ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး ပေါက်ကွဲမှုမှ မသင်္ကာသူ သုံးဦး ဖမ်းမိ၊စစ်ဆေးရာမှ ပေါက်ကွဲစေမည့် ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်း ပေါက်ကွဲမှုနှင့် ပတ်သက်၍ မသင်္ကာသော အမျိုးသား သုံးဦးကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး စစ်ကြောရေးခန်းတွင် စစ်ဆေးရာမှ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမှိုက်ပုံ အနောက်တွင် ဖွက်ထားသည့် ပေါက်ကွဲမှု ပြုလုပ်ရာတွင် အသုံးပြုသည့် M150 အချိုရည် ပုလင်းများ သိမ်းဆည်း ရမိခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးဝင်းအတွင်း၌ နိုဝင်ဘာ ၂၅ ရက် ညက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က မသင်္ကာသူ အမျိုးသမီးကို ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ "ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မသင်္ကာတဲ့ အမျိုးသမီး ၂ ယောက်ကို စစ်ဆေးခဲ့ရာက သူတို့ ယောက်ျား နှစ်ယောက်ကို မိခဲ့တယ် ၊ အသေးစား ပေါက်ကွဲမှုကို သူတို့ ပြုလုပ်ခဲ့ကြောင်း ဝန်ခံထားပြီး ပေါက်ကွဲစေမယ့် ပုလင်းတွေ ဖွက်ထားတဲ့ နေရာပါ သိရလို့ သက်ဆိုင်ရာက တာဝန်ရှိသူတွေ လိုက်လံ သိမ်းဆည်းနေတယ် " ဟု ၎င်းက ဆိုသည်။ ဖမ်းမိထားသူများမှာ အဆိုပါ ရုံးဝင်းထဲ အသေးစား ပေါက်ကွဲမှုများ ပြုလုပ်ခဲ့သည့် အပြင် ရန်ကုန်မြို့တွင်းရှိ Ocean Center Capital Hypermarket နှင့် ဒဂုံတောင် လဝက ရုံးတို့တွင် ပေါက်ကွဲမှုများနှင့် ဆက်စပ်မှု ရှိ၊မရှိ စစ်ဆေးနေကြောင်း သိရသည်။ sources; The Voice
Source : https://goo.gl/WzGKl3
via IFTTT
No comments:
Post a Comment