Monday, November 21, 2016

The Voice

မော်ရင်ညိုကို အာဆင်နယ် ပရိသတ်များ လှောင်ပြောင်၊ လက်ဆွဲနှုတ်ဆက်ချိန်တွင် မော်ရင်ညိုနှင့် အာစင်ဝင်းဂါးတို့ မျက်နှာချင်းမဆိုင် မန်ချက်စတာ၊ နိုဝင်ဘာ ၂၀ အာဆင်နယ်အသင်း ပရိသတ်များသည် မန်ယူနှင့် အာဆင်နယ်တို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်ယူနည်းပြ မော်ရင်ညိုကို “အခုထက်ပိုပြီး စပါယ်ရှယ်ဖြစ်ဖို့ မရှိတော့ဘူး” ဟု ဟစ်အော်လှောင်ပြောင်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။ နည်းပြမော်ရင်ညိုသည် အာဆင်နယ ပရိသတ်များအတွက် သရေရလဒ် ဟူသည်မှာ အောင်ပွဲရသကဲ့သို့ ပျော်ရွှင်ဖွယ်ရာ လွန်စွာကောင်းနေလိမ့်မည် ဖြစ်ကြောင်း ပွဲအပြီးတွင် မှတ်ချက်ပြု ပြောဆိုသွားခဲ့ပြီး မန်ယူအသင်း အနေနှင့် ရသင့်ရထိုက်သည့် ပင်နယ်တီ အခွင့်အရေး ငြင်းပယ်ခံလိုက်ရသည့် အတွက်လည်း ကံဆိုးခဲ့ရကြောင်း မော်ရင်ညိုက အသိပေးသွားခဲ့သေးသည်။ မော်ရင်ညိုသည် ပထမပိုင်း ပွဲကစားချိန် ၃၅ မိနစ်၌ အာဆင်နယ်အသင်း ပင်နယ်တီ ဧရိယာအတွင်းသို့ မန်ယူညာနောက်ခံကစားသမား ဗလင်စီယာ ဘောလုံးဆွဲယူသွားသည်ကို အာဆင်နယ်ခံစစ်မှူး မွန်ရီရယ်လ်က နောက်မှနေ၍ ဟန်ချက်ပျက်သွားစေရန် လုပ်ဆောင်ခဲ့မှုသည် ပင်နယ်တီပေးရမည့် အခြေအနေဖြစ်ကြောင်း ထောက်ပြသွားခဲ့ပြီး ယင်းပင်နယ်တီ မရရှိခဲ့မှုမှာ အသင်းအတွက် လွန်စွာ နစ်နာခဲ့ရသည်ဟုလည်း မော်ရင်ညိုက ညည်းတွားသွားခဲ့သည်။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ပွဲကြိုသတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် ကတိပြုခဲ့သည့်အတိုင်း မော်ရင်ညိုကို လက်ဆွဲနှုတ်ဆက်ခဲ့သော်လည်း လက်ဆွဲနှုတ်ဆက်စဉ်တွင် ၎င်းတို့နှစ်ဦး တစ်ဦးမျက်နှာ တစ်ဦး မကြည့်ခဲ့သည်မှာ ၎င်းတို့နှစ်ဦးအကြားရှိ အာဃာတများကို လှစ်ဟပြသနေသကဲ့သို့ ရှိကြောင်း သတင်းမီဒီယာများက ဝေဖန်ထောက်ပြထားသည်။ မော်ရင်ညိုနှင့် အာစင်ဝင်းဂါးတို့၏ လက်ဆွဲနှုတ်ဆက်မှုသည် အများအမြင်လှစေရန် ဝတ်ကျေတမ်းကျေ သဘောသာဆောင်ခဲ့ကာ အာစင်ဝင်းဂါးကမူ မော်ရင်ညိုနှင့် ၎င်းအကြားရှိ ဆက်ဆံရေးမှာ သာမန်ဆက်ဆံရေးမျိုးထက် မပိုဟု ဖွင့်ဟပြောကြားထားပြီး ဖြစ်သည်။ မော်ရင်ညို၏ မိတ်ဆွေဖြစ်သည့် အာဂျင်တီးနား ဂန္ထဝင် ဘောလုံးကစားသမားကြီး မာရာဒိုနာသည် မန်ယူနှင့် အာဆင်နယ်တို့ တစ်ဖက်တစ်ဂိုးစီ သရေကျသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အပြီးတွင် မော်ရင်ညိုထံသို့ ဖုန်းခေါ်ဆိုခဲ့ကာ အာဆင်နယ်နှင့်ပွဲစဉ်တွင် အသင်းကစားပုံမှာ များစွာတိုးတက်လာသည်ဟု မာရာဒိုနာက ချီးကျူးစကား ပြောကြားသွားခဲ့ကြောင်းလည်း မော်ရင်ညိုက အသိပေးသွားခဲ့သည်။
Source : https://goo.gl/ls5Sv1
via IFTTT

No comments:

Post a Comment