Friday, November 18, 2016

7Day News Journal

မြန်မာနိုင်ငံတွင် အသက်(၁၆)နှစ်မှ (၃၅)နှစ်အထိ ကို လူငယ်အဖြစ် သတ်မှတ်ရန် နေပြည်တော်၌ နိုဝင်ဘာ ၁၇ ရက်တွင် ကျင်းပသော မြန်မာနိုင်ငံလုံး ဆိုင်ရာ လူငယ်တွေ့ဆုံဆွေးနွေးပွဲ က သဘောတူခဲ့သည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ ကောက်ယူလာသည့် လူငယ်အသက်သတ်မှတ်ချက် များထဲမှ အရေအတွက်အများဆုံး သတ်မှတ်ချက်ကို တစ်နိုင်ငံလုံးအ ဆင့်သတ်မှတ်ချက်အဖြစ် ရွေး ချယ်ခဲ့ခြင်းဖြစ်သည်။ လူငယ်အဖြစ် အနည်းဆုံး အသက်သတ်မှတ်ချက်တွင် (၁၆) နှစ်သည် အများဆုံးဖြစ်သော် လည်း (၁၃)နှစ်၊ (၁၅)နှစ်နှင့် (၁၈)နှစ်တို့ ဖြစ်သင့်ကြောင်း တင်ပြခဲ့ သူများလည်း ရှိသည်။ ‘‘တစ်နိုင်ငံလုံးအဆင့် သတ် မှတ်လိုက်ပေမယ့်လို့ ပြည်နယ်နဲ့ တိုင်းက တင်လာတဲ့ အသက်ကန့် သတ်ချက်တွေကိုဖျက်ပစ်လိုက် တဲ့သဘောမဟုတ်ပါဘူး။ သူ့ပြည် နယ်နဲ့ တိုင်းအလိုက် သတ်မှတ်ချက်အတိုင်း ရှိနေမှာဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့်အနေနဲ့က တော့ အသက်(၁၆)နှစ်က (၃၅) နှစ်ဟာ လူငယ်ဖြစ်တယ်လို့ သ ဘောတူခဲ့တာပါ’’ဟု လူငယ်ရေး ရာမူဝါဒရေးဆွဲရေးလုပ်ငန်းကော် မတီဝင် မခင်စန္ဒာညွန့်က ပြော သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ လူ ငယ်တွေ့ဆုံဆွေးနွေးပွဲမှ လူငယ် အသက်သတ်မှတ်ချက်ကို လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာ နက လက်ခံရန် သဘောတူပြီးဖြစ် ကြောင်း ၎င်းက ပြောသည်။ ကုလသမဂ္ဂ၏လူငယ်အ သက်သတ်မှတ်ချက်မှာ (၁၅)နှစ်မှ (၂၄)နှစ်အရွယ်အထိဖြစ်သည်။
Source : http://ift.tt/2fa0liu
via IFTTT

No comments:

Post a Comment