန်ယူစဉ်က တပ်မတော်နှင့် KNU အဖွဲ့အစည်းတို့အကြား တိုက်ပွဲများပြင်းထန် စွာ ဖြစ်ပွားခဲ့သည်။ KNU အဖွဲ့ ခေါင်းဆောင်များအနေဖြင့် သမ္မ တဦးသိန်းစိန်လက်ထက် ၂၀၁၂ တွင် အပစ်ရပ်စဲရေးဆောင်ရွက် ပြီးနောက် အစိုးရခေါင်းဆောင် များ၊ တပ်မတော်ခေါင်းဆောင် များနှင့် ရင်းနှီးသည့်ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့ပြီး အကြိမ် ပေါင်းများစွာ သီးခြားတွေ့ဆုံနိုင်ခဲ့သည့် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းတစ်ခုဖြစ် သည်။ KNU ဥက္ကဋ္ဌ၏ယခုနေပြည် တော်ခရီးစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ရရန် တင်ပြခဲ့သော်လည်း တွေ့ဆုံနိုင် ခဲ့ခြင်းမရှိသေးကြောင်း သတင်း ရရှိသည်။
Source : http://ift.tt/2gx2e6x
via IFTTT
Source : http://ift.tt/2gx2e6x
via IFTTT
Frontier Myanmar - Burmese
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံနယ်စပ်၊ တရုတ်နိုင်ငံဖက်အခြမ်း ရွှေလီမြို့တွင် နိုဝင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက စတင်ကာ တရုတ်စစ်တပ်က လက်နက်ကြီးများအပါအဝင် စစ်တပ်အင်အား တိုးမြှင့်ချထားနေမှုကို မူဆယ်မြို့မှ Frontier သတင်းထောက်က သတင်းပေးပို့ထားသည်။
Source : http://ift.tt/2glQ8xW
via IFTTT
Source : http://ift.tt/2glQ8xW
via IFTTT
Saturday, November 26, 2016
7Day Daily - ၇ ရက် နေ့စဉ် သတင်းစာ
မြန်မာသံရုံး ဗုံးခွဲရန် ကြံစည်သူ တစ်ဦးကို အင်ဒိုရဲတပ်ဖွဲ့ ဖမ်းဆီး အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဂျကာတာမြို့တော်ရှိ မြန်မာသံရုံးကို ဗုံးခွဲရန် ကြံစည်ခဲ့သည့် အစ္စလာမ်မစ် အစွန်းရောက် ဝါဒီတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ သံသယ တရားခံ၏ လက်ထဲတွင် ဗုံးပြုလုပ်ရန် လိုအပ်သော ပစ္စည်းအများအပြားကိုပါ တစ်ပါတည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းသည် လာမည့်လတွင် မြန်မာသံရုံးကို ဗုံးခွဲရန်နှင့် အခြားသော အစိုးရ အဆောက်အအုံများကိုပါ တိုက်ခိုက်ရန် စီစဉ်ထားကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ ဖမ်းဆီးခံရသူ၏ အမည်မှာ ရီယို ပရီယတ်နာ ဝီဘာဝါဖြစ်ပြီး အသက် ၂၃ နှစ်ရှိပြီဟု သိရသည်။ ၎င်းသည် အိုင်အက်စ် စစ်သွေးကြွများကို ထောက်ခံသည့် အင်ဒိုအခြေစိုက် အစွန်းရောက် အစ္စလာမ်မစ် အဖွဲ့ဝင် တစ်ဦးဟု ယုံကြည်ရသည်။ ဒေသခံ မီဒီယာများ၏ အဆိုအရ ၎င်းထံမှ သိမ်းဆည်းရမိသည့် ဖောက်ခွဲရေး ပစ္စည်းအားလုံးကိုသာ အသုံးပြုခဲ့မည် ဆိုပါက ၂၀၀၂ ခုနှစ်က ဖြစ်ပွားသည့် လူပေါင်း ၂၀၂ ဦး သေဆုံးသော ဘာလီဗုံးဖောက်ခွဲမှုထက် ပြင်းအားနှစ်ဆ ပိုများနိုင်ကြောင်း သိရသည်။ ဝီဘာဝါသည် တက္ကသိုလ်တွင် စိုက်ပျိုးရေးသိပ္ပံ ဘာသာရပ်ကို သင်ယူခဲ့ပြီး လတ်တလောတွင် အလုပ်လက်မဲ့ ဖြစ်နေသူဟု ဆိုသည်။ ၎င်းသည် ဗုံးလုပ်နည်းများကို ကိုယ်ပိုင် အစီအစဉ်များဖြင့် စုံစမ်း သင်ယူခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ ဒေသအချို့သို့ ဖောက်ခွဲရေး ပစ္စည်းများကို ဖြန့်ဝေပေးပို့ရန် စီစဉ်ထားကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဘွိုင်ရက်ဖ်လီ အေမာက နိုဝင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ အင်ဒိုသည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း အိုင်အက်စ်နှင့် ဆက်စပ်သည့် တိုက်ခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ယင်းတို့အနက် အဆိုးရွားဆုံးအဖြစ် ဇန်နဝါရီက ဂျကာတာတွင် သေနတ်များ၊ ဗုံးများဖြင့် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားရာ လူ ၄ ဦး သေဆုံးခဲ့သည်။ အင်ဒိုသည် ကမ္ဘာပေါ်တွင် မွတ်ဆလင် အရေအတွက် အများဆုံး နေထိုင်သည့် နိုင်ငံကြီးတစ်ခုဖြစ်ရာ အိုင်အက်စ်တို့၏ အစွန်းရောက် အစ္စလာမ်မစ် ဝါဒီများ စိမ့်ဝင်လာမည်ကို အာဏာပိုင်များက စိုးရိမ်လျက်ရှိသည်။ ဂျကာတာရှိ မြန်မာသံရုံး ရှေ့မှောက်တွင် နိုဝင်ဘာ ၂၅ ရက်ကလည်း ဘင်္ဂါလီအရေးနှင့် ဆက်စပ်၍ ဆန္ဒပြမှုများ နိုဝင်ဘာ ၂၅ ရက်က ဖြစ်ပွားခဲ့ရာ လုံခြုံရေးအဆင့် မြှင့်တင် သတ်မှတ်ထားသည်။ Ref: CNA
Source : http://ift.tt/2gfoCCg
via IFTTT
Source : http://ift.tt/2gfoCCg
via IFTTT
ကျူးဘား ကွန်မြူနစ် ခေါင်းဆောင်ကြီး ဖီဒယ်ကက်စထရို ကွယ်လွန် ဟာဗားနား၊ နိုဝင်ဘာ ၂၆ ကျူးဘားနိုင်ငံ သမ္မတဟောင်းနှင့် ကွန်မြူနစ် တော်လှန်ရေး ခေါင်းဆောင်ကြီး ဖီဒယ်ကက်စထရို (အသက် ၉၀) သည် ယနေ့(နိုဝင်ဘာ ၂၆ ရက်)တွင် ကွယ်လွန်သွားပြီဖြစ်သည်ဟု ကျူးဘား နိုင်ငံပိုင် ရုပ်သံဌာနက သတင်းထုတ်ပြန်သည်။ ဖီဒယ်ကက်စထရိုသည် ကွယ်လွန်ချိန်တွင် အသက် ၉၀ ရှိပြီဖြစ်ပြီး မည်သည့် ရောဂါကြောင့် ကွယ်လွန်သွားရသည်ကို သတင်းထုတ်ပြန်ခြင်း မရှိသကဲ့သို့ မည်သည့်နေ့ရက်တွင် ဈာပန အခမ်းအနား ကျင်းပမည်ဟူသော အသေးစိတ် သတင်း အချက်အလက်ကိုလည်း ထုတ်ပြန်ခြင်း မရှိသေးပေ။ ကက်စထရိုသည် ကျူးဘားနိုင်ငံကို ရာစု နှစ်ဝက်နီးပါးမျှ တစ်ပါတီ စနစ်ဖြင့် ဦးဆောင် အုပ်ချုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ၎င်း၏ ညီဖြစ်သူ ရာအူးကို အာဏာ လွှဲပြောင်းပေးခဲ့သည်။ ကက်စထရိုကို ထောက်ခံသူများက ၎င်းသည် ကျူးဘား နိုင်ငံတော်ကို ပြည်သူများ လက်ဝယ်သို့ ပြန်လည် အပ်နှင်း ပေးနိုင်ခဲ့သော သူရဲကောင်း တစ်ဦးအဖြစ် အမြဲတစေ ချီးမွမ်း ပြောဆိုကြသည်။ ကက်စထရိုကို ဆန့်ကျင် ကန့်ကွက်သူများကမူ ၎င်းနှင့် ၎င်း၏ ကွန်မြူနစ် အစိုးရသည် အတိုက်အခံ နိုင်ငံရေးသမားများအပေါ် ရက်စက် ကြမ်းကြုတ်စွာ ဖိနှိပ် အုပ်ချုပ်ခဲ့သည်ဟု စွပ်စွဲ ပြောဆိုကြသည်။
Source : https://goo.gl/IOSyLx
via IFTTT
Source : https://goo.gl/IOSyLx
via IFTTT
The Voice
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး ပေါက်ကွဲမှုမှ မသင်္ကာသူ သုံးဦး ဖမ်းမိ၊စစ်ဆေးရာမှ ပေါက်ကွဲစေမည့် ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်း ပေါက်ကွဲမှုနှင့် ပတ်သက်၍ မသင်္ကာသော အမျိုးသား သုံးဦးကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး စစ်ကြောရေးခန်းတွင် စစ်ဆေးရာမှ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမှိုက်ပုံ အနောက်တွင် ဖွက်ထားသည့် ပေါက်ကွဲမှု ပြုလုပ်ရာတွင် အသုံးပြုသည့် M150 အချိုရည် ပုလင်းများ သိမ်းဆည်း ရမိခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးဝင်းအတွင်း၌ နိုဝင်ဘာ ၂၅ ရက် ညက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က မသင်္ကာသူ အမျိုးသမီးကို ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ "ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မသင်္ကာတဲ့ အမျိုးသမီး ၂ ယောက်ကို စစ်ဆေးခဲ့ရာက သူတို့ ယောက်ျား နှစ်ယောက်ကို မိခဲ့တယ် ၊ အသေးစား ပေါက်ကွဲမှုကို သူတို့ ပြုလုပ်ခဲ့ကြောင်း ဝန်ခံထားပြီး ပေါက်ကွဲစေမယ့် ပုလင်းတွေ ဖွက်ထားတဲ့ နေရာပါ သိရလို့ သက်ဆိုင်ရာက တာဝန်ရှိသူတွေ လိုက်လံ သိမ်းဆည်းနေတယ် " ဟု ၎င်းက ဆိုသည်။ ဖမ်းမိထားသူများမှာ အဆိုပါ ရုံးဝင်းထဲ အသေးစား ပေါက်ကွဲမှုများ ပြုလုပ်ခဲ့သည့် အပြင် ရန်ကုန်မြို့တွင်းရှိ Ocean Center Capital Hypermarket နှင့် ဒဂုံတောင် လဝက ရုံးတို့တွင် ပေါက်ကွဲမှုများနှင့် ဆက်စပ်မှု ရှိ၊မရှိ စစ်ဆေးနေကြောင်း သိရသည်။ sources; The Voice
Source : https://goo.gl/WzGKl3
via IFTTT
Source : https://goo.gl/WzGKl3
via IFTTT
Friday, November 25, 2016
RFA Burmese
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးအောက်ထပ်မှာ ဒီကနေ့ ညက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ရန်ကုန်တိုင်း အစိုးရအဖွဲ့ လဝက ရုံးအောက်ဆုံးထပ်မှာ M150 လက်လုပ်ဗုံး ၂လုံး ပေါက်ကွဲတာလို့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အတည်ပြုပြောပါတယ်။ အလားတူ မနေ့ကလည်း ဒဂုံမြို့သစ်တောင်ပိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနရုံးမှပေါက်ကွဲ ၅ကြိမ်ဖြစ်ခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုအားလုံးဟာ M150 အချိုရည်ပုလင်းကို အသုံးပြုထားတယ်လို့အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
Source : http://ift.tt/2gGWlba
via IFTTT
Source : http://ift.tt/2gGWlba
via IFTTT
Thursday, November 24, 2016
Eleven Broadcasting
မြစ်ကြီးနား ပြည်ထောင်ဘူတာဝင်းအတွင်း ရထားနှစ်စင်း ခေါင်းချင်းဆိုင်တိုက်မှု ဖြစ်ပွား(ရုပ်သံ) ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်ထောင်ဘူတာဝင်းအတွင်းမှာ ဒီကနေ့ နိုဝင်ဘာ ၂၄ ရက် မနက် ၂နာရီ ၃၅ မိနစ်က ရပ်ထားတဲ့ အစုန်ရထားတစ်စီးနဲ့ ခုတ်မောင်းလာတဲ့ အဆန်ရထားတစ်စီးတို့ ခေါင်းချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Source : http://ift.tt/2gk8YEG
via IFTTT
Source : http://ift.tt/2gk8YEG
via IFTTT
