Wednesday, November 16, 2016

The Voice

၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာလှည့် ခရီးသွားများအတွက် အန္တရာယ် အများဆုံး ဒေသများ စာရင်းကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံမှ ဒေသအချို့ ပါဝင်လျက်ရှိပါတယ်။ ကျန်းမာရေးနဲ့ လုံခြုံရေးဆိုင်ရာ အထူး ကျွမ်းကျင်သူများအဖွဲ့ International SOS and Control Risk ကနေ ၂၀၁၇ ခုနှစ်အတွက် Travel Risk Map ကို ထုတ်ပြန်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ မြေပုံအရ ၂၀၁၇ ခုနှစ် အတွင်းမှာ ခရီးသွားဖို့ အန္တရာယ် အရှိဆုံး နိုင်ငံတွေအဖြစ် စစ်ပွဲတွေ ဖြစ်ပွားလျက်ရှိတဲ့ ဆီးရီးယား၊ အာဖဂန် နစ္စတန်နဲ့ ယီမင် နိုင်ငံတို့က ရပ်တည်နေခဲ့ပြီး နော်ဝေ၊ ဆွီဒင်နဲ့ အိုက်စလန်တို့ကတော့ လုံခြုံမှု ဘေးကင်းမှု အရှိဆုံး နိုင်ငံတွေအဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ရခိုင်၊ ကချင်၊ ရှမ်းအရှေ့နဲ့ တနင်္သာရီတိုင်းရှိ ဒေသ အချို့တို့ကို ခရီးသွားတွေအတွက် အန္တရာယ် မြင့်မားတဲ့ ဒေသတွေအဖြစ် Travel Risk Map မှာ အနီရောင်နဲ့ ဖော်ပြထားတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ကျန်ဒေသတွေကိုတော့ အန္တရာယ် ဖြစ်ပေါ်နိုင်ချေ အလယ်အလတ်ရှိတဲ့ ဒေသတွေအဖြစ် သတ်မှတ်ပြီး လိမ္မော်ရောင်နဲ့ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။ International SOS and Control Risk ဟာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားနိုင်ချေ၊ လမ်းခရီး အန္တရာယ်၊ ကူးစက်ရောဂါများ ကူးစက်ခံရနိုင်ချေ စတဲ့အချက်တွေပေါ် မူတည်ပြီး အန္တရာယ် ဖြစ်ပေါ်နိုင်ချေ အနိ်မ့်အမြင့်ကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။
Source : https://goo.gl/9ZNWEg
via IFTTT

No comments:

Post a Comment