ရခိုင်ပြည်နယ်တွင် တ ရားမဝင်သွားလာမှုများ ထိန်းချုပ် ရေးအတွက် လဝကအရာရှိ ၇၃ ဦးကို ဒေသအပြောင်းအရွှေ့ ပြု လုပ်မည်ဖြစ်ကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနမှ သတင်းရရှိသည်။ ရခိုင်ပြည်နယ်အတွက် လက်ရှိ တာဝန်ထမ်းဆောင်နေ သော လူဝင်မှုကြီးကြပ်ရေးဦးစီး ဌာနအရာရှိ ၇၃ ဦးကို အခြားဒေ သများက ၇၃ ဦးနှင့် အပြောင်းအ ရွှေ့ပြုလုပ်မည်ဖြစ်ပြီး ယခု နိုဝင် ဘာအတွင်း အပြီးသတ်ဆောင် ရွက်မည်ဖြစ်ကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်ကပြောသည်။ ‘‘အဓိကကတော့ တရားမ ဝင် သွားလာမှုတွေကို ထိန်းချုပ်ဖို့ အတွက် တာဝန်ပေးတာပေါ့။ အ မှန်က နိုင်ငံသားစိစစ်ရေးကတ် မ ရှိသေးဘူးဆိုလို့ရှိရင် သက်ဆိုင် ရာ ထောက်ခံချက်တွေနဲ့ သွားရ တယ်လေ။ ထောက်ခံချက်တွေနဲ့ မသွားဘူးဆိုရင် လိုအပ်သလို အ ရေးယူတာပေါ့။ အဲဒီလိုမျိုးတွေ လုပ်ဖို့အတွက်ကို တာဝန်ပေး တာ’’ဟု ဦးမြင့်ကြိုင်ကပြောကြား သည်။ ရခိုင်ပြည်နယ်သည် လူဦး ရေပေါက်ကွဲမှု ဖြစ်ပေါ်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်ချင်း ထိစပ်နေပြီး တရားမဝင် ဝင် ရောက်လာသော ဘင်္ဂါလီအရေး ကြောင့် ရှုပ်ထွေးမှုများဖြစ်ပွားနေ သော ဒေသဖြစ်သည်။ နယ်စပ် ဒေသမှ ခိုးဝင်မှုများ ရှိနေသကဲ့သို့ ရခိုင်ပြည်နယ်မှနေ၍ ရန်ကုန်မြို့ သို့ နည်းမျိုးစုံဖြင့် တရားမဝင် ဝင် ရောက်မှုများလည်း ရှိနေသည်။ ယင်းဖြစ်စဥ်များသည် ဒေသ တွင်း တာဝန်ရှိသူများ၏ တာဝန်ပျက်ကွက်မှုများကြောင့် ဖြစ် ကြောင်း ဝေဖန်မှုများရှိနေသည်။ လတ်တလောတွင် မောင်တော ဒေသကို ဘင်္ဂါလီအကြမ်းဖက်သ မားများ ဝင်ရောက်တိုက်ခိုက်မှု များရှိနေ၍ မြန််မာအစိုးရနှင့် တပ် မတော်က ရခိုင်ဒေသလုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက် နေသည်။
Source : http://ift.tt/2g9h5VM
via IFTTT
No comments:
Post a Comment