ဗာဒီ အောင်ပွဲခံချိန်တွင် ရုပ်သံမီဒီယာများ စက်ချို့ယွင်းသွားသည်ဟု ထင်မှတ်ကာ အလုပ်များခဲ့ လန်ဒန်၊ နိုဝင်ဘာ ၁၉ အင်္ဂလန်နှင့် စပိန်တို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် နိုင်ငံတကာ ခြေစမ်းပွဲကို တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည့် ကမ္ဘာတစ်လွှားရှိ သတင်းမီဒီယာများသည် တိုက်စစ်မှူး ဗာဒီက အင်္ဂလန်အတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးအပြီး အောင်ပွဲခံချိန်တွင် စက်ချို့ယွင်းမှု ဖြစ်ပွားသည်ဟု ထင်မှတ်ကာ အလုပ်များသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။ ဗာဒီသည် အင်္ဂလန်အသင်းအတွက် ဒုတိယမြောက်ဂိုးကို ရယူပေးအပြီးတွင် Mannequin Challenge ဟန်ဖြင့် အောင်ပွဲခံခဲ့ခြင်း ဖြစ်ကာ Mannequin Challenge ဟူသည်မှာ အေးခဲသွားသည့် ဟန်ပန် တုပလုပ်ယူခြင်းပင် ဖြစ်သည်။ ဗာဒီသည် ဂိုးသွင်းယူလိုက် အပြီးအတွင် အေးခဲသွားသည့် ဟန်ဖြင့် စက္ကန့်အနည်းငယ်ကြာ မလှုပ်မယှက် ရပ်တန့်ပစ်လိုက်ပြီး ကျန်အင်္ဂလန် ကစားသမားများကလည်း ဗာဒီကို ဂုဏ်ပြုသည့် သဘောဖြင့် တစ်ပြိုင်နက်တည်း ရပ်တန့်ပစ်လိုက်ကြသည့်အတွက် ယင်းပွဲစဉ်ကို တိုက်ရိုက်ထုတ်လွှင့်ပြသနေသော သတင်းမီဒီယာများက စက်ချို့ယွင်းသွားသည်ဟု မှတ်ထင်ကာ အလုပ်ရှုပ်သွားခဲ့ခြင်း ဖြစ်သည်။ အင်္ဂလန်နှင့် စပိန်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ခြေစမ်းပွဲကို ဝင်ဘလေ ဘောလုံးကွင်း အတွင်းသို့ လာရောက်၍ ရုပ်သံရိုက်ကူး ထုတ်လွှင့်ခဲ့သော သတင်းမီဒီယာတစ်ခုက ၎င်းတို့အနေနှင့် ဗာဒီ၏ အရူးလုပ်ခြင်းကို ခံလိုက်ကြရသည်ဟု မှတ်ချက်ပြု ပြောကြားသွားခဲ့ပြီး Mannequin Challenge ဖြင့် ၎င်းအောင်ပွဲခံလိုက်ချိန်တွင် အရန်ခုံတန်းလျား တွင် ရှိနေသူများကလည်း ယင်းသို့ လိုက်လုပ်ခဲ့ကြောင်း ဗာဒီက ရှင်းပြသွားခဲ့သည်။ Mannequin Challenge သည် တေးသံရှင် ရေးဆရင်းမ်မန်း၏ Black Beatles သီချင်း MTV တွင် ပါဝင်သည့် အကဟန်သစ်တစ်ခု ဖြစ်ကာ အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲ ကာလအတွင်း မဲဆွယ်စည်းရုံးရာတွင် တေးသံရှင် ဘွန်ဂျိုဗီနှင့်အတူ ဒီမိုကရက် သမ္မတလောင်း ဟီလာရီကလင်တန်နှင့် ၎င်း၏ ခင်ပွန်းသည် ဘီလ်ကလင်တန်တို့က ယင်းသို့ အေးခဲသွားဟန်ဖြင့် မဲဆန္ဒရှင်များကို ဖမ်းစားခဲ့ကြသေးသည်။ ၂၀၁၆ ခုနှစ် ဆူဇူကီးဖလားပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်အဖြစ် ထိုင်းအသင်းက အင်ဒိုနီးရှားအသင်းကို လေးဂိုးနှစ်ဂိုးဖြင့် အနိုင်ရသွားခဲ့ရာတွင်လည်း Mannequin Challenge ဟန်ဖြင့် အောင်ပွဲခံမှုများ ရှိခဲ့ကာ အင်ဒိုနီးရှားအသင်းက ဒုတိယဂိုး သွင်းယူလိုက်ချိန်နှင့် ထိုင်းအသင်းက တတိယဂိုး သွင်းယူလိုက်ချိန်တို့တွင် နှစ်ဖက်ကစားသမားများက ယင်းအေးခဲဟန်ဖြင့် အောင်ပွဲခံသွားခဲ့ကြသည်။
Source : https://goo.gl/xwJbi1
via IFTTT
No comments:
Post a Comment