Monday, November 21, 2016

The Voice

သာကေတ Capital Hypermarket တွင် ပေါက်ကွဲမှု သတင်းစာရှင်းလင်းပွဲ ပြုလုပ် ရန်ကုန်၊ နိုဝင်ဘာ ၂၁ သာကေတမြို့နယ်ရှိ Capital Hypermarket တွင် ပေါက်ကွဲမှု လေးကြိမ် ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ ယနေ့ (နိုဝင်ဘာလ ၂၁ ရက်) နံနက် ၁၁ နာရီက Market မှ တာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ “ပေါက်ကွဲမှု ဖြစ်ခဲ့သည့်အပေါ် အင်မတန်မှ စိတ်မကောင်း ဖြစ်မိပါတယ်။ လက်ရှိ တာဝန်ရှိသူတွေ စစ်ဆေးချက်အရ ဒီရှော့ပင်းစင်တာထဲမှ အန္တရာယ်ရှိတဲ့ ပစ္စည်းတစ်စုံတစ်ရာ ဘာမှမရှိတော့ဘူး။ လုံခြုံစိတ်ချရပြီ ဖြစ်တာကြောင့် ဒီနေ့မှာ ဆိုင်ခန်းတွေ ပြန်ဖွင့်လှစ်ရောင်းချသွားမှာပါ” ဟု Capital Hypermarket မှ မန်နေဂျာ ဒေါ်သွယ်သွယ်မိုးက ပြောသည်။ နိုဝင်ဘာလ ၂၀ ရက် ညပိုင်းက ယင်း Market ရှိ အပေါ်ထပ်နှင့် အောက်ထပ်တွင် ပေါက်ကွဲမှု လေးကြိမ် ဖြစ်ပွားခဲ့ပြီး နောင်တစ်ကြိမ် ယင်းသို့ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်စေရန် ဝင်ထွက်ပေါက်များတွင် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်မည် ဖြစ်ကြောင်း Capital Hypermarket မှ လုံခြံုရေး တာဝန်ခံ မန်နေဂျာ ဦးဇော်ဦးက ပြောသည်။
Source : https://goo.gl/HigAo7
via IFTTT

No comments:

Post a Comment