Tuesday, November 22, 2016

Kumudra

မူဆယ်မြို့မစျေးကြီးမှာစျေးသည်တွေကိုစျေးဆိုင်တွေပိတ်ထားဖို့နေ့လည် ၁၂နာရီကျော်ရင် အပြင်မထွက်ဖို့နူိးဆော်တဲ့ကောလဟာလတွေပြန့်နေတယ်လို့ မူဆယ်အထွေထွေအုပ်ချုပ်မှူး ဦးဇော်မင်းကပြောပါတယ်။ “ကျတော်တို့မပိတ်ခိုင်းထားပါဘူး။ပိုင်ရှင်တွေကကြောက်လို့ ပိတ်ကြတာပါ၊ကောလဟာလတွေ အမျိုးမျိုးဖြန့်နေလို့ကျတော်တို့ လိုက်လံဖြေရှင်းနေရတယ်” လို့ဦးဇော်မင်းကပြောပါတယ်။ မူဆယ်မြိုိ့ရပ်ကွက်အချို့မှာ နေ့လည်၁၂နာရီကျော်ရင်မထွက်ဖို့ လိုက်လံအော်ဟစ်တာကြောင့် ပြည်သူတွေဟာ ဆိုင်တွေပိတ်ပြီး အိမ်ထဲမှာပဲ နေနေကြတယ်လို့စျေးရောင်း သူတွေထံကသိရပါတယ်။ မူဆယ်စျေးထဲမှာစျေးရောင်းချနေတဲ့နန်းခင်အေးအထည်ပိုင်ရှင်ကဒေါ်နန်းခင်အေးက ” သူတို့မပြောခင်ကတည်းကစျေးသည်တွေကစျေးမရောင်းရဲလို့ပိတ်ထားကြတယ် တမြို့လုံးဆူညံနေကြတယ်။ အိမ်တွေကိုတံခါးပိတ်ခိုင်းနေတယ်”လို့ပြောပါတယ်။ မနေ့ညကမူဆယ်မြို့ထဲမှာပေါက်ကွဲသံတွေ ကြားရပြီး ပြည်သူတွေ အထိိတ်အလန့်ဖြစ်ပွားခဲ့ကာ ည၉နာရီခွဲကဆိုင်ကယ်စီးလာသူအမျိုးသားတစ်ဦးသေနတ်နဲ့ပစ်ခံရပြီးဆေးရုံပေါ်တက်ရောက်ကုသနေရပါတယ်။ လောလောဆယ်မှာခွဲစိတ်ခန်းဝင်နေတယ်လို့သိရပါတယ်။ မူဆယ်မြို့အဝင်ပေါက်တွေမှာစစ်တပ်ကလုံခြုံရေးယူထားတယ်လို့မူဆယ်ရှမ်းလူငယ်ကွန်ယက်ကစိုင်းနွမ်လောဝ်ကပြောပါတယ်။ Author/ အေးအေးအောင် ဓာတ်ပုံ- Sai Lao Htee Hseng
Source : http://ift.tt/2ggcvFk
via IFTTT

No comments:

Post a Comment