7Day News Journal
ရန်ကုန်မြို့လယ် သမ္မတရုပ်ရှင်ရုံအနီးရှိ ခုံးကျော်တံတား ဘေးတွင် အမျိုးသမီးတစ်ဦးကို သတ်ကာ အလောင်းစွန့်ပစ်ခဲ့ သည့် တရားခံ အာမင်း (ခ) ဝင်း ဇော်ထွန်းအား အနောက်ပိုင်းခရိုင် တရားရုံးက သေဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ပြီးခဲ့သည့် ၂ဝ၁၅ မေလ ၂၉ ရက်က သေဆုံးသူ အသက် (၂၅) နှစ်အရွယ် မချောစုခင်ထံမှ ရစရာ ရှိသည့် ကျပ်သုံးသောင်းတောင်း ရာ မပေးသဖြင့် အသက် (၁၅)နှစ် အရွယ် ချစ်ဆန်းလတ်၊ အသက် (၁၆)နှစ်အရွယ် ဝေဠုကျော်နှင့် အသက်(၂ဝ)အရွယ် အာမင်း (ခ)ဝင်းဇော်ထွန်းတို့ သုံးဦးတို့သည်၎င်းနှင့် စကားများရန်ဖြစ်ပြီး သေ ဆုံးသူအမျိုးသမီးအား အဓမ္မပြုကျင့်ကာ ဦးခေါင်းကို ခဲဖြင့်ထု၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပန်း ဘဲတန်းမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။ ပြစ်မှုကျူးလွန်သူသုံးဦး သည် သေဆုံးသူ အမျိုးသမီးကို ဝိုင်းချုပ်ကာ တစ်ယောက်တစ် လှည့်စီ အဓမ္မပြုကျင့်ပြီးနောက် အာမင်း (ခ) ဝင်းဇော်ထွန်းက ကွန်ကရစ်အပိုင်းဖြင့် နောက်စေ့ ကို နှစ်ချက်ထုပြီး လဲကျသွားသော အခါ ဝေဠုကျော် (ခ) ဝေလင်းက လက်ထဲရှိ တီဗီကော်ဘူးဖြင့် ရင် ဘတ်ကို အချက်ပေါင်းများစွာထု ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ရဲတပ် ဖွဲ့မှ သိရသည်။ အမျိုးသမီးတစ်ဦးကို အဓမ္မ ပြုကျင့်သတ်ဖြတ်ကာ အလောင်း စွန့်ပစ်ခဲ့သည့် အာမင်း (ခ) ဝင်း ဇော်ထွန်း အမှုတွင် တရားလိုပြ သက်သေ ၁ဝ ဦး၊ တရားခံပြသက် သေငါးဦးခန့်အား စစ်ဆေးကာ သေဒဏ်ကျခံစေရန် အမိန့်ချမှတ် ခဲ့ကြောင်း အနောက်ပိုင်းခရိုင် တရားရုံးမှ သိရသည်။ အဆိုပါအမှုကို အနောက် ပိုင်းခရိုင်တရားရုံးရှိ ဒုတိယခရိုင် တရားသူကြီး (၆)က တာဝန်ယူ စစ်ဆေးခဲ့ပြီး ခုနစ်နှစ်အထိ ထောင်ဒဏ် ချမှတ်ခံထိုက်သော ပြစ်မှုကို ကျူးလွန်နေစဥ် လူသတ် မှုကျူးလွန်သည့် ပုဒ်မ ၃ဝ၂(၁) (ဂ)ဖြင့် နိုဝင်ဘာ ၂၃ ရက်က အ မိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ အနောက်ပိုင်းခရိုင်တရားရုံး သို့ တရားစွဲဆိုတင်ပို့စဥ်က တရား ခံ ဝင်းဇော်ထွန်းကို အပြင်းအထန် နာကျင်စေမှု၊ အဓမ္မပြုကျင့်မှု၊ လုယက်မှု၊ လူသတ်မှုပုဒ်မများ ဖြင့် တရားစွဲဆိုခဲ့သော်လည်း ဒု ခရိုင်တရားသူကြီး (၆)က ၃ဝ၂ (၁) (ဂ)ဖြင့် စွဲချက်တင်အမိန့်ချ မှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်၍ အာမင်း (ခ) ဝင်းဇော်ထွန်းကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးရှိ ဒုခရိုင်တရားသူကြီး (၆)က တာဝန်ယူစစ်ဆေးခဲ့ပြီး အသက်မပြည့်သေး သည့် ချစ်ဆန်းလတ်နှင့် ဝေဠုကျော်တို့ကို ကလေးသူငယ် တ ရားရုံးတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။
Source : http://ift.tt/2frB0xc
via IFTTT
Source : http://ift.tt/2frB0xc
via IFTTT
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် လဝက ဦးစီးမှူးရုံး ပေါက်ကွဲမှုဖြစ်
24-Nov-2016 tagged as ပေါက်ကွဲမှု ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် လဝက ဦးစီးမှူးရုံး၌ ယနေ့ (နိုဝင်ဘာ ၂၄ ရက်) မွန်းလွဲ ၃ နာရီခွဲက ပေါက်ကွဲသံ ထွက်ပေါ်ခဲ့သဖြင့် တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ အသေးစားဗုံး ငါးလုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ နေရာသို့ ရောက်ရှိနေသည့် The Voice သတင်းထောက်က သတင်းပေးပို့သည်။ ယင်းသတင်းနှင့် ပတ်သက်၍ ထပ်မံသိရှိလာမည့် နောက်ဆက်တွဲ သတင်းများကို ထပ်မံဖော်ပြပေးသွားမည် ဖြစ်ပြီး မနက်ဖြန် (နိုဝင်ဘာ ၂၅ ရက်) ထုတ် သတင်းစာတွင်လည်း အပြည့်အစုံ ဖော်ပြပေးသွားမည် ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ ဓာတ်ပုံ - ခိုင်စိုးလင်း
Source : https://goo.gl/FDPOCu
via IFTTT
Source : https://goo.gl/FDPOCu
via IFTTT
Eleven Broadcasting
မြန်မာနိုင်ငံ၌ ရုရှားနိုင်ငံက လယ်ယာစိုက်ပျိုးရေး၊ သတ္တုနှင့် ဆက်သွယ်ရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် လာမည့်နှစ်အတွင်း လာရောက်မည် (ရုပ်သံ) ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ ရုရှားစီးပွားရေး လုပ်ငန်းရှင်တွေ လာမယ့်နှစ်အတွင်း လာရောက် ရင်းနှီးမြှုပ်နှံဖို့ ရှိတယ်လို့ သိရပါတယ်။
Source : http://ift.tt/2fqEjVC
via IFTTT
Source : http://ift.tt/2fqEjVC
via IFTTT
The Voice
မူဆယ် - လားရှိုး လမ်းဖြတ်ယာဉ်များ ဖောက်ခွဲမည်ဟု တိုင်းရင်းသား လက်နက်ကိုင်များ ခြိမ်းခြောက်ဟုဆို မူဆယ်၊ နိုဝင်ဘာ ၂၃ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စု လမ်းမကြီးပေါ်တွင် (လားရှိုး - မူဆယ် လမ်းပိုင်း) သွားလာနေသည့် မော်တော်ယာဉ်များကို မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုက တားဆီးပိတ်ဆို့ကာ သော့များကို သိမ်းယူ၍ ဖောက်ခွဲပစ်မည်ဟု ခြိမ်းခြောက်ကြောင်း ကိုယ်တွေ့ ကြုံခံရသူနှင့် ဒေသခံ ခရီးသွားများထံမှ စုံစမ်း သိရှိရသည်။ ယင်းသို့ မော်တော်ယာဉ်များကို တားဆီး ပိတ်ဆို့ကာ ကန့်လန့် ထိုးထားပြီး သော့များ သိမ်းယူထားခြင်းသည် တပ်မတော် စစ်ကြောင်းများကို ပိတ်ဆို့စေရေးအတွက် ကြားခံဒိုင်းသဖွယ် သုံးချနေခြင်းဖြစ်ကြောင်း ၎င်းတို့၏ အဆိုအရ သိရသည်။ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၁ဝ နာရီခန့်က မူဆယ်- လားရှိုး ပြည်ထောင်စု လမ်းမကြီးအပိုင်း မူဆယ်မှ အထွက် မိုင်းယုတောင်ကြောပေါ် တာလုံနှင့် မော်တောင်းကြား တောင်အကွေ့တစ်ခုတွင် TNLA လက်နက်ကိုင် အဖွဲ့က ခရီးသည်ယာဉ်များ၊ ၁၂ ဘီး ယာဉ်များကို တာဆီးပြီး လမ်းပေါ် ကန့်လန့် ထိုးထားကာ ယာဉ်ကြီးများ၏ သော့များကို သိမ်းယူထားကြောင်း၊ စစ်တပ် ရောက်ရှိလာပါက ပိတ်ရပ် ထားသည့် မော်တော်ယာဉ်များကို ဖောက်ခွဲ ပစ်မည်ဟု ခြိမ်းခြောက်ကြောင်း မူဆယ်- ကွတ်ခိုင် နေ့ချင်းပြန် ယာဉ်မောင်းနှင်သူ ဦးပြည့်စုံက ပြောကြားသည်။ လက်နက်ကိုင် TNLA အဖွဲ့မှာ နေ့စဉ် ပြည်ထောင်စုလမ်းပေါ် သွားလာနေသည့် မော်တော်ယာဉ်များကို လမ်းပေါ်၌ ကန့်လန့်ထားပြီး ကားသော့ ဖြုတ်ယူကာ ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း၊ စစ်တပ်မှ လမ်းကြောင်း ရှင်းရန် လိုက်လာခြင်းနှင့် စစ်ကြောင်းများ ဖြတ်သန်းသွားလာခြင်း အခက်အခဲ ဖြစ်အောင် ပိတ်ဆို့ထားခြင်း ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ် ပြောဆိုသည်။ မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုသည် နိုဝင်ဘာ ၂၂ ရက်နေ့ နံနက် ၈ နာရီက ကွတ်ခိုင်နှင့် မူဆယ်အကြား နမ့်နိုင်ကျေးရွာ လမ်းပေါ်တွင် ၂၂ ဘီး ယာဉ်ကြီး တစ်စီး၊ ဆီဘောက်ဆာ တစ်စီး၊ ၁၂ ဘီးယာဉ် လေးစီးတို့ကို လမ်းမပေါ်တွင် ကန့်လန့်ပိတ် ထားစေပြီး ကားသော့များ ဖြုတ်ယူခဲ့ကြောင်း၊ ပြီးခဲ့သည့် ရက်ကလည်း မော်တော်ယာဉ် တစ်စီးပေါ်တွင် သေနတ် ဒဏ်ရာဖြင့် ယာဉ်မောင်း တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံ ယာဉ်မောင်းများထံမှ သိရသည်။ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီတွင် ကွတ်ခိုင်- မူဆယ်လမ်းအပိုင်း နမ့်ကွတ်ကျေးရွာ လမ်းပေါ်တွင် ဖရဲသီးများ တင်ဆောင်လာသည့် ၁၂ ဘီး မော်တော်ယာဉ် တစ်စီးကိုလည်း ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို ယာဉ်ပေါ်မှ ဆင်းခိုင်းပြီး မော်တော်ယာဉ်ကို ဖောက်ခွဲခဲ့ကြောင်း ယင်းမော်တော်ယာဉ် မောင်းနှင်သူဆိုသူ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။ AA/ TNLA/ MNDAA/ KIA ပေါင်းထားသည့် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်၊ ကွတ်ခိုင်နှင့် မုံးကိုး၊ ကြူကုတ်၊ ပန်ဆိုင်း ဒေသများကို တိုက်ခိုက်လျက်ရှိရာ နယ်မြေခံ တပ်ရင်းများက လိုက်လံ ချေမှုန်းနေကြောင်း၊ တပ်မတော်က ချေမှုန်းချိန်တွင် ကြန့်ကြာစေရန်အတွက် လမ်းကြောင်းပေါ်ရှိ မော်တော်ယာဉ်များကို ပိတ်ဆို့ကာ ဒိုင်းသဖွယ် ခုခံနေခြင်း ဖြစ်ကြောင်း မူဆယ်မြို့ရှိ မော်တော်ယာဉ် အသင်းမှ ဂိတ်မှူး ဦးအောင်က ပြောဆိုသည်။ ကုန်စည် စီးဆင်းမှုကို မလိုလားသဖြင့် ကုန်တင်ယာဉ်များ သွားလာနိုင်ခြင်း မရှိစေရန် တရုတ်- မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုဇုန်ကို ဖျက်ဆီးလိုက်ခြင်းဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှု ရပ်တန့်သွားစေရန် ရည်ရွယ် လုပ်ဆောင်နေတာ ဖြစ်ကြောင်း၊ တပ်မတော် စစ်ကြောင်းများ သွားလာမှုကို ဟန့်တားစေရန် တံတားများ ချိုးခြင်းစသည်တို့ လုပ်ဆောင်ရာတွင် မော်တော်ယာဉ်များကို ဒိုင်းသဖွယ် ကာရံနေခြင်း ဖြစ်ကြောင်း ဒေသခံများအကြား ဝေဖန် ပြောဆိုလျက် ရှိသည်။ လက်ရှိ အခြေအနေတွင် လားရှိုး- မူဆယ် ပြည်ထောင်စု လမ်းမကြီး အပိုင်းတွင် ကုန်တင်၂၂ ဘီးယာဉ်ကြီးများမှာ နမ့်ပေါ့ တံတား ပေါက်ပြဲခြင်းနှင့် သိန်းနီ တံတား ကြမ်းခင်းများ ပေါက်ပြဲနေခြင်း တို့ကြောင့် သွားလာနိုင်ခြင်း မရှိသော်လည်း မသွားမဖြစ် သွားလာနေရသူများကို ဆက်ကြေး တောင်းခံခြင်းများ ရှိနေကြောင်း ဒေသခံ မော်တော်ယာဉ်မောင်းများထံမှ သိရသည်။
