Tuesday, November 29, 2016


ကာလုံအစည်းအဝေး ခေါ်ပေးရန် ၁၃ ပါတီ တောင်းဆို ရန်ကုန်၊ နိုဝင်ဘာ ၂၈ နိုင်ငံတော်အတွင်း လတ်တလော ဖြစ်ပေါ်နေသော အထွေထွေအကျပ်အတည်း များကို ဖြေရှင်းရန် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူ ပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီနှင့် မဟာမိတ်ဖွဲ့ထားသော နိုင်ငံ ရေးပါတီ၁၃ ခုမှ ခေါင်းဆောင်များ လက်မှတ်ရေးထိုး၍ နိုဝင်ဘာလ ၂၈ ရက်နေ့ က အစိုးရထံ တောင်းဆိုခဲ့ကြသည်။ ရခိုင်ပြည်နယ်အတွင်း ပိုင်နက်နယ် မြေဆုံးရှုံးမည့် အလားအလာများကို ရင် ဆိုင်နေရပြီး အရှေ့မြောက်ဒေသတွင် စစ်ပွဲအကြောင်းပြု၍ အပြစ်မဲ့ပြည်သူများ ၏ အသက်အိုးအိမ်နှင့် ဥစ္စာပစ္စည်းများကို ဖျက်ဆီးခံရလျက်ရှိကြောင်း၊ အဆိုပါဖြစ် စဉ်များ၏ အကြောင်းအရင်းမှာ နိုင်ငံတကာ နှင့်ဆက်စပ်သော အကြမ်းဖက်အဖွဲ့ အစည်းများနှင့် အကြမ်းဖက်လုပ်ရပ်များ ကြောင့်ဖြစ်ကြောင်း အစိုးရက ရဲဝံ့ခိုင်မာ စွာ ထုတ်ပြန်ကြေညာရန် လို အပ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ယင်းအပြင် ရန်ကုန်မြို့တွင်း ပေါက် ကွဲမှုဖြစ်ရပ်များအပါအဝင် နိုင်ငံအနှံ့ တိုး ပွားလာသော ရာဇဝတ်မှုများ၊ စီးပွားရေး ပြဿနာများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်များ၏ မျှော်လင့်ချက်မှေးမှိန်လာခြင်းတို့မှာ နိုင်ငံတော်၏ အကျပ်အတည်း တစ်ခုဖြစ် ပေါ်လာပြီး တစ်မျိုးသားလုံးကို ခြိမ်း ခြောက်လာသော အန္တရာယ်များဖြစ် ကြောင်း၊ လက်ငင်းဆောင်ရွက်နေရသော တပ်မတော်၏ စစ်ရေးအရ ဖြေရှင်းဆောင်ရွက်မှုများမှာလည်း တစ်နေ့ တခြား မျက်နှာစာ ပိုမိုကျယ်ပြန့်လာပြီး နိုင်ငံတော်၏ ကာကွယ်ရေးအင်အားကို ချည့်နဲ့စေကြောင်း ဖော်ပြထားသည်။ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက "ရခိုင် ပြည်နယ်နဲ့ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ဒေသတွေမှာ ပဋိပက္ခတွေက ကြီးထွားနေဆဲ ဖြစ်တယ်။ ဒီဖြစ်စဉ်တွေအပေါ်အစိုးရ၊ လွှတ်တော်၊ တပ်မတော် အပါအဝင်နိုင်ငံ ခြားရေးဝန်ကြီးတွေက ကာ^လုံအစည်း အဝေးခေါ်ယူပြီး အမြန်ဖြေရှင်းဖို့သင့် နေပြီ။ အဲဒီအတွက် တောင်းဆိုရခြင်း ဖြစ်တယ်" ဟု ပြောသည်။ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ဒု-ဥက္ကဋ္ဌ ဦးဟန်ရွှေကလည်း မြန်မာနိုင်ငံ မြောက်ပိုင်း၌ ဖြစ်ပေါ်လျက် ရှိသောတိုက်ပွဲများကြောင့် လက်ရှိ NLD အစိုးရ ဦးဆောင်နေသော ၂၁ ရာစုပင်လုံ အောင်မြင်ရေးသည် စိန်ခေါ်မှုများမည့် အနေအထားတစ်ရပ်ဖြစ်ပြီး လက်ရှိနိုင်ငံရေးအကျပ်အတည်း၊ စီးပွားရေးအကျပ် အတည်းများကို ပီပြင်စွာဖော်ဆောင် ပေးရန် ကာ/လုံအစည်းအဝေး ခေါ်ယူရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ဆိုသည်။ "လက်ရှိမြန်မာနိုင်ငံမှာ စီးပွားရေး အကျပ်အတည်း၊ လူမှုရေးအကျပ်အတည်း ငြိမ်းချမ်းရေးအကျပ်အတည်းတွေက များစွာဖြစ်ပေါ်နေတယ်။ အကျပ်အတည်း တွေအားလုံးကို အစိုးရက ဘာမှ ပီပြင်စွာ ဖြေရှင်းနိုင်ခြင်းမရှိသေးဘူး" ဟု ဦးဟန်ရွှေ က ပြောသည်။ မြန်မာနိုင်ငံ ဒေသအသီးသီးရှိ ပြည်သူများ၏ ဘဝလုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးရရှိရန် အစိုးရ၊ တပ် မတော်၊ လွှတ်တော်အရပ်ရပ်မှ တာဝန်ယူ ပေးရန်လိုအပ်ပြီး ရန်ကုန်မြို့အတွင်း ဗုံး ဖောက်ခွဲမှုသည် နိုင်ငံတော်နှင့် နိုင်ငံသား များကို စော်ကားရာရောက်သော လုပ်ရပ် များကို တိကျစွာဖြေရှင်းရန်လိုအပ်ပြီး ယင်းပြဿနာများကို ဖြေရှင်းပေးရန် တစ်ခုတည်းသောနည်းလမ်းသည် ကာ/လုံ အစည်းဝေးသာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က ဆိုသည်။"ပြည်သူတွေရဲ့လုံခြံုရေးက ဘယ်လောက်တောင် စိန်ခေါ်ဖို့ဖြစ်လာလည်းဆိုရင် လွှတ်တော်ရုံးဝင်းအတွင်း ဗုံးဖောက်ခွဲမှုတွေ ဖြစ်လာတယ်" ဟု ဦးသိန်းညွန့်က ပြောကြားသည်။ ယင်းအကျပ်အတည်းများကို ဖြေ ရှင်းရာတွင် အာဏာသက်ရောက်နေပြီ ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်း ချက်နှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ဖွဲ့စည်းပုံအခြခံဥပဒေ ပုဒ်မ ၂၀၁ တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းခြင်းကို ပြဋ္ဌာန်း ထားပြီးဖြစ်ကြောင်း၊ ယနေ့ရင်ဆိုင်ရ သော လုံခြံုရေး၊ စီးပွားရေး အထွေထွေ အကျပ်အတည်းများ ပြည်တွင်းပြည်ပ အကြမ်းဖက်အန္တရာယ်များကို ထိရောက် စွာ ဟန့်တားနိုင်ရေးနှင့် အမျိုးသားလုံခြံု ရေး ကောင်စီအစည်းအဝေးကို အမြန်ဆုံး ခေါ်ယူရေးကို ယင်းနိုင်ငံရေးပါတီ ၁၃ ပါတီမှ တောင်းဆိုခဲ့ကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၁ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားသည်။ ယင်းကောင်စီတွင် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး ဌာနဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့ ပါဝင်သည်။ ကာ/လုံအစည်းအဝေးခေါ်ယူရန် တောင်းဆိုထားသည့် ကြံ့ခိုင်ရေးပါတီနှင့် မဟာမိတ်နိုင်ငံရေး ပါတီများမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ်၊ အမျိုးသားတိုးတက် ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အား စုပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ ချုပ်ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ကရင် ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ ဖြိုးတိုးတက် ရေးပါတီ၊ မြန်မာအမျိုးသား ကွန်ဂရက် ပါတီ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ ဒီမိုကရေစီပါတီနှင့် အင်းအမျိုးသား ဖွံဖြိုး တိုးတက်ရေးပါတီတို့ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက် ပြီး နိုင်ငံရေးပါတီများ၏ တောင်းဆိုမှုများ ကို နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက "အခုဖြစ်စဉ်တွေက နိုင်ငံတော်ရဲ့ အကျပ်အတည်းလို့ မယူဆဘူး။ တပ်မတော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံက ကာ/လုံအစည်းအဝေးမခေါ်လည်း ပြဿနာကိစ္စရပ်တွေကို မကြာခဏ တွေ့ဆုံ ညှိနှိုင်းပြီး ဆောင်ရွက်နေတာတွေ ရှိတယ်" ဟု ပြောကြားသည်။
Source : https://goo.gl/YFgjWQ
via IFTTT

No comments:

Post a Comment