Thursday, November 17, 2016

7Day TV

"ရွှေတိဂုံကို လုံခြုံရေးမြှင့်ထားတာ နှစ်ပတ်ရှိပြီလို့ သာသနာရေးဝန်ကြီးပြော" မောင်တောဖြစ်စဉ်ကြောင့် ရွှေတိဂုံစေတီတော် လုံခြုံရေးကို တိုးမြှင့်ထားတယ်လို့ သာသနာရေး ဝန်ကြီးက မီဒီယာတွေကို ဒီကနေ့ပြောကြားလိုက်ပါတယ်။ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ လုံခြုံရေးက မြန်မာနိုင်ငံရဲ့ အသက်သွေးကြောပါပဲလို့ ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။ လုံခြုံရေး တိုးမြှင့်ထားတာ နှစ်ပတ်ခန့် ကြာမြင့်ပြီဖြစ်ပြီး လုံခြုံရေး သဘောသဘာဝအရ အင်အားကိုတော့ ပြောပြခဲ့ခြင်း မရှိပါဘူး။ ရုပ်သံသတင်းထောက်- နန္ဒ၊ မြတ်သီဟမောင်
Source : http://ift.tt/2fYI1q2
via IFTTT

No comments:

Post a Comment