Wednesday, November 30, 2016


ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ပွဲစဉ်များနှင့် ဖိုင်နယ်ပွဲစဉ်များတွင် အဝေးဂိုးစည်းမျဉ်းစနစ် ကျင့်သုံးမည် အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) သည် လက်ရှိ ကျင်းပနေသည့် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များနှင့် ဖိုင်နယ်ပွဲစဉ်များတွင် အဝေးဂိုးစည်းမျဉ်းစနစ် ကျင့်သုံးမည် ဖြစ်ကြောင်း သိရသည်။ AFF သည် ဆူဇူကီးဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး နှစ်ကျော့ပေါင်း ဂိုးရလဒ် တူညီနေပါက အဝေးကွင်းတွင် ဂိုးသွင်းယူနိုင်သည့် အသင်းက နောက်တစ်ဆင့် တက်ရောက်နိုင်မည် ဖြစ်သည်။ AFF သည် ယင်းပြိုင်ပွဲတွင် ၂၀၀၄ ခုနှစ်မှစ၍ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို နှစ်ကျော့စနစ်ဖြင့် ကျင်းပခဲ့ပြီး ယခုနှစ်အတွက် ထုတ်ပြန်သည့် ပြိုင်ပွဲကျင်းပရေး စည်းမျဉ်းစည်းကမ်းတွင် အဝေးဂိုးစည်းမျဉ်း ကျင့်သုံးမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားခဲ့သည်။ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲတွင် နှစ်ကျော့ပေါင်း သွင်းဂိုး၊ ပေးဂိုး တူညီနေပါက အဝေးဂိုးစည်းမျဉ်းဖြင့် ဦးစားပေး ဆုံးဖြတ်မည်ဖြစ်ပြီး နှစ်ကျော့စလုံးသရေ (သို့မဟုတ်) နှစ်ကျော့ ဂိုးရလဒ် တူညီပါက အချိန်ပို ဆက်လက်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ အချိန်ပိုတွင်လည်း အဝေးဂိုးစည်းမျဉ်းမှာ ဆက်လက် အကျုံးဝင်မည်ဖြစ်ပြီး ဂိုးမရှိသရေ ထပ်ဖြစ်ပါက ပယ်နယ်တီ ကန်သွင်းရမည်ဖြစ်သော်လည်း အပြန်အလှန် ဂိုးသွင်းပြီး သရေဆက်ကျနေပါက အဝေးဂိုး စည်းမျဉ်းဖြင့် ဧည့်သည်အသင်းအား အနိုင်ပေးမည်ဖြစ်ကြောင်း သိရသည်။ ၂၀၀၄ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သည့် မြန်မာအသင်းသည် စင်ကာပူအသင်းနှင့် တွေ့ဆုံခဲ့ပြီး ပထမအကျော့က (၃-၄) ဂိုးဖြင့် အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယအကျော့ အဝေးကွင်းတွင် (၂-၁) ဂိုးဖြင့် ပြန် နိုင်ခဲ့သည်။ နှစ်ကျော့ပေါင်းရလဒ် ငါးဂိုးစီ တူညီခဲ့ပြီး အဝေးဂိုးစည်းမျဉ်း ကျင့်သုံးခြင်း မရှိသေးသောကြောင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရသည်။ သို့သော် မြန်မာအသင်းသည် ပွဲချိန်အတွင်း ကစားသမားသုံးဦး အထုတ်ခံရသောကြောင့် အချိန်ပိုတွင် စင်ကာပူကို ယှဉ်ကစားနိုင်ခြင်း မရှိဘဲ သုံးဂိုး ထပ်ပေးရကာ နှစ်ကျော့ပေါင်း (၈-၅) ဂိုးဖြင့် ရှုံးနိမ့်ကာ ဗိုလ် လုပွဲနှင့် လွဲချော်ခဲ့သည်။ ၂၀၁၆ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် မြန်မာနှင့် လက်ရှိချန်ပီယံ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်အသင်း တွေ့ဆုံနေပြီး ဒီဇင်ဘာ ၃၊ ၄ ရက်တွင် ပထမ အကျော့ပွဲစဉ်များ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
Source : http://ift.tt/2fKKcNo
via IFTTT

No comments:

Post a Comment