ဧည့်စာရင်းတိုင်ကြားရန် မလိုတော့သည့် ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြု နေပြည်တော်၊ ၂၂ နိုဝင်ဘာ ၂၀၁၆ ဧည့်စာရင်းတိုင် ကြားစရာမလိုတော့သည့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကြမ်းကို နိုဝင် ဘာ ၂၁ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်။ လွှတ်တော်က အတည်ပြုသော ဥပဒေကြမ်းအရ ပြည်သူ များ ဧည့်စာရင်းတိုင်ကြားစရာ မလိုတော့ဘဲ နေရပ်တစ်ခုမှ အခြားနေရပ်တစ်ခုသို့ ပြောင်းရွှေ့နေထိုင်ရာတွင် တစ်လထက် ပိုမို နေထိုင်မည်ဆိုမှသာ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို အသိပေးရမည်ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီအဖွဲ့ဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးအောင်ကျော်ညွန့်က ပြောကြားသည်။ ‘‘ဧည့်စာရင်းကို အတင်း အကျပ်မတိုင်ခိုင်းဘူး။ ကိုယ့်ရဲ့ အခွင့်အရေးကို ရရှိနိုင်ဖို့အတွက် အကြောင်းကြားထားပေးဖို့ ပြော တဲ့သဘောပါ’’ဟု ၎င်းကဆိုသည်။ ဧည့်စာရင်း တိုင်ရသည့် ဝန်ထုပ်ဝန်ပိုးများကို နှစ်ပေါင်း များစွာ ကြုံတွေ့နေရသော ပြည် သူများအတွက် လွှတ်တော်က ယခုအတည်ပြုခဲ့သော ဥပဒေ ကြမ်းက သက်သာရာရစေမည် ဖြစ်ပြီး ဥပဒေကြမ်းအရ လုံခြုံ ရေးကိုလည်း စိုးရိမ်စရာမလို ကြောင်း ဦးအောင်ကြည်ညွန့်ထံမှ သိရသည်။ ဥပဒေကြမ်းအရ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှှူးများ အပြင် ကျေးရွာတာဝန်ခံ၊ ရာအိမ် မှူး၊ ဆယ်အိမ်မှူးတို့၏ လုပ်ငန်း တာဝန်များကို အသိအမှတ်ပြုပေး ထားပြီး ယင်းသို့ အသိအမှတ်ပြု ပေးထားသဖြင့် အုပ်ချုပ်ရေးဧရိ ယာသည် ပိုမိုထိရောက်မည်ဟု ဦးအောင်ကြည်ညွန့်က ဆိုသည်။ ထို့ပြင် ဧည့်စာရင်းမတိုင် ရတော့သော်လည်း ရာဇဝတ်မှု အရဖြစ်စေ၊ ဥပဒေချိုးဖောက် သည့်ကိစ္စများအတွက် ဖြစ်စေ ခိုင်လုံသော အကြောင်းပြချက်ရှိ သည့် နေရာများကို ဝင်ရောက်စစ် ဆေးခွင့်လည်း ဥပဒေကြမ်းတွင် ပါဝင်နေကြောင်း ဦးအောင်ကြည် ညွန့်ထံမှ သိရသည်။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသော ဥပဒေကြမ်း သည် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းဖြစ်ကာ ယင်းကို ဥပဒေအဖြစ် အတည်ပြုပြဋ္ဌာန်း နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်နိုင် ရန် သမ္မတထံသို့ လွှတ်တော်က ပေးပို့မည်ဖြစ်သည်။
Source : http://ift.tt/2gf7MEi
via IFTTT
No comments:
Post a Comment