Source : https://goo.gl/sXCFNV
via IFTTT
Source : https://goo.gl/sXCFNV
via IFTTT
Eleven Broadcasting
တရုတ်နိုင်ငံ ၀မ်တိန်ဒေသနှင့် မန်ဟိုင်းဒေသကို လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခြင်းကြောင့် တရုတ်နိုင်ငံမှ အကြောင်းကြားစာ ပေးပို့လာမှု အပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန် (ရုပ်သံ) နို၀င်ဘာလ ၂၀ ရက်နေ့က တရုတ်နိုင်ငံ ၀မ်တိမ်ဒေနဲ့ မန်ဟိုင်းဒေသကို မြန်မာနိုင်ငံဘက်က လက်နက်ကြီးကျည် ၁၃ လုံး ကျရောက်ပေါက်ကွဲခဲ့တာကို တယ်ဟုန်တိုင်း အခြေချ နယ်စပ်ကာကွယ်ရေး တပ်ဖွဲ့က အကြောင်းကြားစာ ပေးပို့လာခဲ့မှုနဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက နို၀င်ဘာလ ၂၃ ရက် ညပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ရုပ်သံသတင်း ကြည့်ရှုရန် -----> http://ift.tt/2fqBDHD
Source : http://ift.tt/2fqBDHD
via IFTTT
Source : http://ift.tt/2fqBDHD
via IFTTT
Wednesday, November 23, 2016
Eleven Broadcasting
Eleven Broadcasting သထုံမြို့မ ရဲစခန်းတွင် ချုပ်နှောင်ထားသော အချုပ်သား သေဆုံးခဲ့မှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့၀င် (၇) ဦး အား အလုပ်နှင့်ထောင်ဒဏ် (၈) နှစ်စီ အမိန့်ချမှတ် (ရုပ်သံ)
Source : http://ift.tt/2foGtoM
via IFTTT
Source : http://ift.tt/2foGtoM
via IFTTT
The Voice
ရန်ကုန်မြို့တော် တွင် ဈေးဆိုင်ခန်းပေါင်း တစ်ထောင်ကျော် ပါဝင်သော ညဈေးတန်း စတင်ဖွင့်လှစ် ရန်ကုန်၊ နိုဝင်ဘာ၂၃ ရန်ကုန်မြို့တော် တွင် ဈေးဆိုင်ခန်းပေါင်း တစ်ထောင်ငါးရာကျော် ပါဝင်သော ည ဈေး တန်း တစ်ခုကို ကမ်းနားလမ်း (သခင်မြပန်းခြံ အနီးမှ ပန်းဆိုးတန်း ကမ်းနား အထိ) တွင် နိုဝင်ဘာ ၂၃ ရက်နေ့ ညနေ ၆နာရီက စတင် ဖွင့်လှစ်လိုက်သည်။ ရန်ကုန်မြို့နေပြည်သူလူများ ဘဝအမော ပြေစေရန် ပထမဆုံး ညဈေးတန်းကို ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပြီး ဘေးကင်း လုံခြုံရေးအတွက် CCTV ၁၃၇ လုံးတပ်ဆင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ အဆိုပါ ညဈေးတန်းတွင် ရန်ကုန်မြို့တွင်းရှိ ပန်းဘဲတန်း ကျောက်တံတား လသာနှင့် လမ်းမတော်မြို့နယ်မှ လမ်းဘေး ဈေးသည် များကို ဦးစားပေး နေရာချထားပြီး သက်ဆိုင်ရာမြို့နယ်အလိုက် ဆိုင်ခန်းများ နေရာချထားပေးသော နေရာများတွင် စည်းကမ်းတကျဖြင့် ရောင်းချရမည်ဖြစ်ကြောင်း ဈေးရောင်းချရန် နေရာအဖြစ် ကားပါကင်နေရာများကို သတ်မှတ်ကပေးထားကြောင်း၊ ဈေးရောင်းချမည့်သူများနှင့် ပြည်သူများအတွက် ရေပေးဝေရေးစနစ်များနှင့် အများပြည်သူ သုံးသန့်စင်ခန်း အလုံး ၄ဝကို ဆောက်လုပ် ပေးထားပြီး အမှိုက်သိမ်း စနစ်ကိုလည်း စနစ်တကျ ဆောင်ရွက်ပေးသွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ ညဈေးတန်း၌ ဈေးဆိုင်ခန်းတစ်ခန်းလျှင် ကျပ်တည်းမှု မရှိစေရန်အတွက် အကျယ်အဝန်း ရှစ်ပေ/လေးပေ နေရာချပေးထားပြီး ဈေးဆိုင်ခန်း တစ်ထောင်ကျော်ကို နေ့စဉ်မွန်းလွဲ၃နာရီမှ ညပိုင်း ၁၁နာရီ အထိ ဖွင့်လှစ် ရောင်းချခွင့်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်( ၅) ဒေါ်သန်းမြင့်အောင်က အသိပေးသည်။ “ဒီနေ့က ပထမဆုံးနေ့မို့ ဈေးရောင်းရတာ သိပ်အဆင်မပြေပါဘူး။ နောက်နေ့တွေမှာတော့ ရောင်းကောင်းမယ်လို့ ထင်ပါတယ် ”ဟု မြန်မာမုန့်များ ရောင်းချသူ ဒေါ်မိုးမိုးအေးက ဆိုသည်။ ကမ်းနားတစ်လျှောက်တွင် ညဈေးတန်းပြုလုပ်ရန် ယခင်အစိုးရ လက်ထက်ကတည်းက ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ဘဲ ယခုအစိုးရ လက်ထက်တွင် ညဈေးတန်း ပြုလုပ်နိုင်ရန် အကောင်အထည် ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။. “ညဈေးတန်းလိုမျိုး ဖွင့်လှစ်ထားတာ ပထမဆုံး လမ်းလျှောက်ဖူးတာပါ ညဈေးတန်းကို ဈေးသည်တွေအနေနဲ့ စည်းကမ်းစနစ်တကျ ဖွင့်လှစ်မယ်ဆိုတော့ ညဘက် လည်ပတ်မုန့်စားချင်တဲ့ သူတွေရော အရမ်းကောင်းတဲ့ အစီအစဉ်ပါ ”ဟု လမ်းမတော်မြို့နယ်တွင် နေထိုင်သူ ဦးကျော်ညွှန့်က ပြောကြားသည်။
Source : https://goo.gl/yziDiu
via IFTTT
Source : https://goo.gl/yziDiu
via IFTTT
The Voice
ကမ္ဘာမြေပေါ်ရှိ သက်ရှိတို့၏ သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်ကြောင်း စတီဖင် ဟော့ကင်း ပြောကြား ဝါရှင်တန်၊ နိုဝင်ဘာ ၂၂ ကမ္ဘာမြေပြင်ပေါ်ရှိ သက်ရှိများ အသက်ရှင်သန် နေထိုင်ရမည့် သက်တမ်းမှာ များစွာ မကျန်တော့ကြောင်း၊ လာမည့် နှစ်တစ်ထောင်ခန့်အတွင်း ပျက်စီးသွားနိုင်ကြောင်း ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး စတီဖင် ဟော့ကင်းက အောက်စ်ဖို့ဒ်တွင် ပြောကြားခဲ့ကြောင်း The Independent သတင်းတွင် ဖော်ပြထားသည်။ အာတိတ် ရေခဲပြင ်ဒေသကြီးသည် ယခင်ထက် ၃၆ ဒီဂရီ ပိုပြီး အပူချိန် မြင့်တက်လာကာ၊ ကမ္ဘာ့ အပူချိန် မြင့်တက်လာသည်နှင့်အမျှ မုန်တိုင်းများ၏ ဒဏ်ကိုလည်း မကြာခဏ ခံလာကြရကြောင်း၊ ကမ္ဘာပေါ်တွင် ကာဘွန်ဒိုင် အောက်ဆိုက် ဓာတ်များ ဖုံးလွှမ်းမှု အဆင့်ကလည်း ပိုပြီး များလာကာ ရာသီဥတု ပြောင်းလဲနေမှုများက မူလ အနေအထားအတိုင်း တည်ငြိမ်စွာ ပြန်ဖြစ်လာရေးကို အခက်အခဲများ ဖြစ်လာကြောင်း၊ ထို့ကြောင့် ကမ္ဘာကြီးသည် အတိုင်းအတာ အကန့်အသတ် တစ်ခုအတွင်းသာ ရှိတော့ကြောင်း ဟော့ကင်းက ပြောကြားခဲ့သည်။ “ကမ္ဘာမြေကြီးမှာ သဘာဝ ဘေးဒဏ်တွေ များလွန်းလာတာကြောင့် ရှင်သန် ရပ်တည်နိုင်ရေးဟာ အားနည်းသည်ထက် နည်းလာပါပြီ၊ လာမယ့် နှစ်ပေါင်း ၁၀ဝဝ သို့မဟုတ် ၁၀ဝဝဝ ကာလများအတွင်း ကမ္ဘာကြီးဟာ ပျက်စီးတော့မယ်”ဟု ယင်းက ဆိုသည်။ လူသားများ အနေနှင့် မိမိတို့ တတ်ကျွမ်းထားသော နည်းပညာများကို အသုံးချပြီး အချိန်မီ အခြား နေထိုင် ရှင်သန်နိုင်မည့် ဂြိုဟ်တစ်ခုခုကို ရှာဖွေသင့်ကြောင်း၊ ကမ္ဘာကြီး နိဂုံးချုပ်လုနီးပြီ ဖြစ်နေသောကြောင့် မိမိတို့ လူသား အချင်းချင်း အကာအကွယ် ပေးနိုင်မည့် ကိုယ်ကျင့်တရားဆိုင်ရာ အချက်အလက်များကိုလည်း ချမှတ်ထားသင့်ကြောင်း ဟော့ကင်းက တိုက်တွန်းထားသည်။ စတီဖင် ဟော့ကင်းသည် လွန်ခဲ့သည့် နှစ်များကတည်းက လူသားများ အနေနှင့် ဉာဏ်ရည်တု (AI) များ ထုတ်ဖော် စမ်းသပ်နေခြင်း၊ အထူးသဖြင့် စက်ရုပ်များ ထုတ်လုပ်ခြင်း၊ နျူကလီးယား လက်နက်များ တိုးထုတ်နေခြင်းများကိုလည်း ရပ်ဆိုင်းသင့်ကြောင်း ပြောကြားခဲ့သည်။ သဘာဝကို ပျက်စီးအောင် လုပ်နေပြီး ရာသီဥတု ပြုပြင်ပြောင်းလဲမှုများ ဖြစ်စေရန် အခြေခံကလည်း လူသားတို့သာ ဖြစ်ကြောင်း၊ ကမ္ဘာကြီးကို ဆက်ပြီး မပျက်စီးစေရန် ထိန်းသိမ်းမှုများ မပြုလုပ်နိုင်လျှင် လူသားတို့ အစောဆုံး ပျက်သုဉ်းရမည်ဟုလည်း ဆိုသည်။ လူသားတို့ ကျရောက် ပျက်သုဉ်းနိုင်သည့် ဘေးကို ကယ်တင်ရန် တစ်ခုတည်းသော နည်းမှာ ကြယ် သို့မဟုတ် အခြား ဂြိုဟ် တစ်ခုခုတွင် နေထိုင်နိုင်ရန် ခြေဆန့်ကြရန်သာ ဖြစ်ကြောင်း၊ ထရမ့်သမ္မတ ဖြစ်လာမည့် လက်ထက်တွင် ရာသီဥတု ပြုပြင် ပြောင်းလဲနေမှုများကို အလေးထားမည့်သူ မဟုတ်သောကြောင့် ကမ္ဘာကြီး ပိုပြီး ပျက်စီးလာရန်သာ ဖြစ်နိုင်ကြောင်း The Independent သတင်းတွင် ဖော်ပြထားသည်။
Source : https://goo.gl/ECIPhM
via IFTTT
Source : https://goo.gl/ECIPhM
via IFTTT
The Voice
မြန်မာနိုင်ငံတွင် ကျင်းပနေသည့် ဆူဇူကီးဖလားပွဲမှ မလေးရှားအသင်း နုတ်ထွက်ဖွယ်ရှိ ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၃ မလေးရှား လူငယ်နှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး ခိုင်ရီဂျမားလွတ်ဒင်သည် မြန်မာအစိုးရအာဏာပိုင်များက ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီမွတ်ဆလင်များ (မူရင်းသတင်းများတွင်မူ ရိုဟင်ဂျာ မွတ်ဆလင်များဟု ရေသားထား) ကို ခွဲခြားဆက်ဆံမှုများ ရှိနေသည်ဟု စွပ်စွဲကာ ယင်းကိစ္စကို မြန်မာနိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ဆူဇူကီးဖလားပြိုင်ပွဲမှနေ၍ မလေးရှားလက်ရွေးစင် ဘောလုံးအသင်း နုတ်ထွက်ခြင်းဖြင့် ဆန္ဒပြရန် မလေး ရှားအစိုးရအဖွဲ့ကို ၎င်းက တောင်းဆိုထားကြောင်း Free Malaysia Today က ဖော်ပြထားသည်။ ၀န်ကြီး ဂျမားလွတ်ဒင်သည် မလေးရှားအသင်းကို ဆူဇူကီးဖလားပြိုင်ပွဲမှနေ၍ နုတ်ထွက်ခိုင်းခြင်းဖြင့် မြန်မာအစိုးရကို သပိတ်မှောက်သင့်ကြောင်း အဆိုအား လွန်ခဲ့သည့်သီတင်းပတ်ကတည်းကပင် တင်ပြခဲ့ခြင်းဖြစ်ကာ လာမည့်သောကြာနေ့တွင်မူ ၎င်း၏အဆိုအတွက် အပြီးသတ် ဆုံးဖြတ်ချက် တစ်ခု ထွက်ပေါ်လာနိုင်လိမ့်မည်ဟု ဂျမား လွတ်ဒင်က မျှော်လင့်ထားသည်။ ဝန်ကြီးဂျမားလွတ်ဒင်သည် ၎င်း၏ တွစ်တာလူမှုကွန်ရက် စာမျက်နှာတွင် “ဆူဇူကီးဖလားပြိုင်ပွဲကနေ မလေးရှား အသင်းနုတ်ထွက်သင့်တဲ့အကြောင်းကို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကျွန်တော်တင်ပြခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ အဲ့ဒီကိစ္စအတွက် တာဝန်ရှိသူတွေ အပြီးသတ်ဆွေးနွေးသွားကြတော့မှာပါ။ သိပ်မကြာခင်မှာ အဖြေတစ်ခုကို သိကြရပါလိမ့်မယ်”ရေးသားထားပြီး ဝန်ကြီးဂျမားလွတ်ဒင်၏ အစိုးရအဖွဲ့ထံ တင်ပြထားသော ယင်းကိစ္စကို Lembah Pantai ခရိုင် အမျိုးသမီးဝန်ကြီး တစ်ဦးဖြစ်သည့် နူရယ်လ် အစ်ဇ်ဇားအန်ဝါးကလည်း ထောက်ခံထားသည်။ မလေးရှားအသင်းသည် လက်ရှိတွင် ဆူဇူကီးဖလားပြိုင်ပွဲ၌ အုပ်စုပွဲစဉ်နှစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီးဖြစ်ကာ အဆိုပါပွဲစဉ် နှစ်ပွဲတွင် မလေးရှားက ကမ္ဘောဒီးယားကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရပြီး ဗီယက်နမ်ကို တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ထားသည်။ မလေးရှားသည် လာမည့်စနေနေ့တွင် ပူးတွဲအိမ်ရှင် မြန်မာအသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ် ယှဉ်ပြိုင်ရလိမ့်မည် ဖြစ်ကာ ဝန်ကြီး ဂျမားလွတ်ဒင်၏ ရည်ရွယ်ချက်မှာ မြန်မာအသင်းနှင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားခြင်း မပြုဘဲ သပိတ်မှောက်လိုခြင်း ဖြစ်ဖွယ်ရှိသည်ဟု သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည်။
