ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသူများသတင်းအား စိစစ် နိုဝင်ဘာ ၁၈၊ ၂၀၁၆ နတ်မြစ်အား ဖြတ်ကျော်၍ မိမိနိုင်ငံဘက်ခြမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းသို့ ထွက်ပြေးသူ (၂၀၀) ဦး ခန့်အား ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်မှ ဖမ်းဆီး၍ မိမိနိုင်ငံဘက်ခြမ်းသို့ ပြန်လည် စေလွှတ်ခဲ့သည်ဆိုသည့် သတင်းနှင့် ပတ်သက်၍ အမှတ် (၂) ဘီဂျီဘီ တပ်ရင်းမှူး ဒုမှူးကြီး အာဘူဝေဟာဇာဟိရ် နှင့် အမှတ် (၃၄) ဘီဂျီဘီ ဒုတပ်ရင်းမှူး မိုဟာမတ်အာဟူလ်နိုင်းတို့အား စကားပြန်မှတစ်ဆင့် မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဆက်သွယ်မေးမြန်း စုံစမ်းခဲ့ရာ ၎င်းတို့အနေဖြင့် သတင်းများ ထွက်ပေါ်နေသည်ကို ကြားသိရသော်လည်း မြေပြင်၌ အမှန်တကယ် ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။ မြေပြင်သတင်းစုံစမ်းမှုများအရ မောင်တော အနောက်မြောက်ဘက်တွင် လက်ရှိ ဖြစ်ပွားနေသည့် အခြေအနေများကြောင့် ရေခပ်ချောင်းခွဆုံရာ၊ မြောတောင်ရွာ၊ ဓါးကြီးစားရွာများနှင့် နီးစပ်ရာ ရေတွင်းကျွန်းရွာ၊ ပွင့်ဖြူချောင်းရွာ၊ ဥရှည်ကျရွာ၊ ငါးခူရ ရွာများတွင် နေထိုင်ကြသည့် အိမ်ထောင်စုဝင်များသည် ရေခပ်ချောင်းခွဆုံဘက်မှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ အဖွဲ့လိုက် ထွက်ခွာသွားခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ပြန်လည်စေလွှတ်ခဲ့ကြောင်း၊ လူ (၂၀၀) ခန့်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများသို့ ရောက်ရှိ နေကြဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျှက်ရှိသည်။ အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ ရိုက်တာ သတင်းဌာန၏ နိုဝင်ဘာ ၁၆ ရက်နေ့ သတင်းတစ်ပုဒ် တွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရန်ကြိုးပမ်းသူ ၇၂ ဦးကို မြန်မာ့တပ်မတော်က ပစ်သတ်ခဲ့သည်ဟု သတင်းဖေါ်ပြခဲ့မှုနှင့် ပတ်သက်၍ ယင်းနယ်မြေရှိ တပ်မတော်နှင့် နယ်ခြားစောင့်တပ်ဖွဲ့များသို့ နယ်စပ်ဒေသ၌ ထိတွေ့မှုများ ရှိ/ မရှိ စိစစ်မေးမြန်းရာ ၎င်းပစ်ခတ် သတ်ဖြတ်မှုမှာ လုံးဝမဟုတ်မှန်ကြောင်း၊ ပူးပေါင်းအဖွဲ့အနေဖြင့် အတွင်းပိုင်း နယ်မြေရှင်းလင်း စစ်ဆေးရေးကိုသာ ဆောင်ရွက်လျက်ပြီး နယ်စပ်ပိုင်း၌ ထိတွေ့မှုမရှိကြောင်း သိရှိရသည်။ (နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ) Ref; State Counsellor Office Information Committee
Source : http://ift.tt/2g2APwZ
via IFTTT
No comments:
Post a Comment