Monday, November 21, 2016

7Day News Journal

မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ်တွင် ဗီဇာသက်တမ်း ကုန်နေသည့် တရုတ်နိုင်ငံသား ဇနီးမောင်နှံနှစ်ဦးအား တရားစွဲဆိုနိုင်ရေး အာမခံပေးထားစဉ် ထွက်ပြေးတိမ်းရှောင်ရန် အားပေးကူညီခဲ့သည့် တရုတ်နိုင်ငံသားကို ရဲစခန်းတွင် စစ်ဆေးနေကြောင်း သတင်းရရှိသည်။ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက်နေ ပြည်သူတို့၏ တိုင်ကြားချက် များအရ တရုတ်နိုင်ငံသား ဇနီး မောင်နှံသည် နေခွင့်သက်တမ်း ကျော်လွန်နေသဖြင့် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တ လော ပြဋ္ဌာန်းချက်များ) အက်ဥပ ဒေပုဒ်မ ၄(၂) အရ ၁၃(၁) ဖြင့် တရားစွဲဆိုနိုင်ရန် ဌာနများသို့ တင်ပြစဉ် အာမခံပေးထားပြီး ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင် စဉ် ထွက်ပြေးသွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ စုံစမ်းသိရသည်။ တရုတ်နိုင်ငံသား ဇနီးမောင်နှံ ထွက်ပြေးတိမ်းရှောင်ရန် အားပေးကူညီခဲ့သည့် တရုတ်နိုင်ငံသားကို အမိန့်တစ်စုံတစ်ရာ မချမှတ်မီအတွင်း လိုအပ်သော စစ်ဆေးမှုများပြုလုပ်ရေး ချုပ်နှောင် ပေးရန် ချမ်းအေးသာစံမြို့နယ် လဝကမှူးက အကြောင်းကြားခဲ့ ၍ အမှတ်(၆) နယ်မြေရဲတပ်ဖွဲ့စခန်းတွင် နိုဝင်ဘာ ၁၈ ရက်က စတင်ချုပ်နှောင်ထားကြောင်း သတင်းရရှိသည်။ ယင်းတရုတ်နိုင်ငံသားအား လဝကအက်ဥပဒေပုဒ်မ ၁၃ (၁) ဖြင့် အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ တရုတ်နိုင်ငံသား ဇနီးမောင် နှံ နှစ်ဦးအား တရားစွဲဆိုနိုင်ရန် အထက်ဌာနအဆင့်ဆင့်သို့ တင်ပြဆောင်ရွက် စစ်ဆေးနေစဉ် မန္တလေးမြို့ရှိ တရုတ်နိုင်ငံသား ကုန်သည်ကြီးများအသင်း ဒုဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံသား ဦးအောင်ကိုလတ်တို့က ခံဝန်ဖြင့် ဟိုတယ်တစ်ခုခုတွင် နေထိုင်ခွင့်ပြုရန် တင်ပြခဲ့သဖြင့် ချမ်းအေးသာစံမြို့နယ်ရှိ ဟိုတယ်တစ်ခု၌ တည်းခိုခွင့် ပြုထားစဉ် အဆိုပါဇနီးမောင်နှံသည် နိုဝင်ဘာ ၁၆ ရက်က တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် သွားခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ် တမ်းအရ သိရသည်။ ထွက်ပြေးသွားသည့် တရုတ်နိုင်ငံသား ဇနီးမောင်နှံနှင့် တိမ်း ရှောင်ရန် ကူညီသည့် တရုတ်နိုင်ငံသားတို့သည် လူမှုကွန်ရက် We Chat ဖြင့် အဆက်အသွယ်ရှိခဲ့ကြောင်းနှင့် လက်ရှိတွင် အဆိုပါဇနီးမောင်နှံသည် တရုတ်နိုင်ငံသို့ ပြန်လည် ရောက်ရှိနေသည်ကို စုံစမ်းသိရှိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် ၂၀၁၅ ကလည်း မန္တလေးမြို့ ချမ်းအေးသာစံမြို့ နယ် ၇၈ လမ်းပေါ်ရှိ စည်ပင်သာ ယာရေးကော်မတီက တရားဝင် ဖွင့်လှစ်ခွင့်မပြုထားသည့် တော် ဝင်နှင်းဆီဆေးရုံ တတိယအလွှာ တွင် တရုတ်နိုင်ငံသားများဖြင့် တရားမဝင် ဆေးကုသနေ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်ကာ ဝင်ရောက်ဖမ်းဆီးခဲ့သည်။သို့သော် အဆိုပါ တရုတ်နိုင်ငံသားများအား စစ်ဆေးနေဆဲ ကာလမှာပင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ပြေးလွတ်မြောက်သွားဖူးသည်။
Source : http://ift.tt/2fw7JT7
via IFTTT

No comments:

Post a Comment