Source : https://goo.gl/wIPG1a
via IFTTT
Source : https://goo.gl/wIPG1a
via IFTTT
Eleven Media Group
Eleven Broadcasting ဟာရီကိန်းအဖြစ်သို့ ကူးပြောင်းသွားသည့့် အော့တိုမုန်တိုင်း ပနားမားကို တိုက်ခတ်သဖြင့် သုံးဦးသေဆုံး(ရုပ်သံ) ရုပ်သံသတင်းကြည့်ရှုရန် - - - -> http://ift.tt/2fqwv9K
Source : http://ift.tt/2fqwv9K
via IFTTT
Source : http://ift.tt/2fqwv9K
via IFTTT
The Voice
အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်သူကို သေဒဏ်အမိန့်ချ ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ဆူးလေဘုရားလမ်းရှိ ခုံးကျော်တံတားအောက်တွင် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးကို အဓမ္မပြုကျင့်သတ်ဖြတ်ကာ အလောင်း စွန့်ပစ်ခဲ့သောအဖွဲ့မှ အာမင်း(ခ)ဝင်းဇော်ထွန်းကို ယနေ့ (နိုဝင်ဘာ ၂၃ ရက်) မွန်းလွဲ ၂ နာရီတွင် အနောက်ပိုင်းခရိုင် တရားရုံးက သေဒဏ်အမိန့် ချမှတ်ခဲ့သည်။ ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁)(ဂ)/ ၃၄ဖြင့် အမိန့်ချမှတ်ခံရသူ အာမင်း(ခ) ဝင်းဇော်ထွန်းမှာ ၂၀၁၅ ခုနှစ် မေ ၃၀ ရက် ညနေပိုင်းက လှိုင်သာယာမြို့နယ်တွင် နေထိုင်သော အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ၎င်းအပါအဝင် အမျိုးသားသုံးဦးက ဆူးလေခုံးကျော်တံတားအောက်တွင် အဓမ္မပြုကျင့်ခဲ့ပြီး ထုရိုက်သတ်ခဲ့ကြောင်း တရားရုံးတွင် ထွက်ဆိုချက်များအရ သိရသည်။ “ပြည့်တန်ဆာ အမျိုးသမီးဆီက မိုက်ကြေးခွဲ ဆက်ကြေးတောင်းယူတာ။ အမျိုးသမီးက ငွေထုတ်မပေးလို့ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ထုရိုက်သတ်ဖြတ်ခဲ့ကြောင်း တရားလိုနဲ့ လိုပြ ခံပြသက်သေတွေရဲ့ ထွက်ဆိုချက်အရ စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် သေဒဏ်အမိန့်ချမှတ်ခဲ့တာပါ၊ အမှုတွဲမှာ ပါတဲ့ ၁၆ နှစ်အောက် အမျိုးသား နှစ်ယောက်ကို ကလေးသူငယ်တရားရုံးမှာ တရားစွဲဆို စစ်ဆေးနေတယ်” ဟု အနောက်ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အမိန့်ချမှတ်ခံရသူ အာမင်း(ခ) ဝင်းဇော်ထွန်းမှာ ဗိုလ်ချုပ်ဈေးနှင့် ပန်းဆိုးတန်း ခုံးတံတား အနီးတဝိုက်တွင် ပြည့်တန်ဆာများနှင့် အခြေအနေမဲ့နေထိုင်သူများအပေါ် မိုက်ကြေးခွဲ ဆက်ကြေးတောင်းယူနေသူတစ်ဦးဖြစ်ပြီး ယင်းပြစ်မှု မကျူးလွန်မီကလည်း ဗိုလ်အောင်ကျော်လမ်းတွင် မှုခင်းသတင်းထောက်တစ်ဦးကို ရိုက်နှက်ခဲ့သောကြောင့် ဖမ်းဆီးခံရပြီး အာမခံဖြင့် အပြင်သို့ ပြန်လည်ရောက်ရှိချိန် အမျိုးသမီးကို သတ်ဖြတ်မှုဖြင့် ထပ်မံ ဖမ်းဆီးခံရသူ ဖြစ်ကြောင်း ပန်းဘဲတန်းမြို့မ ရဲစခန်းထံမှ စုံစမ်း သိရသည်။
Source : https://goo.gl/G7GtLN
via IFTTT
Source : https://goo.gl/G7GtLN
via IFTTT
သတ္တမတန်းကျောင်းသူအား အဓမ္မပြုကျင့်ရန် ကြံသူကို ပြည်သူက ဝိုင်းဖမ်း ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် စက်မှုဇုန်၌ နိုဝင်ဘာ ၂၁ ရက် နံနက် ၁၁ နာရီက သတ္တမတန်း ကျောင်းသူအား လမ်းဘေးခြုံထဲ ဆွဲခေါ်ကာ အဓမ္မပြုကျင့်ရန် ကြံစည်သည့် အသက် ၄၀ အရွယ် အမျိုးသားကို ရပ်ကွက်နေ ပြည်သူများက ဝိုင်းဖမ်းခဲ့ကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရသည်။ “ကျောင်းသူကို ကျောင်းလိုက်ပို့တဲ့ ကယ်ရီသမားက လမ်းဘေးခြုံထဲ ဆွဲခေါ်ပြီး မဖွယ်မရာ ပြုလုပ်နေချိန် ဘေးပတ်ဝန်းကျင်က လူတွေ ဝိုင်းဖမ်းခဲ့တာပါ။ အုပ်ထိန်းသူ မိဘတွေအနေနဲ့ ကိုယ့်သားသမီးကို ကိုယ်တိုင်မစောင့်ရှောက်နိုင်ရင် ယုံကြည်စိတ်ချရမယ့်သူ တစ်ယောက်ယောက်နဲ့ အနီးကပ် စောင့်ကြည့်စေချင်တယ်။ ခေတ်အခြေအနေက လူတကာအပေါ် မယုံသင့်တော့ဘူး” ဟု ဒုရဲမှူး ဝင်းမြင့်က ပြောသည်။ အဓမ္မပြုကျင့်ရန် ကြံစည်သည့် ကယ်ရီမောင်းသူကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ရွှေပြည်သာ မြို့မရဲစခန်းထံမှ သိရသည်။
Source : http://ift.tt/2fEc5rt
via IFTTT
Source : http://ift.tt/2fEc5rt
via IFTTT
Eleven Broadcasting
လွှတ်တော်သည် နိုင်ငံရေးစင်မြင့် မဟုတ်သဖြင့် မလိုအပ်ဘဲ လက်ခုပ်တီးခြင်း မပြုလုပ်ရန် ကိုယ်စားလှယ်များကို ပြည်သူ ့လွှတ်တော်ဥက္ကဋ္ဌ သတိပေး (ရုပ်သံ) လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ အဆိုတွေ ၊ မေးခွန်းတွေ မေးနေချိန်မှာ လက်ခုပ်တီးတာမျိုး လုပ်လို ့မရဘူး ၊ လွှတ်တော်ဟာ နိုင်ငံရေးစင်မြင့် မဟုတ်ဘူးလို ့ပြည်သူလွှတ်တော်ဥက္ကဋ္ဌ ဦး၀င်းမြင့်က လွှတ်တော် ကိုယ်စားလှယ်တွေကို သတိပေး ပြောကြားလိုက်ပါတယ်။ သတင်းရုပ်သံကြည့်ရှုရန် - - - - > http://ift.tt/2gAjUCA
Source : http://ift.tt/2gAjUCA
via IFTTT
Source : http://ift.tt/2gAjUCA
via IFTTT
MOI Webportal Myanmar
မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံအကြား နယ်နိမိတ်တိုင်းတာ ဆောင်ရွက်မှု အခြေအနေနှင့် စပ်လျဉ်း၍ မေးမြန်းစုံစမ်းမှုများ ရှိပါသဖြင့် အများပြည်သူ သိရှိနိုင်ပါရန် သတင်းဖြန့်ဝေ ဖော်ပြအပ်ပါသည်။ - မြန်မာ-ထိုင်းနယ်နိမိတ်အရှည်မှာ ၁၃၁၈ မိုင်ခန့်ရှိပြီး၊ နှစ်နိုင်ငံနယ်နိမိ်တ်ကို အင်္ဂလိပ်လက်ထက်က တိုင်းတာသတ်မှတ်ခဲ့့ပြီး၊ လွတ်လပ်ရေး ရပြီးနောက် ခေတ်မီနည်းစနစ်ဖြင့် ပြန်လည်တိုင်းတာရန် လိုအပ်ခဲ့ရာ၊ တာချီလိတ်-မဲဆိုင်နယ်စပ်ရှိ အရှည် ၃၆မိုင် မဲဆိုင်-မဲဟောက်ချောင်း နယ်နိမိတ်ကိုသာ ၁၉၉၁ ခုနှစ်တွင် ပြန်လည်တိုင်းတာနိုင်ခဲ့ပါသည်။ - ကျန်နယ်နိမိတ်အစိတ်အပိုင်းများ ပြန်လည်တိုင်းတာရန် ၁၉၉၃ခုနှစ်တွင် နှစ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဆင့် ဦးဆောင်သည့် ပူးတွဲနယ်နိမိတ်ကော်မတီ (Joint Boundary Committee - JBC) ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့သော်လည်း နယ်မြေလုံခြုံရေး အခြေအနေ အပါအဝင် အခြားအကြောင်း အမျိုးမျိုးကြောင့် တိုင်းတာနိုင်ခြင်း မရှိခဲ့ပါ။ - ၂၀၁၆ ခုနှစ် ဇွန်လအတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း နယ်နိမိတ် ပြန်လည်တိုင်းတာရန် ကိစ္စကို ဆွေးနွေးခဲ့ပြီး၊ ယခုအခါ သံတမန်လမ်းကြောင်းမှ ညှိနှိုင်းမှုများ ပြန်လည် ပြုလုပ်နေပါသည်။ - နယ်နိမိတ်ကို အပိုင်းလိုက် တိုင်းတာရန်ရှိပြီး၊ ယင်းသို့ ဆောင်ရွက်ရာတွင် ပထမအဆင့်အနေဖြင့် နယ်နိမိတ်အား ကောင်းကင်မှ ဓာတ်ပုံရိုက် ကူးပြီး၊ မြေပုံထုတ်လုပ်သွားရန် ရှိပါသည်။ - ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၇ခုနှစ် ဧပြီလအထိ ပတ်ချန်မြစ်နှင့် ယင်း၏မြောက်ဘက် ကုန်းနယ်နိမိတ် စုစုပေါင်းအရှည် (၂၀၀)မိုင်ခန့်ကို ပူးတွဲ၍ ကောင်းကင်ဓာတ်ပုံ ရိုက်ကူးရန်ရှိပါသည်။ - ကောင်းကင်ဓာတ်ပုံ ရိုက်ကူးနေစဉ် နယ်နိမိတ် တိုင်းတာရေး သဘောတူညီချက် MoU (Agreed Framework) ကို နှစ်ဖက် ညှိနှိုင်းမည်ဖြစ်ပါသည်။ MoUလက်မှတ်ရေးထိုးပြီး၊ ကောင်းကင်ဓာတ်ပုံ Ortho-photo Maps များ ရရှိပြီးပါက ကွင်းဆင်းတိုင်းတာခြင်းနှင့် မှတ်တိုင်များ စိုက်ထူခြင်းနှင့် ပူးတွဲဆောင်ရွက်သွားရန် ရှိပါသည်။ - မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ကုန်းနယ်နိမိတ် ၁၀၁၇ မိုင်နှင့် ရေနယ်နိမိတ် ၃၀၁ မိုင်ရှိပြီး၊ မြစ်/ချောင်းနယ်နိမိတ်များမှာ- • မဲဆိုင်-မဲဟောက် (၃၆)မိုင် • သံလွင်(၇၀)မိုင် • သောင်ရင်း(၁၄၅)မိုင် • ပတ်ချန်(၅၀)မိုင် - နယ်နိမိတ်တိုင်းတာရေးအတွက် လုပ်ငန်း ပူးပေါင်း ဆောင်ရွက်နေသည့် ဝန်ကြီးဌာနများမှာ- • နိုင်ငံခြားရေးဝန်ကြီးဌာန • ပြည်ထဲရေးဝန်ကြီးဌာန • ကာကွယ်ရေးဝန်ကြီးဌာန • ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန) • မြေတိုင်းဦးစီးဌာန (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန) တို့ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။ REF: Ministry of Foreign Affairs Myanmar
Source : http://ift.tt/2gke4lQ
via IFTTT
Source : http://ift.tt/2gke4lQ
