Monday, November 21, 2016


မြန်မာသံတေးသံရှင်ကြီး ဟင်္သာတထွန်းရင် အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန် ----------------------------------- မြန်မာသံသီချင်းကောင်းများစွာကို သီဆိုခဲ့တဲ့ တေးသံရှင် ဟင်္သာထွန်းရင်ဟာ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်က သူနေထိုင်ရာ ရန်ကင်းမြို့နယ်ရှိ နေအိမ်မှာ အဆုတ်ကင်ဆာ ရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း ၎င်း၏ ဇနီးဖြစ်သူ ဒေါ်စီစီစိန်က The Voice ကို ပြောကြားပါတယ်။ “သူ့မှာ အဆုတ်ကင်ဆာ ဖြစ်နေတာ စသိတာကတော့ ပြီးခဲ့တဲ့ ဩဂုတ်လကလောက်မှ သိတာပါ။ ဒီရောဂါမျိုးကတော့ သိလည်းသိ၊ သွားလည်းသွားဆိုတဲ့ သဘောမျိုး ဖြစ်နေတာလေ။ သူ့ကိုတော့ ကျွန်မ လေးလလောက် ပြုစုလိုက်ရတာပေါ့နော်။ အသက် ၇၇ နှစ်မှာ ဆုံးတာဆိုတော့ သူသက်တမ်းစေ့တော့ နေသွားရတာပေါ့” လို့ တေးသံရှင် ဟင်္သာတထွန်းရင် ကွယ်လွန်ခဲ့ရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ၎င်းက ထပ်လောင်းပြောဆိုပါတယ်။ အပြည့်အစုံဖတ်ရန် - https://goo.gl/KPxBWx
Source : https://goo.gl/KPxBWx
via IFTTT

No comments:

Post a Comment