ကျူးဘား ကွန်မြူနစ် ခေါင်းဆောင်ကြီး ဖီဒယ်ကက်စထရို ကွယ်လွန် ဟာဗားနား၊ နိုဝင်ဘာ ၂၆ ကျူးဘားနိုင်ငံ သမ္မတဟောင်းနှင့် ကွန်မြူနစ် တော်လှန်ရေး ခေါင်းဆောင်ကြီး ဖီဒယ်ကက်စထရို (အသက် ၉၀) သည် ယနေ့(နိုဝင်ဘာ ၂၆ ရက်)တွင် ကွယ်လွန်သွားပြီဖြစ်သည်ဟု ကျူးဘား နိုင်ငံပိုင် ရုပ်သံဌာနက သတင်းထုတ်ပြန်သည်။ ဖီဒယ်ကက်စထရိုသည် ကွယ်လွန်ချိန်တွင် အသက် ၉၀ ရှိပြီဖြစ်ပြီး မည်သည့် ရောဂါကြောင့် ကွယ်လွန်သွားရသည်ကို သတင်းထုတ်ပြန်ခြင်း မရှိသကဲ့သို့ မည်သည့်နေ့ရက်တွင် ဈာပန အခမ်းအနား ကျင်းပမည်ဟူသော အသေးစိတ် သတင်း အချက်အလက်ကိုလည်း ထုတ်ပြန်ခြင်း မရှိသေးပေ။ ကက်စထရိုသည် ကျူးဘားနိုင်ငံကို ရာစု နှစ်ဝက်နီးပါးမျှ တစ်ပါတီ စနစ်ဖြင့် ဦးဆောင် အုပ်ချုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ၎င်း၏ ညီဖြစ်သူ ရာအူးကို အာဏာ လွှဲပြောင်းပေးခဲ့သည်။ ကက်စထရိုကို ထောက်ခံသူများက ၎င်းသည် ကျူးဘား နိုင်ငံတော်ကို ပြည်သူများ လက်ဝယ်သို့ ပြန်လည် အပ်နှင်း ပေးနိုင်ခဲ့သော သူရဲကောင်း တစ်ဦးအဖြစ် အမြဲတစေ ချီးမွမ်း ပြောဆိုကြသည်။ ကက်စထရိုကို ဆန့်ကျင် ကန့်ကွက်သူများကမူ ၎င်းနှင့် ၎င်း၏ ကွန်မြူနစ် အစိုးရသည် အတိုက်အခံ နိုင်ငံရေးသမားများအပေါ် ရက်စက် ကြမ်းကြုတ်စွာ ဖိနှိပ် အုပ်ချုပ်ခဲ့သည်ဟု စွပ်စွဲ ပြောဆိုကြသည်။
Source : https://goo.gl/IOSyLx
via IFTTT
No comments:
Post a Comment