via IFTTT
The Voice
ကာရာအိုကေနှင့် အနှိပ်ခန်းများ အရေးယူမည်ဟု ရန်ကုန်နယ်လုံ ပြောကြား ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရန်ကုန် တိုင်းဒေသကြီးအတွင်း တည်းခိုခန်း၊ ကာရာအိုကေနှင့် အနှိပ်ခန်းများ လိုအပ်သည်ထက် ပိုမို များပြားနေပြီး အမျိုးသမီးငယ်များအတွက် အန္တရာယ် ရှိနေသည်ဆိုသော ကိစ္စကို သက်ဆိုင်ရာ ဌာနများနှင့် ချိတ်ဆက်၍ အရေးယူ ဆောင်ရွက်ပေးသွားမည်ဟု ရန်ကုန် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောဆိုသည်။ နိုဝင်ဘာလ ၂၂ ရက်က ကျင်းပသော ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ရန်ကုန်တိုင်းအတွင်း ဖွင့်လှစ်ထားရှိသော ကပွဲများ၊ အနှိပ်ခန်းများ၊ ကာရာအိုကေခန်းများ မည်မျှ ခွင့်ပြုထားပြီး စည်းကမ်းနှင့် မညီညွတ်သော အခန်းများအား မြန်မာ အမျိုးသမီးငယ်များအတွက် အစိုးရက ကြိုတင် စောင့်ရှောက်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်း မေးမြန်းရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ရန်ကုန် တိုင်းဒေသကြီး၏ မြို့နယ်များတွင် တည်းခိုခန်းများသည် သာမန် လိုအပ်ချက်ထက် များပြားနေပြီး ယင်း တည်းခိုခန်းများနှင့် ပတ်သက်၍ မိဘများထံမှ အသိပေး တိုင်ကြားမှုများ အများအပြား ရရှိခဲ့ပြီး ယင်းထဲတွင် ဘဝပျက်သွားသည့် အမျိုးသမီးငယ်များလည်း ရှိလာကြောင်း ဦးညီညီက ဆိုသည်။ “တည်းခိုခန်းဆိုတာ လိုအပ်ပါတယ်။ ဒါပေမဲ့ လိုအပ်တာထက် ပိုများနေတာတော့ အရွယ် မရောက်သေးတဲ့ အမျိုးသမီးငယ်တွေကို ကျူးလွန်ဖို့ အားပေး အားမြှောက် ဖြစ်နေတယ်။ တည်းခိုခန်းတိုင်းကိုတော့ မဆိုလိုပါဘူး တောင်ဒဂုံတို့၊ ဒဂုံအရှေ့တို့၊ ဒဂုံမြောက်ပိုင်းတို့၊ ဒဂုံဆိပ်ကမ်းတို့မှာ သာမန်ထက် လွန်ကဲသော တည်းခိုခန်းပေါင်း များစွာ ရှိတာကို တွေ့ရပါတယ်”ဟု ၎င်းက ဆိုသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းတွင် တည်းခိုခန်းပေါင်း ၄၀ဝ ခန့် ဖွင့်လှစ်ထားကြောင်း တိုင်း အစိုးရထံမှ သိရသည်။
Source : https://goo.gl/whlvpv
via IFTTT
Source : https://goo.gl/whlvpv
via IFTTT
Eleven Broadcasting
ရန်ကုန်မြို့တွင်း လေးမြို့နယ်က လမ်းဘေးဈေးသည်များကို မဲနှိုက်နေရာချပေးရာတွင် အခက်အခဲအချို့ ရှိနေဟုဆို ရန်ကုန်မြို့တွင်း လေးမြို့နယ်ဖြစ်တဲ့ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာနဲ့ လမ်းမတော်မြို့နယ်တို့မှာ ဈေးရောင်းချနေတဲ့ လမ်းဘေးဈေးသည်တွေကို ညဈေးအဖြစ် ပြောင်းရွှေ့ပေးမယ့် မဟာဗန္ဓုလပန်းခြံ အနီးတဝိုက်နဲ့ ကမ်းနားဘက်တို့မှာ ပြောင်းရွှေ့ နေရာချထားပေးနိုင်ဖို့အတွက် မဲနှိုက်နေရာချပေးလျက် ရှိပါတယ်။ ရုပ်သံသတင်း ကြည့်ရှုရန်--->>>http://ift.tt/2gfxMSf
Source : http://ift.tt/2gfxMSf
via IFTTT
Source : http://ift.tt/2gfxMSf
via IFTTT
The Voice
လူမှုကူညီရေးယာဉ် နှစ်စီး ပစ်ခတ်ခံရ၍ စစ်ရှောင်များကို မကယ်နိုင် မူဆယ်၊ နိုဝင်ဘာ ၂၂ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် စစ်ဘေးရှောင်သူများကို သွားရောက် ခေါ်ဆောင်မည့် လူမှုကယ်ဆယ်ရေး မော်တော်ယာဉ် ပစ်ခတ်ခံရမှုကြောင့် စစ်ဘေးရှောင်များကို ကယ်ထုတ်နိုင်ခြင်း မရှိခဲ့ကြောင်း ၁ဝ၅ မိုင် ပါရမီ လူမှုကူညီရေး အသင်းထံမှ သိရသည်။ မူဆယ်၊ မိုင်းယု ၁ဝ၅ မိုင် အနီးတွင် စစ်ဘေးရှောင် ဒေသခံများကို သွားရောက် ခေါ်ယူခဲ့သည့် လူမှု ကယ်ဆယ်ရေး အသင်း မော်တော်ယာဉ် နှစ်စီးသည် နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီခန့်က ပစ်ခတ်ခံရသည့်အတွက် အမျိုးသား တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ပါရမီ လူမှုကူညီရေး အဖွဲ့မှ ဦးသန့်စင်က ပြောဆိုသည်။ ၁ဝ၅ မိုင်ရှိ မေတ္တာမွန် လူမှုကယ်ဆယ်ရေး အဖွဲ့နှင့် ပါရမီ လူမှုကူညီရေး အဖွဲ့ ယာဉ် နှစ်စီးကို လွယ်အင် ကျေးရွာ အရောက်တွင် ဘုရားကုန်းပေါ်မှ ပစ်ခတ်လိုက်ခြင်း ဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များနှင့် တရစပ် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့် မေတ္တာမွန် ကူညီရေးအသင်း ယာဉ်ပေါ်ပါသူ ရွှေလီမြို့မှ ကြင်နာ နွေးထွေးသော ပရဟိတ အဖွဲ့မှ အမျိုးသား တစ်ဦး ထိခိုက် ဒဏ်ရာရခဲ့သည့်အတွက် စစ်ဘေးရှောင်သူများကို ကယ်ဆယ် ခေါ်ယူနိုင်ခြင်း မရှိတော့ဘဲ နောက်ကြောင်း ပြန်လှည့်ခဲ့ရကြောင်း ၎င်းက ရှင်းပြသည်။ မူဆယ်နှင့် မိုင်းယုကျေးရွာ ၁ဝ၅ မိုင်စခန်းမှာ ၇ မိုင်ခန့် ဝေးကွာပြီး ၁ဝ၅ မိုင်တွင် နေထိုင်သူများကို တပ်မတော်က ခေတ္တ တိမ်းရှောင်ပေးရန် နှိုးဆော်ထားသည့်အတွက် ဒေသခံများမှာ မူဆယ်မြို့ရှိ ကူညီ ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်ကြခြင်း ဖြစ်ကြောင်း၊ ယာဉ်အသွား အလာ မရှိသည့်အတွက် ကူညီ ကယ်ဆယ်ရေး မော်တော်ယာဉ်များကို ခေါ်ယူ အကူအညီ တောင်းခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ “ရွာသားတွေကို တပ်က အန္တရာယ် ဖြစ်မှာ စိုးတဲ့အတွက် ရှောင်ခိုင်းတာပါ။ ဒါပေမဲ့ ရွာသားတွေက ၇ မိုင်လောက် ဝေးတဲ့ မူဆယ်ကို သွားဖို့ ခက်နေကြတယ်။ ဒါကြောင့် ဖုန်းဆက်ပြီး အကူအညီ တောင်းတာကြောင့် သွားခေါ်တာ ကားတွေကို ပစ်တော့ ကြောက်ပြီး ဆက်မသွားနိုင်ဘဲ မူဆယ်ကို လှည့်ပြန်လာတာပါ”ဟု မေတ္တာမွန် လူမှုကူညီရေး အသင်းမှ ကိုမင်းအောင်က ပြောဆိုသည်။ လက်နက်ကိုင် သောင်းကျန်းသူများ အနေဖြင့် ကြက်ခြေနီနှင့် လူမှုကူညီရေး နိဗ္ဗာန်ယာဉ်များဟု အဝေးမှ မြင်နိုင်သည့် စာတမ်းများပါရှိသည်ကို သိရှိနိုင်ကြောင်း၊ ယခုကဲ့သို့ ကူညီကယ်ဆယ်ရေးယာဉ်ကို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းမှာ လူမဆန်သည့် လုပ်ရပ်သာ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ အဆိုပါ လူမှု ကယ်ဆယ်ရေးယာဉ် နှစ်စီးကို ပစ်ခတ် တိုက်ခိုက်သူများမှာ KIA၊ TNLA၊ MNDAA မြောက်ပိုင်း မဟာ မိတ်တပ်ကဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးဌာနက သတင်း ထုတ်ပြန်သည်။
Source : https://goo.gl/dLwYWE
via IFTTT
Source : https://goo.gl/dLwYWE
via IFTTT
Eleven Broadcasting
ဒေါ့မွန်အသင်း အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီး ရီးယဲလ်၊ ဂျူဗင်တပ်စ်တို့ အ၀ေးကွင်းနိုင်ပွဲရခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၅) ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၅) ပထမနေ့ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဒေါ့မွန်အသင်းက အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့ပြီး ရီးယဲလ်၊ ဂျူဗင်တပ်စ်အသင်းတို့ အ၀ေးကွင်းမှာ နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ ရုပ်သံသတင်း ကြည့်ရှုရန်--->>>http://ift.tt/2f4PAj5
Source : http://ift.tt/2f4PAj5
via IFTTT
Source : http://ift.tt/2f4PAj5
via IFTTT
The Voice
ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၅) ပွဲစဉ်များ ပွဲပြီးရလဒ်များ ------------------ စီအက်စ်ကေအေမော်စကို ၁ - ၁ လေဗာကူဆင် မိုနာကို ၂ - ၁ စပါး ဒေါ့မွန် ၈ - ၄ လီဂီယာ၀ါဆော စပို့တင်းလစ္စဘွန်း ၁ - ၂ ရီးရဲလ်မက်ဒရစ် ကိုပင်ဟေဂင် ၀ - ၀ ပေါ်တို လက်စတာ ၂ - ၁ ဘရုဂေး ဆီဗီလာ ၁ - ၃ ဂျူ ဗင်တပ် ဒိုင်နမိုဇာဂရက် ၀ - ၁ လိုင်ယွန်
Source : http://ift.tt/2gec1hH
via IFTTT
Source : http://ift.tt/2gec1hH
via IFTTT
Tuesday, November 22, 2016
Kumudra
မူဆယ်မြို့မစျေးကြီးမှာစျေးသည်တွေကိုစျေးဆိုင်တွေပိတ်ထားဖို့နေ့လည် ၁၂နာရီကျော်ရင် အပြင်မထွက်ဖို့နူိးဆော်တဲ့ကောလဟာလတွေပြန့်နေတယ်လို့ မူဆယ်အထွေထွေအုပ်ချုပ်မှူး ဦးဇော်မင်းကပြောပါတယ်။ “ကျတော်တို့မပိတ်ခိုင်းထားပါဘူး။ပိုင်ရှင်တွေကကြောက်လို့ ပိတ်ကြတာပါ၊ကောလဟာလတွေ အမျိုးမျိုးဖြန့်နေလို့ကျတော်တို့ လိုက်လံဖြေရှင်းနေရတယ်” လို့ဦးဇော်မင်းကပြောပါတယ်။ မူဆယ်မြိုိ့ရပ်ကွက်အချို့မှာ နေ့လည်၁၂နာရီကျော်ရင်မထွက်ဖို့ လိုက်လံအော်ဟစ်တာကြောင့် ပြည်သူတွေဟာ ဆိုင်တွေပိတ်ပြီး အိမ်ထဲမှာပဲ နေနေကြတယ်လို့စျေးရောင်း သူတွေထံကသိရပါတယ်။ မူဆယ်စျေးထဲမှာစျေးရောင်းချနေတဲ့နန်းခင်အေးအထည်ပိုင်ရှင်ကဒေါ်နန်းခင်အေးက ” သူတို့မပြောခင်ကတည်းကစျေးသည်တွေကစျေးမရောင်းရဲလို့ပိတ်ထားကြတယ် တမြို့လုံးဆူညံနေကြတယ်။ အိမ်တွေကိုတံခါးပိတ်ခိုင်းနေတယ်”လို့ပြောပါတယ်။ မနေ့ညကမူဆယ်မြို့ထဲမှာပေါက်ကွဲသံတွေ ကြားရပြီး ပြည်သူတွေ အထိိတ်အလန့်ဖြစ်ပွားခဲ့ကာ ည၉နာရီခွဲကဆိုင်ကယ်စီးလာသူအမျိုးသားတစ်ဦးသေနတ်နဲ့ပစ်ခံရပြီးဆေးရုံပေါ်တက်ရောက်ကုသနေရပါတယ်။ လောလောဆယ်မှာခွဲစိတ်ခန်းဝင်နေတယ်လို့သိရပါတယ်။ မူဆယ်မြို့အဝင်ပေါက်တွေမှာစစ်တပ်ကလုံခြုံရေးယူထားတယ်လို့မူဆယ်ရှမ်းလူငယ်ကွန်ယက်ကစိုင်းနွမ်လောဝ်ကပြောပါတယ်။ Author/ အေးအေးအောင် ဓာတ်ပုံ- Sai Lao Htee Hseng
Source : http://ift.tt/2ggcvFk
via IFTTT
Source : http://ift.tt/2ggcvFk
via IFTTT
7Day News Journal
