Tuesday, November 29, 2016


ဒေါ်အောင်ဆန်းစုကြည်၏ အင်ဒိုနီးရှားခရီးစဉ် ရွှေ့ဆိုင်း ရန်ကုန်၊ နိုဝင်ဘာ ၂၉ အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးကို ဆန္ဒပြမှုနှင့် ဗုံးဖောက်ခွဲရန် ကြံစည်မှုများ ဖြစ်ပေါ်ပြီးနောက် နှစ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ် သွားရောက်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း သတင်းရရှိသည်။ ‘‘အစတုန်းကတည်းက အင် ဒိုနီးရှားခရီးစဉ်ကို စီစဉ်နေတယ် လို့ ပြောတာပါ။ အင်ဒိုနီးရှားခရီး စဉ်ကို ကျွန်တော်တို့ နှစ်ဖက်ပိုပြီး တော့ အဆင်ပြေမယ့်အချိန်ကို ပြန်ညှိသွားဖို့ ရှိပါတယ်။ အစတုန်းကတော့ အင်ဒိုနီးရှားကိုတော့ သွားဖို့ရည်ရွယ်ထားပါတယ်။ နှစ် ဖက်အဆင်ပြေမယ့်အချိန်တော့ သွားမှာပေါ့’’ဟု နိုင်ငံခြားရေးဝန် ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည် သည် စင်ကာပူနိုင်ငံသို့ ချစ်ကြည် ရေးခရီးစဉ်မှတစ်ဆင့် အင်ဒိုနီး ရှားသို့ သွားရောက်ရန် စီစဉ်ထား ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက 7Day Dailyသတင်းစာအား ပြောကြားထား သည်။ ရခိုင်ပြည်နယ် မောင်တော ဒေသတွင် ဖြစ်ပွားနေသော တိုက် ခိုက်မှုများ၌ ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ထောင်နှင့်ချီသော အင်ဒိုနီးရှားနိုင်ငံသားများက နိုဝင် ဘာ ၂၅ ရက်တွင် ဂျကာတာမြို့ ရှိ မြန်မာသံရုံးရှေ့သို့ လာရောက်ကာ ဆန္ဒပြကန့်ကွက်ခဲ့သည်။ ထို့အပြင် ဂျကာတာရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြံ စည်နေသည်ဟု သံသယရှိသော စစ်သွေးကြွတစ်ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ၎င်းအသုံး ချမည့် ဗုံးလုပ်ပစ္စည်းအမြောက်အ မြားကို သိမ်းဆည်းနိုင်ခဲ့ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောရေးဆို ခွင့်ရှိသူက နိုဝင်ဘာ ၂၆ ရက်တွင် သတင်းထောက်များအား ပြော ကြားသည်။ ဖမ်းဆီးထားသည့် သံသယ ရှိသူကို စစ်ဆေးပြီး ဗုံးဖောက်ခွဲ မှုတွင် ပါဝင်သည့် အကြမ်းဖက် သမားနှစ်ဦးကို ထပ်မံဖမ်းဆီးထားကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၇ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။ ယင်းဖြစ်စဉ်များကြောင့် မြန်မာသံရုံးကို အကာအကွယ် ပေးရန် အင်ဒိုနီးရှားရဲတပ်ဖွဲ့ဝင်၃၀၀ကျော်ဖြင့် လုံခြုံရေးပေးထား ကြောင်း အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောသည်။ ‘‘အင်ဒိုနီးရှားမှာ သူတို့ဘက် က သတင်းအချက်အလက်တွေရ ကတည်းက သူတို့က စောင့် ရှောက်နေတာပေါ့။ စုစုပေါင်း ၃၀၀ ကျော်လောက်နဲ့ ဖြစ်စဉ်ဖြစ် ကတည်းက စောင့်ရှောက်နေတာ ပေါ့။ ရဲအင်အား ၃၀၀ ကျော် လောက်နဲ့ စောင့်ရှောက်တယ်ဆို ကတည်းက စိုးရိမ်စရာတော့ မလို တော့ပါဘူး’’ဟု ၎င်းက ပြောကြား သည်။ ဒေါ်အောင်ဆန်းစုကြည် သည် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင် ဘာ ၂ ရက်အထိ စင်ကာပူနိုင်ငံ သို့ ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်သည်။ ဒီဇင်ဘာ ၁ ရက်သည် စင် ကာပူ-မြန်မာ နှစ်နိုင်ငံ ဗီဇာကင်း လွတ်ခွင့် စတင်ပေးမည့်နေ့ရက် လည်း ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်သည် စင်ကာပူနိုင်ငံရှိ ပြတိုက်တစ်ခုဖွင့်ပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် သည် ဒီဇင်ဘာ ၁ ရက်ည ၈ နာရီ၌ စင်ကာပူနိုင်ငံ Convention Centre ရှိ Big Box ခန်းမတွင် စင်ကာပူရောက် မြန်မာများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ Big Box ခန်းမတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် စင် ကာပူရောက် မြန်မာ ၅,၀၀၀ တွေ့ဆုံနိုင်ရန် စီစဉ်ထားကြောင်း Myanmar Club (စင်ကာပူ) ဥက္ကဋ္ဌ ဒေါက်တာမြတ်မော်ထွန်း က ပြောသည်။ ‘‘မြန်မာသံရုံးက ကျွန်တော် တို့ကို ပြောကြားလာတာပေါ့။ ဒီ ဇင်ဘာ ၁ ရက် ညနေမှာ မြန်မာ မိသားစုနဲ့ ဒေါ်စုနဲ့တွေ့ဖို့ စီစဉ် ပေးပါဆိုလို့ စီစဉ်ခိုင်းလို့ ကျွန် တော်တို့ စီစဉ်နေပါတယ်။ မေး ခွန်းတွေမေးနိုင်ဖို့လည်း စီစဉ်ထားပါတယ်။ မေးသင့်တယ်ထင်တဲ့ မေးခွန်းတွေရယ်၊ မေးချင်တဲ့သူ တွေရယ်ပေါ့။ မေးခွန်းတွေကို အ မျိုးအစားအလိုက်ခွဲပြီးတော့ စီစဉ် မှာပါ။ မတက်ရောက်နိုင်တဲ့သူ တွေလည်း မေးခွန်းတွေမေးနိုင် အောင် လုပ်ပေးမှာပါ’’ဟု ဒေါက် တာမြတ်မော်ထွန်းက ပြောသည်။
Source : http://ift.tt/2gdgtR7
via IFTTT

No comments:

Post a Comment