Sunday, November 20, 2016

7Day News Journal

ရန်ကုန်တိုင်းတွင် ယခု နှစ် ၁ဝ လအတွင်း ဖြစ်ပွားခဲ့သော လူသတ်မှု ၁၃ဝ ကျော်၌ တရားခံ မမိသေးသည့် လူသတ်မှုများ ကျန်ရှိနေသောကြောင့် ရဲအရာရှိ အချို့ ပြောင်းရွှေ့တာဝန်ချထား ခြင်းခံနေရကြောင်း သတင်းရရှိသည်။ မင်္ဂလာဒုံမြို့နယ်အတွင်း ဖြစ်ပွားသည့် ဘီအီးယန္တရားတပ် ရှေ့ အငှားယာဥ်ပေါ်၌ ဓားဒဏ် ရာများဖြင့် သေဆုံးခဲ့သည့် ဦးမြင့် ဆွေအမှုနှင့် ရဲဝန်ထမ်းဟောင်း မိသားစုလေးဦး အသတ်ခံရမှု သည် မြို့နယ်တစ်ခုတည်းတွင် တရားခံမပေါ်သေးသည့် အမှုဖြစ် သည်။ ‘‘အမှုတိုင်းမပေါ်ရင် ပြောင်း ရွှေ့တာတော့ မဟုတ်ဘူး။ ပေါ် သင့်တဲ့အမှုပေါ်အောင် မဖော် ထုတ်နိုင်ရင်ဖြစ်စေ တခြားမြို့ နယ်က ဖော်ထုတ်နိုင်ခဲ့ရင်ဖြစ်စေ ဒါမျိုးဆိုရင် အရေးယူတယ်။ တ ကယ်မပေါ်သေးတဲ့ အမှုကြီးတွေရှိပေမယ့် မပြောင်းရတဲ့ ရဲဝန်ထမ်းတွေလည်းရှိပါတယ်’’ဟု ရန်ကုန်တိုင်းအတွင်း တာဝန်ထမ်းဆောင်နေသော ရဲအရာရှိတစ်ဦးကပြောကြားသည်။ လူသတ်မှုဖြစ်ပွားပြီး တရား ခံ မမိသေးသည့် အမှုများသည် ဒေါပုံမြို့နယ် မြောင်းစပ်တွင် ဦး ခေါင်းဖြတ် အသတ်ခံရသည့် မိန်းကလေးငယ်အမှု၊ သုံးခွမြို့ နယ် ချောင်းဘေးတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် ဦးကျော် သိန်းဆွေအမှု၊ မှော်ဘီမြောင်းတ ကာ စက်မှုဇုန်နေအိမ်တွင် လည် ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေ သည့် ဒေါ်ဌေးဌေးမြင့်အမှု၊ အ ဖျောက်မြို့ လူမနေသည့် ခြံအ တွင်း ရေအိုင်စပ်တွင် မှောက် လျက်သေဆုံးနေသည့် မမြင့်မိုး နွယ်အမှုတို့သည် တရားခံမမိ သေးကြောင်း သိရသည်။ ‘‘ဒီလအတွင်းမှာ ဖြစ်ပွားခဲ့ တဲ့ လူသတ်မှုတွေမှာတော့ ၃၉ လမ်းက ဗြိတိန်နိုင်ငံသား အသတ် ခံရမှုရှိတယ်။ ဗဟန်းမြို့နယ်က ရွှေဂုံရိပ်မွန်အိမ်ရာရှိ ငါးလွှာ တိုက်ခန်းတစ်ခုမှာ နိုဝင်ဘာ ၁၈ ရက်က အမျိုးသားတစ်ဦး လက် ပြန်ကြိုးတုပ် အသတ်ခံရမှုက တော့ တရားခံမပေါ်သေးဘူး’’ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။ ရန်ကုန်တိုင်း ကြည့်မြင်တိုင် မြို့နယ်အတွင်း ဖြစ်ပွားသည့် နေ အိမ်အတွင်း ဓားထောက်ကာ အမျိုးသမီးငယ်ကို ပြန်ပေးဆွဲပြီး ငွေကျပ် ၄၉ သိန်း ယူဆောင်ခဲ့မှု၊ ဆူးလေစေတီအနီးဖြစ်ပွားခဲ့သည့် ဓားထောက်လုယက်မှု၊ ကုန်တိုက်များတွင် ဖြစ်ပွားသည့် ဓားထိုးမှုများကြောင့် ရန်ကုန်မြို့တွင် နေထိုင်သူအများစုမှာ လုံခြုံရေးစိုးရိမ်မှုများ မြင့်မားလျက်ရှိကြောင်း သိရသည်။ ‘‘ကြားလိုက်ရရင် နေ့ခင်း ကြောင်တောင် ဓားထောက်လု တယ်။ မိန်းကလေးတွေ ဓား၊ ကတ်ကြေးတွေနဲ့ အထိုးခံရတယ်။ ဒါတွေဟာ တရားဥပဒေစိုးမိုးရေး ကို ဖော်ပြနေတာပါ။ စီမံချက်တွေ နဲ့ လုပ်ဆောင်နေတယ် ပြောပေ မယ့် ထိရောက်မှုသိပ်မရှိဘူးလို့ မြင်ပါတယ်’’ဟု လသာမြို့နယ်နေ မနွယ်နွယ်ကပြောသည်။ မင်္ဂလာဒုံမြို့နယ် ပတ္တမြား မြို့သစ်တွင် ဖြစ်ပွားသည့် လေး လောင်းပြိုင်လူသတ်မှုသည် သုံး လကြာမြင့်ခဲ့သည့် အချိန်အထိ ပြစ်မှုကျူးလွန်သူဟု ယူဆရသူ များကို ဖမ်းဆီးရမိခြင်းမရှိသေး ကြောင်း သိရသည်။ ‘‘ဒီအမှုတွေထဲမှာတော့ လေးလောင်းပြိုင် လူသတ်မှုကို လူတွေစိတ်ဝင်စားကြတယ်။ ဒီအမှုကို ဘယ်ကိုမှ မလွှဲပါဘူး။ ရဲတပ်ဖွဲ့က အမှုဖြစ်စဥ်အတွက် နေ့တိုင်း အစည်းအဝေးလုပ်ပြီး အမှုနဲ့ပတ်သက်တဲ့သူတွေကို ရှာ ဖွေစစ်ဆေးနေပါတယ်။ ထူးခြားမှု ရှိလာတာနဲ့ မီဒီယာတွေကို ဖိတ် ကြားပြီး ရှင်းလင်းသွားမှာပါ’’ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။ ရန်ကုန်တိုင်းအတွင်း မှုခင်း ဖြစ်ပွားမှုကျဆင်းရန် မြို့နယ်အ လိုက် စီမံချက်ဖြင့် ဆောင်ရွက် လျက်ရှိပြီး ရပ်ကွက်အချို့တွင် လုံခြုံရေးကင်မရာများ တပ်ဆင် ထားကာ မှုခင်းဖြစ်ပွားမှုနှုန်း လျော့ ကျရန် ဆောင်ရွက်လျက်ရှိသော် လည်း မှုခင်းဖြစ်ပွားမှုနှုန်း သိသာ စွာ ကျဆင်းမှုမရှိကြောင်း သိရ သည်။
Source : http://ift.tt/2gwmev4
via IFTTT

No comments:

Post a Comment