ဧည့်စာရင်းတိုင်ကြားရန် မလိုတော့သည့် ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြု နေပြည်တော်၊ ၂၂ နိုဝင်ဘာ ၂၀၁၆ ဧည့်စာရင်းတိုင် ကြားစရာမလိုတော့သည့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကြမ်းကို နိုဝင် ဘာ ၂၁ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်။ လွှတ်တော်က အတည်ပြုသော ဥပဒေကြမ်းအရ ပြည်သူ များ ဧည့်စာရင်းတိုင်ကြားစရာ မလိုတော့ဘဲ နေရပ်တစ်ခုမှ အခြားနေရပ်တစ်ခုသို့ ပြောင်းရွှေ့နေထိုင်ရာတွင် တစ်လထက် ပိုမို နေထိုင်မည်ဆိုမှသာ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို အသိပေးရမည်ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီအဖွဲ့ဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးအောင်ကျော်ညွန့်က ပြောကြားသည်။ ‘‘ဧည့်စာရင်းကို အတင်း အကျပ်မတိုင်ခိုင်းဘူး။ ကိုယ့်ရဲ့ အခွင့်အရေးကို ရရှိနိုင်ဖို့အတွက် အကြောင်းကြားထားပေးဖို့ ပြော တဲ့သဘောပါ’’ဟု ၎င်းကဆိုသည်။ ဧည့်စာရင်း တိုင်ရသည့် ဝန်ထုပ်ဝန်ပိုးများကို နှစ်ပေါင်း များစွာ ကြုံတွေ့နေရသော ပြည် သူများအတွက် လွှတ်တော်က ယခုအတည်ပြုခဲ့သော ဥပဒေ ကြမ်းက သက်သာရာရစေမည် ဖြစ်ပြီး ဥပဒေကြမ်းအရ လုံခြုံ ရေးကိုလည်း စိုးရိမ်စရာမလို ကြောင်း ဦးအောင်ကြည်ညွန့်ထံမှ သိရသည်။ ဥပဒေကြမ်းအရ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှှူးများ အပြင် ကျေးရွာတာဝန်ခံ၊ ရာအိမ် မှူး၊ ဆယ်အိမ်မှူးတို့၏ လုပ်ငန်း တာဝန်များကို အသိအမှတ်ပြုပေး ထားပြီး ယင်းသို့ အသိအမှတ်ပြု ပေးထားသဖြင့် အုပ်ချုပ်ရေးဧရိ ယာသည် ပိုမိုထိရောက်မည်ဟု ဦးအောင်ကြည်ညွန့်က ဆိုသည်။ ထို့ပြင် ဧည့်စာရင်းမတိုင် ရတော့သော်လည်း ရာဇဝတ်မှု အရဖြစ်စေ၊ ဥပဒေချိုးဖောက် သည့်ကိစ္စများအတွက် ဖြစ်စေ ခိုင်လုံသော အကြောင်းပြချက်ရှိ သည့် နေရာများကို ဝင်ရောက်စစ် ဆေးခွင့်လည်း ဥပဒေကြမ်းတွင် ပါဝင်နေကြောင်း ဦးအောင်ကြည် ညွန့်ထံမှ သိရသည်။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသော ဥပဒေကြမ်း သည် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းဖြစ်ကာ ယင်းကို ဥပဒေအဖြစ် အတည်ပြုပြဋ္ဌာန်း နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်နိုင် ရန် သမ္မတထံသို့ လွှတ်တော်က ပေးပို့မည်ဖြစ်သည်။
Source : http://ift.tt/2gf7MEi
via IFTTT
Source : http://ift.tt/2gf7MEi
via IFTTT
The Voice
ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရန်ကုန် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူရန် လာရောက်သည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို ဆီးစစ်ချက် ယူရန် သန့်စင်ခန်းသို့ လက်တွန်းလှည်းဖြင့် လိုက်ပို့ပေးသူ ဆေးရုံညပိုင်း တာဝန် ကျသည်ဟုဆိုသော အမျိုးသား တစ်ဦးက မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း လသာမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ အဆိုပါ လူနာ မိန်းကလေးကို မဖွယ်မရာ ပြုလုပ်သူဟု ဆိုသော အမျိုးသားမှာ ဒလမြို့နယ်၊ ကျန်းမာရေး ဝန်ထမ်း အိမ်ရာ လိုင်းခန်းတွင် နေထိုင်သူ အသက် ၃၇ နှစ်အရွယ် ဇင်မင်းသူ ဖြစ်ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့က ကျောကုန်း၊ ရင်ဘတ်တို့တွင် အဖုအကျိတ် ထွက်ကာ ကင်ဆာ ရောဂါ ခံစားနေရသဖြင့် မော်လမြိုင် ပြည်သူ့ ဆေးရုံကြီးမှ ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ ရောက်ရှိလာသူ မိန်းကလေးကို မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ လသာ မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “ကင်ဆာရောဂါ ဖြစ်နေလို့ မော်လမြိုင် ဆေးရုံကနေ လွှဲလိုက်တာ၊ ဆေးရုံရောက်ပြီး ဓာတ်မှန် ရိုက်၊ သွေးစစ်ပြီးလို့ ဆီးစစ်ချက် ယူရန် သန့်စင်ခန်းကို လွှတ်လိုက်တဲ့အချိန် လက်တွန်းလှည်းသမားက အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို လက်ညှိုးနဲ့ မဖွယ်မရာ လုပ်ခဲ့တာလို့ အမှုဖွင့် တိုင်ချက်အရ သိရတယ်၊ အခုထိ မိန်းကလေးက ရန်ကုန် ဆေးရုံကြီး အဆောင် ၁/၂ မှာ ဆေးကုမှု ခံယူနေရတုန်းပဲ”ဟု ၎င်းက ဆက်လက် ဆိုသည်။ လူနာ မိန်းကလေးကို လက်တွန်းလှည်းဖြင့် သန့်စင်ခန်းသို့ လိုက်ပို့ပြီး မဖွယ်မရာ ပြုလုပ်သူဆိုသူ အသက် ၃၇ နှစ်အရွယ် ဇင်မင်းသူကို (ပ)၂၂ဝ/၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း လသာမြို့မ ရဲစခန်းထံမှ သိရှိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက “ပြစ်မှုကျူးလွန်တဲ့ သူဟာ လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်ခန့်က ထုတ်ပယ်ထားတဲ့ ဝန်ထမ်းဟောင်း တစ်ဦးပါ၊ သူက ဒီလုပ်ငန်းကို ပြန်မှီခိုပြီး လုပ်စားနေတာ၊ မသိတဲ့ လူတွေအတွက် သူဟာ ဆေးရုံဝန်ထမ်းပါပဲ၊ ဒလမြို့ ကျန်းမာရေး ဝန်ထမ်းအိမ်ရာမှာ နေတာကလည်း သူ့ဆွေမျိုးတွေ ရှိနေလို့ မှီခိုကပ်နေတာပါ”ဟု ပြောကြားသည်။
Source : https://goo.gl/AFFWE7
via IFTTT
Source : https://goo.gl/AFFWE7
via IFTTT
Eleven Broadcasting
မလေးရှားနိုင်ငံရှိ မြန်မာသံရုံးသို့ လာရောက်သည့် လမ်းကြောင်းတွင် မြန်မာနိုင်ငံသားများ လုယက်ခံရမှုများ အတွက် အသိပေးကြေညာချက် ထုတ်ပြန် (ရုပ်သံ) မလေးရှားနိုင်ငံရှိ ရပ်၀ေးမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ မြန်မာသံရုံးကို လာရောက်ရာ လမ်းကြောင်းမှာ လုယက်ခံရမှုတွေနဲ့ ပတ်သက်ပြီး သံရုံးက နို၀င်ဘာ ၂၁ ရက်နေ့ ရက်စွဲနဲ့ အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
Source : http://ift.tt/2fzF7IL
via IFTTT
Source : http://ift.tt/2fzF7IL
via IFTTT
The Voice
သတင်း အချက်အလက် နည်းပညာ တက္ကသိုလ်ကို ကျပ်သန်း ၃၀ဝ၀ နီးပါး ကိုရီးယား ကူညီမည် ရန်ကုန်၊ နိုဝင်ဘာ ၂၁ ကျောင်းသူ၊ ကျောင်းသားများ၏ တီထွင် ဖန်တီးမှုများကို စမ်းသပ်ပုံဖော် လေ့ကျင့်နိုင်မည့် K-Lab တည်ထောင်မှုအတွက် ရန်ကုန်မြို့ သတင်း အချက်အလက် နည်းပညာ တက္ကသိုလ်ကို ကိုရီးယားနိုင်ငံက ငါးနှစ်စာ ကျပ်သန်းပေါင်း ၂၇၀ဝ ကျော် ကူညီရန် သဘောတူထားကြောင်း ယင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစော စန္ဒာအေးက The Voice သို့ ပြောကြားသည်။ K-Lab တွင် ပြုလုပ်နိုင်မည့် အကြောင်းအရာနှင့် ပတ်သက်၍ “ကျောင်းသူ၊ ကျောင်းသားတွေက စက်ပစ္စည်းကို ဒီလို ပုံစံထုတ်လုပ်ဖို့ စဉ်းစားတယ်ဆိုရင် အဲဒီပုံစံ လုပ်ပြီး အစမ်း ထုတ်ကြည့်တာပေါ့။ ပြီးတော့မှ Business Model လုပ်ရင်တော့ ဒီထက် ကြီးတဲ့စက်တွေ လိုတယ်။ ဒါပေမဲ့ ကိုယ်ရဲ့ စိတ်ကူး၊ တီထွင်မှုကို အဲဒီလို လုပ်ကြည့်လိုက်ပြီးတော့ အစမ်း လုပ်ကြည့်တဲ့ သဘောပါ”ဟု ဒေါက်တာ စောစန္ဒာအေးက ပြောကြားသည်။ K-Lab တွင် 3D Printer, Laser Cuter, 3D Scanner, CNC Machine, Arduino အစရှိသော ပစ္စည်းများ ပါဝင်သည်။ ကျောင်းသား၊ ကျောင်းသူများ အနေနှင့် မိမိတို့ ဖန်တီးလိုသည့် ပစ္စည်း တစ်ခုခုကို ဒီဇိုင်း ပြုလုပ်လိုလျှင် ရှေ့ပြေးပုံစံအဖြစ် ဒီဇိုင်း ထုတ်လုပ်နိုင်မည့်အပြင် ပိုမို ကောင်းမွန်သော ထုတ်ကုန်အဖြစ် ဒီဇိုင်း ပြောင်းလဲမှုများလည်း ပြုလုပ်နိုင်မည်ဖြစ်ကြောင်း အဆိုပါ တက္ကသိုလ်ထံမှ သိရှိရသည်။ K-Lab ကို ကိုရီးယားနိုင်ငံ Ministry of Science, ICT and Future Planning, KOICA, TIDE Institute, Korea Engineers Club စသည့် အဖွဲ့များက အမေရိကန်ဒေါ်လာ ၂,၁၁၄,ဝ၃၅ ဒေါ်လာ အကုန်အကျ ခံမည် ဖြစ်သည်။ K-Lab ကို ကောင်းမွန်စွာ အသုံးပြုနိုင်ရန် ကိုရီးယားနိုင်ငံ ကျွမ်းကျင်သူများက နည်းပညာဆိုင်ရာ လမ်းညွှန်မှုများလည်း ပေးမည် ဖြစ်သည်။ အဆိုပါ K-Lab ကို သတင်း အချက်အလက် နည်းပညာ တက္ကသိုလ်မှ Embedded System, Computer System, Knowledge Engineering ဘာသာရပ် အထူးပြု ကျောင်းသား၊ ကျောင်းသူများ အသုံးပြုနိုင်မည့်အပြင် အခြား ကွန်ပျူတာ တက္ကသိုလ်များမှ ဖန်တီး စမ်းသပ်လိုသည့် ကျောင်းသား၊ ကျောင်းသူများ ရှိလျှင်လည်း စမ်းသပ် လုပ်ကိုင်နိုင်ရေး ခွင့်ပြုနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း အဆိုပါ တက္ကသိုလ်ထံမှ သိရှိရသည်။
Source : https://goo.gl/VwXNGe
via IFTTT
Source : https://goo.gl/VwXNGe
via IFTTT
Eleven Broadcasting
ဥပဒေကိုလိုသလိုအသုံးချနေခြင်းမျိုးမဖြစ်စေရန်နှင့် မလိုအပ်သည့် ကိစ္စများကိုလည်း ဥပဒေကို အသုံးချကာ တရားရုံးများတွင် ရင်ဆိုင်ရခြင်းမျိုး မဖြစ်စေရန် တိုက်တွန်းကြောင်းအဆို ဧရာဝတီလွှတ်တော်တွင် တင်သွင်း (ရုပ်သံ) ဥပဒေကို လိုသလိုအသုံးနေခြင်းမျိုးမဖြစ်စေဖို့နဲ့ မလိုအပ်တဲ့ ကိစ္စတွေကိုလည်း ဥပဒေကို အသုံးချ ကာ တရားရုံးတွေမှာ ရင်ဆိုင်ရခြင်းမျိုး မဖြစ်စေရန် တိုက်တွန်းကြောင်း အဆိုကို ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက တင်သွင်းခဲ့ပါတယ်။
Source : http://ift.tt/2gDT2m7
via IFTTT
Source : http://ift.tt/2gDT2m7
via IFTTT
Eleven Media Group
