ရန်ကုန်မြို့လယ် သမ္မတရုပ်ရှင်ရုံအနီးရှိ ခုံးကျော်တံတား ဘေးတွင် အမျိုးသမီးတစ်ဦးကို သတ်ကာ အလောင်းစွန့်ပစ်ခဲ့ သည့် တရားခံ အာမင်း (ခ) ဝင်း ဇော်ထွန်းအား အနောက်ပိုင်းခရိုင် တရားရုံးက သေဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ပြီးခဲ့သည့် ၂ဝ၁၅ မေလ ၂၉ ရက်က သေဆုံးသူ အသက် (၂၅) နှစ်အရွယ် မချောစုခင်ထံမှ ရစရာ ရှိသည့် ကျပ်သုံးသောင်းတောင်း ရာ မပေးသဖြင့် အသက် (၁၅)နှစ် အရွယ် ချစ်ဆန်းလတ်၊ အသက် (၁၆)နှစ်အရွယ် ဝေဠုကျော်နှင့် အသက်(၂ဝ)အရွယ် အာမင်း (ခ)ဝင်းဇော်ထွန်းတို့ သုံးဦးတို့သည်၎င်းနှင့် စကားများရန်ဖြစ်ပြီး သေ ဆုံးသူအမျိုးသမီးအား အဓမ္မပြုကျင့်ကာ ဦးခေါင်းကို ခဲဖြင့်ထု၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပန်း ဘဲတန်းမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။ ပြစ်မှုကျူးလွန်သူသုံးဦး သည် သေဆုံးသူ အမျိုးသမီးကို ဝိုင်းချုပ်ကာ တစ်ယောက်တစ် လှည့်စီ အဓမ္မပြုကျင့်ပြီးနောက် အာမင်း (ခ) ဝင်းဇော်ထွန်းက ကွန်ကရစ်အပိုင်းဖြင့် နောက်စေ့ ကို နှစ်ချက်ထုပြီး လဲကျသွားသော အခါ ဝေဠုကျော် (ခ) ဝေလင်းက လက်ထဲရှိ တီဗီကော်ဘူးဖြင့် ရင် ဘတ်ကို အချက်ပေါင်းများစွာထု ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ရဲတပ် ဖွဲ့မှ သိရသည်။ အမျိုးသမီးတစ်ဦးကို အဓမ္မ ပြုကျင့်သတ်ဖြတ်ကာ အလောင်း စွန့်ပစ်ခဲ့သည့် အာမင်း (ခ) ဝင်း ဇော်ထွန်း အမှုတွင် တရားလိုပြ သက်သေ ၁ဝ ဦး၊ တရားခံပြသက် သေငါးဦးခန့်အား စစ်ဆေးကာ သေဒဏ်ကျခံစေရန် အမိန့်ချမှတ် ခဲ့ကြောင်း အနောက်ပိုင်းခရိုင် တရားရုံးမှ သိရသည်။ အဆိုပါအမှုကို အနောက် ပိုင်းခရိုင်တရားရုံးရှိ ဒုတိယခရိုင် တရားသူကြီး (၆)က တာဝန်ယူ စစ်ဆေးခဲ့ပြီး ခုနစ်နှစ်အထိ ထောင်ဒဏ် ချမှတ်ခံထိုက်သော ပြစ်မှုကို ကျူးလွန်နေစဥ် လူသတ် မှုကျူးလွန်သည့် ပုဒ်မ ၃ဝ၂(၁) (ဂ)ဖြင့် နိုဝင်ဘာ ၂၃ ရက်က အ မိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ အနောက်ပိုင်းခရိုင်တရားရုံး သို့ တရားစွဲဆိုတင်ပို့စဥ်က တရား ခံ ဝင်းဇော်ထွန်းကို အပြင်းအထန် နာကျင်စေမှု၊ အဓမ္မပြုကျင့်မှု၊ လုယက်မှု၊ လူသတ်မှုပုဒ်မများ ဖြင့် တရားစွဲဆိုခဲ့သော်လည်း ဒု ခရိုင်တရားသူကြီး (၆)က ၃ဝ၂ (၁) (ဂ)ဖြင့် စွဲချက်တင်အမိန့်ချ မှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်၍ အာမင်း (ခ) ဝင်းဇော်ထွန်းကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးရှိ ဒုခရိုင်တရားသူကြီး (၆)က တာဝန်ယူစစ်ဆေးခဲ့ပြီး အသက်မပြည့်သေး သည့် ချစ်ဆန်းလတ်နှင့် ဝေဠုကျော်တို့ကို ကလေးသူငယ် တ ရားရုံးတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။
Source : http://ift.tt/2frB0xc
via IFTTT
No comments:
Post a Comment