မူဆယ်မြို့ ရဲစခန်းတိုက်ခိုက်ခံရပြီး နိုဝင်ဘာ ၂၁ ရက် ညပိုင်းအထိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောကြားသည်။ နိုဝင်ဘာ ၂၁ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က မူဆယ်မြို့မ ရဲစခန်းအား လက်နက်ကိုင်အဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပတ်သက်ပြီး မသိရှိရသေးကြောင်း မူဆယ်မြို့တွင် တာဝန်ကျနေသည့် အစိုးရဝန်ထမ်း တစ်ဦးက ပြောကြားသည်။ “၈ နာရီ ၄၅ မိနစ်လောက်က ဖြစ်သွားတယ်။ ရဲစခန်းကို ပစ်ပြေးတဲ့ပုံစံမျိုး လုပ်သွားတာ။ ငါးမိနစ်၊ ၁ဝ မိနစ်လောက်တော့ကြာတယ်။ အပြင်တော့ ကျွန်တော်တို့မပြောနဲ့။ ဘယ်သူမှ ထွက်မကြည့်ရဲဘူး။ အသေအပျောက်ကတော့ မသိရသေးဘူး” ဟု ၎င်းက ပြောကြားသည်။ ထိုသို့တိုက်ခိုက်မှုမှာ မိနစ်အနည်းငယ်ခန့် ကြာမြင့်ခဲ့ပြီး အသေအပျောက်နှင့် ဒဏ်ရာရရှိမှု အနေအထားများကို မသိရှိနိုင်သေးကြောင်း မူဆယ်မြို့ခံများက ပြောကြားသည်။ “ပထမကြားရတာ လက်နက်ကြီးနဲ့ ပစ်တဲ့အသံပဲ။ အဲဒါသုံးလေးချက်လောက် ကြားရတယ်။ နောက်တော့ ပြန်တိတ်သွားတယ်။ အဲဒီလိုဖြစ်တာက ဒီတစ်ညတည်းမှာကို သုံးခါလောက် ဖြစ်သွားတာ။ မြို့ပေါ်မှာ ချည်းပဲဖြစ်တာ။ လတ်တလောကတော့ မီးကလည်းပျက်နေတော့ အပြင်မှာ ဘယ်သူမှလည်း မရှိကြဘူး။ နောက်ပြီးတော့ သက်ဆိုင်ရာတွေကလည်း ည ၈ နာရီနောက်ပိုင်း မထွက်ရအမိန့် ထုတ်ထားတော့ ဘယ်သူမှ မရှိကြဘူး။ နေ့လယ်ကလည်း ကားအသွားအလာတွေ မရှိတော့ဘူး။ ပိတ်မိနေတဲ့ ကုန်ကားတွေကလည်း အများကြီးပဲ။ အခုတော့ မြန်မြန်ပြီးပါစေပဲ ဆုတောင်းနေရတယ်” ဟု မူဆယ်မြို့အခြေစိုက် ချမ်းသာအောင် ခရီးသည်ပို့ဆောင်ရေး ယာဥ်လိုင်းမှ ကိုဝင်းလွင်က ပြောကြားသည်။ အဆိုပါဖြစ်စဥ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ အတည်ပြုချက် ရယူနိုင်ရန် မူဆယ်မြို့မရဲစခန်းသို့ နိုဝင်ဘာ ၂၁ ရက် ည ၁ဝ နာရီ ခန့်က ဖုန်းဖြင့်ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ချေ။ အလားတူ (၁ဝ၅) မိုင် ကုန်သွယ်ရေးစခန်းနှင့် မူဆယ်မြို့ကြားရှိ ဂျင်ဆန်းဂျော့လမ်းဆုံတွင် မူဆယ်မြို့မှ မေတ္တာမွန် လူမှုကူညီရေးအသင်း၊ (၁ဝ၅) မိုင် ပါရမီလူမှုကူညီရေး အသင်းတို့၏ မှန်လုံမော်တော်ယာဥ် နှစ်စီးအား နိုဝင်ဘာ ၂၁ ရက် ညနေ ၄ နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခံရပြီး လူနာတင်ယာဥ်ပေါ်ပါ လူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မေတ္တာမွန်ပါရမီ နာမှုကူညီရေးယာဥ်မောင်း ကိုစည်သူ၏ ပြောကြားချက်အရ သိရသည်။ “ကျွန်တော်တို့အဖွဲ့က ဂျင့်ဆန်းဂျော့ လမ်းဆုံအလွန်မှာ ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဒီနေ့ညနေ သွားခေါ်တုန်း မူဆယ်ဘက်ကအလာ လမ်းဆုံအကျော်လေးမှာ လက်နက်ကိုင်အဖွဲ့က လက်နက်ငယ်တွေနဲ့ တရစပ် ပစ်ခတ်ထွက်ပြေးသွားတယ်။ ကားပေါ်မှာ ကျွန်တော်အပါအဝင် ခုနစ်ယောက်ပါတယ်။ ပစ်တာ ဘယ်အဖွဲ့ဆိုတာတော့ မသိဘူး။ ကျွန်တော်တို့ကားထဲမှာ ဝပ်ပုန်းနေခဲ့လို့ သက်သာသွားတာ။ တစ်ယောက်တော့ ထိသွားတယ်။ အခု မူဆယ်ဆေးရုံကို သွားပို့နေပါတယ်” ဟု မေတ္တာပါရမီ လူမှုကူညီရေး အသင်းမှ ယာဥ်မောင်းကိုစည်သူက ပြောကြားသည်။ အဆိုပါ လူမှုကူညီရေး မော်တော်ယာဥ် နှစ်စီးမှာ လွယ်အင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင် စစ်ဘေးရှောင် ဒုက္ခသည်များ ရောက်ရှိနေကြောင်း ကြားသိရပြီးနောက် အကူအညီများပေးရန် သွားရောက်စဥ် KIA၊ TNLA နှင့် MNDAA လက်နက်ကိုင် အဖွဲ့များက ဘုရားကုန်းလမ်းနံဘေး တောင်ကုန်းမှ လက်နက်ငယ်ဖြင့် လေးချက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီကလည်း ထုတ်ပြန်ထားသည်။ ပစ်ခတ်မှုကြောင့် ယာဥ်မောင်းဦးလင်းပု မောင်းနှင်လာသည့် မေတ္တာမွန် လူမှုကူညီရေးအသင်း ယာဥ်ပေါ်တွင် လိုက်ပါလာသော ရွှေလီမြို့နေ ကြင်နာနွေးထွေး ပရဟိတလူငယ်အသင်းမှ ကိုရဲမင်းအောင် (၂၃ နှစ်) ၏ ဝဲဘက်ရင်ဘတ်ဘေး ဖောက်ထွက်ဒဏ်ရာ ရရှိခဲ့သဖြင့် ဆက်လက် သွားရောက်ခြင်း မပြုနိုင်ဘဲ ဒဏ်ရာရရှိသူနှင့်အတူ မူဆယ်မြို့သို့ ပြန်လှည့်လာခဲ့ပြီး ညနေ ၄ နာရီခွဲတွင် မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိ ဆေးကုသမှု ခံယူလျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ KIA၊ TNLA၊ MNDAA၊ AA လက်နက်ကိုင် တပ်ဖွဲ့များသည် နိုဝင်ဘာ ၂ဝ ရက်တွင် မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေး စခန်းအား စတင်တိုက်ခိုက်ခဲ့ပြီး ထိုသို့ဝင်ရောက် တိုက်ခိုက်မှုကြောင့် ပြည်သူများအနေဖြင့် မူဆယ်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကာ လက်ရှိ မူဆယ်စစ်ဘေး ဒုက္ခသည်စခန်းတွင် လူ ၁ဝဝဝ ကျော် ခိုလှုံလျက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။ Writer: ဇော်မင်းနိုင်၊ ရန်ပိုင်
Source : http://ift.tt/2gDIsLV
via IFTTT
Source : http://ift.tt/2gDIsLV
via IFTTT
Monday, November 21, 2016
Lashio Media
~မူဆယ်မြို့ပေါ်မှာတိုက်ပွဲစတင်ဖြစ်ပွား~ မူဆယ်မြို့ပေါ်မှာ တိုက်ပွဲတွေစတင်ဖြစ်ပွားနေပြီး လက်နက်သံတွေပေါက်ကွဲသံတွေကြားနေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မူဆယ်မြို့ထဲမှာ အခုည ကိုးနာရီနှစ်ဆယ်ခန့်လောက်မှာ လက်နက်ကြီးကျသံတွေပေါက်ကွဲသံတွေ စတင်ကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ "ဗုံးသံတော့ အစောကကြားတယ် သေနတ်သံတွေကောပဲ အခုတော့ငြိမ်နေတယ် လူတွေကတော့ ကိုယ့်အိမ်ထဲမှာကိုယ်နေနေကြတယ် "လို့ မူဆယ်မြို့မှာနေထိုင်သူ မလုလုကပြောပါတယ်။ ယခုလက်ရှိမူဆယ်ဘက်မှာလည်းမီးပျက်နေတယ်လို့သိရပါတယ်။ Author/ဝင်းနန္ဒာ (အသေးစိတ်ကိုထပ်မံဖော်ပြပါမယ်) Kumudra
Source : http://ift.tt/2gCdTWD
via IFTTT
Source : http://ift.tt/2gCdTWD
via IFTTT
YESC-CallCenter
၂၃၀ kV တောင်တွင်း - ရွှေတောင် မဟာဓာတ်အားလိုင်း လိုင်းအပြစ်ဖြစ်ပေါ်သဖြင့်... System Breakdown ဖြစ်သွားပါသည်... ရန်ကုန်ရှိ သဘာဝဓာတ်ငွေ့သုံး စက်များဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်လျှက်ရှိပါသည်.. ။
Source : http://ift.tt/2fUfGCf
via IFTTT
Source : http://ift.tt/2fUfGCf
via IFTTT
The Voice
စာစစ်ဌာန ၁၃၆ခု ထပ်တိုးဖွင့်ရန်စီစဉ် ရန်ကုန်၊ နိုဝင်ဘာ ၂၁ ယခု ပညာသင်နှစ်မှာ ကျင်းပမည့် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) စာမေးပွဲတွင် စာစစ်ဌာန ၁၃၆ ခု အသစ် ထပ်တိုး ဖွင့်နိုင်ရေး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန အနေနှင့် စိစစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။ ယနေ့ (နိုဝင်ဘာလ ၂၁ ရက်) ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပညာရေးဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ ထီးလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်လေးဦးက ထီးလင်းမြို့နယ် အတွင်းရှိ ရေမျက်နီ ကျေးရွာနှင့် ကျင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတို့အား တက္ကသိုလ်ဝင်တန်း စာမေးပွဲ စာစစ်ဌာနအဖြစ် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာ ပညာရေးဝန်ကြီးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၅ - ၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယခု ၂၀၁၆ ခုနှစ် မတ်လ ၉ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့ရာ နိုင်ငံခြား စာစစ်ဌာန အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စာစစ်ဌာန စုစုပေါင်း ၁၄၇၀ ကျော် ထားရှိခဲ့သည်။ ဖြေဆိုသူ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူ ၆၇၀,၀၀၀ ကျော် ရှိခဲ့ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။
Source : https://goo.gl/VMJREm
via IFTTT
Source : https://goo.gl/VMJREm
via IFTTT
The Voice
ရန်ကုန်မြို့တွင်း လုံခြုံရေးအတွက် အစိုးရအဖွဲ့ အစည်းအဝေးခေါ်ယူ ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရန်ကုန်မြို့အတွင်း ပေါက်ကွဲမှုများ ထပ်မံမဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်မည့် အစီအစဉ်များကို ယနေ့(နိုဝင်ဘာ ၂၁ ရက်) မွန်းလွဲ ၂ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံး၌ ဝန်ကြီးချုပ် ဦးဆောင်၍ Cabinet အစည်းအဝေး ပြုလုပ်နေကြောင်း အဆိုပါရုံးထံမှ သိရသည်။ "အစည်းအဝေးပြီးမှ shopping market တွေ လုံခြုံမှုကို ဘယ်လိုစီစဉ် ဆောင်ရွက်မယ်ဆိုတာ သိရမယ်"ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားသည်။ လတ်တလောတွင် ပြည်လမ်း Ocean Center နှင့် သာကေတ Capital Hyper Market တို့တွင် အသေးစား ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သောကြောင့် ထိတ်လန့်ခဲ့ရကြောင်း ယင်းအနီး နေထိုင်သူများထံမှ သိရသည်။
Source : https://goo.gl/aqK8Ot
via IFTTT
Source : https://goo.gl/aqK8Ot
via IFTTT
The Voice
MACCS စနစ် အသုံးပြုမည်ဆိုပါက အကောက်ခွန် ကြေညာလွှာတစ်စောင်လျှင် ကျပ်သုံးသောင်း ကောက်ခံမည် ရန်ကုန်၊ နိုဝင်ဘာ ၂၁ အကောက်ခွန်ဦးစီးဌာနက အကောင်အထည် ဖော်ဆောင်ရွက်သော အလိုအလျောက် ကုန်ပစ္စည်း ရှင်းလင်းရေး စနစ်(MACCS)ကို အသုံးပြုမည်ဆိုပါက အကောက်ခွန် ကြေညာလွှာ တစ်စောင်လျှင် MACCS Fee အဖြစ် ကျပ် သုံးသောင်း ကောက်ခံမည်ဖြစ်ကြောင်း ယင်းဌာနက ထုတ်ပြန်သည်။ MACCS စနစ်သို့ တင်သွင်းလာသည့် အကောက်ခွန် ကြေညာလွှာများအနက် အကြောင်းအမျိုးမျိုးကြောင့် ယင်းစနစ်မှ လက်ခံဆောင်ရွက် မပေးနိုင်သည့် ကြေညာလွှာများကိုမူ MACCS Fee ကောက်ခံသွားမည် မဟုတ်ဘဲ ယင်းကြေညာလွှာများကို ယခင် ဆောင်ရွက်နေသည့် Manual လုပ်ငန်းစဉ်များအတိုင်း လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ယင်းဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ MACCS စနစ်ကို ယခုနှစ် နိုဝင်ဘာ ၁၂ ရက်မှစတင်၍ အသုံးပြုခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ယင်းစနစ်သည် ရုံးပိတ်ရက်မရှိ ၂၄ နာရီ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။
Source : https://goo.gl/KZmyD3
via IFTTT
Source : https://goo.gl/KZmyD3
via IFTTT
The Voice
ခိုးဝင်ဘင်္ဂါလီ ၁၇ဦးကို အလုပ်နှင့်ထောင်ဒဏ် အသီးသီးချမှတ် ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရွှေပေါက်ကံမြို့သစ်တွင် အောက်တိုဘာလအတွင်းက ဖမ်းမိခဲ့သည့် ခိုးဝင်ဘင်္ဂါလီ ၁၇ဦးကို ယနေ့(နိုဝင်ဘာ ၂၁ရက်) မွန်းလွဲပိုင်းက မြောက်ဥက္ကလာပမြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ်များ အသီးသီးချမှတ်လိုက်သည်။ ယင်းခိုးဝင် ဘင်္ဂါလီ ၁၇ဦးထဲမှ ၁၃ဦးကို ၁၉၄၇ခုနှစ်က ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေအရပြစ်မှုထင်ရှားသည်ဟုဆိုကာ ပုဒ်မ ၆(၂)/၆(၃)တို့ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၂နှစ်အပါအဝင် အသက်မပြည့်သေးသည့် ၁၆နှစ်အောက် ဘင်္ဂါလီ လေးဦးကို သီးခြားအရေးယူခဲ့ပြီး ၁၉၉၃ခုနှစ် ကလေးသူငယ်ဥပဒေ ပုဒ်မ ၄၇(ဃ)အရ သန်လျင်မြို့နယ် လူငယ်သင်တန်းကျောင်း၌ ၂နှစ်တိတိ ထိန်းသိမ်းထားရှိရန် အမိန့်ချမှတ်သည်။ "အထောက်အထား သက်သေတစ်စုံတရာ မပါဘဲ ခိုးဝင်ရောက်ရှိလာကြောင်း ထင်ရှားနေလို့ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ အမိန့်ချခဲ့တာပါ"ဟု မြို့နယ်တရားသူကြီးကပြော ကြားသည်။ အဆိုပါ အမှုကိုမြောက်ဥက္ကလာပမြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးအရာရှိ ဦးမင်းသူက တရားလိုပြုလုပ်ကာ တရားရုံးထံ ဦးတိုက်လျှောက် တရားစွဲတင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ ယခုနှစ် အောက်တိုဘာ ၂၂ရက် ည ၈နာရီခန့်တွင် ရွှေပေါက်ကံမြို့သစ် ၁၆ရပ်ကွက် အလောင်းဘုရားလမ်းရှိ နေအိမ်ခြံဝင်းတစ်ခုတွင် မသင်္ကာဖွယ် ခိုးဝင်လာသည့် ဘင်္ဂါလီများ ရောက်ရှိနေသည်ဟု ပြည်သူတစ်ဦး၏ သတင်းပေးတိုင်တန်းခဲ့မှုကြောင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ ယင်းဘင်္ဂါလီအမျိုးသား ၁၇ဦးမှာ ရခိုင်ပြည်နယ် ကျောက်တော်၊ ရမ်းဗြဲ၊ မင်းပြားမြို့နယ်တို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ခိုးဝင်ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ စစ်ဆေးချက်အရ သိရှိရသည်။
Source : https://goo.gl/Wh86KF
via IFTTT
Source : https://goo.gl/Wh86KF
via IFTTT
ပြည်ထောင်စုလမ်းမကြီး လမ်းပိတ်ဆို့မှု ရှင်းလင်းပြီး ဖြစ်ဟုဆို KIA နှင့် TNLA လက်နက်ကိုင် ပူးပေါင်းအဖွဲ့များက မူဆယ်မြို့၏ တောင်ဘက် မိုင် ၂၀ ခန့် အကွာရှိ နမ့်အွန်ကျေးရွာအဝင် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ခရီးသည်နှင့် ကုန်တင်ယာဉ်များ သွားလာ၍ မရစေရန် ယာဉ်များပိတ်ဆို့ထားရှိခဲ့မှုကို ယနေ့ (နိုဝင်ဘာ ၂၁ ရက်) တွင် ရှင်းလင်းနိုင်ခဲ့ပြီ ဖြစ်ရာ ယာဉ်များ ပုံမှန်သွားလာနိုင်ပြီ ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်သည်။ ထိုသို့ ပိတ်ဆို့ထားရာတွင် ၂၂ ဘီး တွဲကားလေးစီး၊ ၁၂ ဘီးကား တစ်စီး၊ ဆီဘောက်စာ တစ်စီးတို့ကို ခြိမ်းခြောက်အသုံးပြု၍ ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်ပြီး ကားသော့များကို ဖြုတ်ယူ သိမ်းဆည်းသွားခဲ့မှုကြောင့် နိုဝင်ဘာ ၂၀ ရက် ည ၇ နာရီခွဲမှ စတင်၍ လမ်းများ ပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ လမ်းပိတ်ဆို့ထားသည့် နေရာသို့ တပ်မတော်စစ်ကြောင်းနှင့် ပြည်သူလူထု ပူးပေါင်း ရှင်းလင်းဆောင်ရွက်ခဲ့ရာ ယနေ့ (နိုဝင်ဘာ ၂၁ ရက်) နံနက် ၉နာရီခွဲတွင် ပိတ်ဆို့မှုအား ရှင်းလင်းနိုင်ခဲ့ပြီး ယာဉ်များ ပုံမှန်သွားလာနိုင်ပြီ ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယနေ့ နံနက် ၅ နာရီခွဲကလည်း နမ္မတူမြို့နယ် နမ္မတူ-ဘော်တွင်းသွား ကားလမ်း နမ္မတူ မြို့မရဲစခန်း အနောက်မြောက်ဘက် ကိုးမိုင်ခန့် အကွာရှိ သစ်သားတံတား ကမ်းကပ်ခုံ ပေ ၆၀×၄၀နှင့် ရေလယ်တိုင် ကျောက်စီ၊ သံယက်မ၊ အပေါ်ထည် သစ်သားကြမ်းခင်းတံတား ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ကြမ်းခင်းအစိတ်အပိုင်းအချို့ ပျက်စီးခဲ့ပြီး ယာဉ်များသွားလာ၍ မရကြောင်း၊ TNLA/KIA/MNDAA ပူးပေါင်းလက်နက်ကိုင်အဖွဲ့ အင်အား ၁၀၀ ကျော်ခန့်က ယနေ့ နံနက် ၆ နာရီတွင် မူဆယ်မြို့နယ် ပန်ဆိုင်း နယ်မြေရဲစခန်းအား ရဲစခန်း၏ အနောက်ဘက် တစ်ဖာလုံခန့်အကွာ တောင်ကုန်းပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့မှုကြောင့် ထိတွေ့မှုများ ဖြစ်ပွားခဲ့ရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဓာတ်ပုံ - နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ
Source : https://goo.gl/p50SF4
via IFTTT
Source : https://goo.gl/p50SF4
via IFTTT
Eleven Broadcasting
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့က စပြီးအသုံးပြုမည် (ရုပ်သံ) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ၂၀၁၇-ခုနှစ် ဧပြီလ ၁ ရက်နေ့ကစပြီး အသုံးပြုသွားမယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့ပါတယ်။
Source : http://ift.tt/2fTgCGH
via IFTTT
Source : http://ift.tt/2fTgCGH
via IFTTT
The Voice
မော်ရင်ညိုကို အာဆင်နယ် ပရိသတ်များ လှောင်ပြောင်၊ လက်ဆွဲနှုတ်ဆက်ချိန်တွင် မော်ရင်ညိုနှင့် အာစင်ဝင်းဂါးတို့ မျက်နှာချင်းမဆိုင် မန်ချက်စတာ၊ နိုဝင်ဘာ ၂၀ အာဆင်နယ်အသင်း ပရိသတ်များသည် မန်ယူနှင့် အာဆင်နယ်တို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်ယူနည်းပြ မော်ရင်ညိုကို “အခုထက်ပိုပြီး စပါယ်ရှယ်ဖြစ်ဖို့ မရှိတော့ဘူး” ဟု ဟစ်အော်လှောင်ပြောင်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။ နည်းပြမော်ရင်ညိုသည် အာဆင်နယ ပရိသတ်များအတွက် သရေရလဒ် ဟူသည်မှာ အောင်ပွဲရသကဲ့သို့ ပျော်ရွှင်ဖွယ်ရာ လွန်စွာကောင်းနေလိမ့်မည် ဖြစ်ကြောင်း ပွဲအပြီးတွင် မှတ်ချက်ပြု ပြောဆိုသွားခဲ့ပြီး မန်ယူအသင်း အနေနှင့် ရသင့်ရထိုက်သည့် ပင်နယ်တီ အခွင့်အရေး ငြင်းပယ်ခံလိုက်ရသည့် အတွက်လည်း ကံဆိုးခဲ့ရကြောင်း မော်ရင်ညိုက အသိပေးသွားခဲ့သေးသည်။ မော်ရင်ညိုသည် ပထမပိုင်း ပွဲကစားချိန် ၃၅ မိနစ်၌ အာဆင်နယ်အသင်း ပင်နယ်တီ ဧရိယာအတွင်းသို့ မန်ယူညာနောက်ခံကစားသမား ဗလင်စီယာ ဘောလုံးဆွဲယူသွားသည်ကို အာဆင်နယ်ခံစစ်မှူး မွန်ရီရယ်လ်က နောက်မှနေ၍ ဟန်ချက်ပျက်သွားစေရန် လုပ်ဆောင်ခဲ့မှုသည် ပင်နယ်တီပေးရမည့် အခြေအနေဖြစ်ကြောင်း ထောက်ပြသွားခဲ့ပြီး ယင်းပင်နယ်တီ မရရှိခဲ့မှုမှာ အသင်းအတွက် လွန်စွာ နစ်နာခဲ့ရသည်ဟုလည်း မော်ရင်ညိုက ညည်းတွားသွားခဲ့သည်။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ပွဲကြိုသတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် ကတိပြုခဲ့သည့်အတိုင်း မော်ရင်ညိုကို လက်ဆွဲနှုတ်ဆက်ခဲ့သော်လည်း လက်ဆွဲနှုတ်ဆက်စဉ်တွင် ၎င်းတို့နှစ်ဦး တစ်ဦးမျက်နှာ တစ်ဦး မကြည့်ခဲ့သည်မှာ ၎င်းတို့နှစ်ဦးအကြားရှိ အာဃာတများကို လှစ်ဟပြသနေသကဲ့သို့ ရှိကြောင်း သတင်းမီဒီယာများက ဝေဖန်ထောက်ပြထားသည်။ မော်ရင်ညိုနှင့် အာစင်ဝင်းဂါးတို့၏ လက်ဆွဲနှုတ်ဆက်မှုသည် အများအမြင်လှစေရန် ဝတ်ကျေတမ်းကျေ သဘောသာဆောင်ခဲ့ကာ အာစင်ဝင်းဂါးကမူ မော်ရင်ညိုနှင့် ၎င်းအကြားရှိ ဆက်ဆံရေးမှာ သာမန်ဆက်ဆံရေးမျိုးထက် မပိုဟု ဖွင့်ဟပြောကြားထားပြီး ဖြစ်သည်။ မော်ရင်ညို၏ မိတ်ဆွေဖြစ်သည့် အာဂျင်တီးနား ဂန္ထဝင် ဘောလုံးကစားသမားကြီး မာရာဒိုနာသည် မန်ယူနှင့် အာဆင်နယ်တို့ တစ်ဖက်တစ်ဂိုးစီ သရေကျသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အပြီးတွင် မော်ရင်ညိုထံသို့ ဖုန်းခေါ်ဆိုခဲ့ကာ အာဆင်နယ်နှင့်ပွဲစဉ်တွင် အသင်းကစားပုံမှာ များစွာတိုးတက်လာသည်ဟု မာရာဒိုနာက ချီးကျူးစကား ပြောကြားသွားခဲ့ကြောင်းလည်း မော်ရင်ညိုက အသိပေးသွားခဲ့သည်။
Source : https://goo.gl/ls5Sv1
via IFTTT
Source : https://goo.gl/ls5Sv1
via IFTTT
Subscribe to:
Posts (Atom)