အရေးပေါ် အခြေအနေ သက်တမ်း တိုးမြှင့်ပေးရန် ပြင်သစ်အစိုးရ တောင်းဆိုမည် ပဲရစ်၊ နိုဝင်ဘာ ၁၆ ပဲရစ်မြို့တော်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများအပြီးတွင် ထုတ်ပြန်ထားသည့် နိုင်ငံတော် အရေးပေါ် အခြေအနေကို ဒုတိယ အကြိမ်မြောက် သက်တမ်း တိုးမြှင့်ပေးရန် ပြင်သစ် အစိုးရအဖွဲ့က ပါလီမန်ကို တောင်းဆိုမည်ဖြစ်ကြောင်း ပြင်သစ်ဝန်ကြီးချုပ် မန်နျူရယ်ဗယ်၏ ပြောကြားချက်ကို Reuters သတင်းဌာနက ကိုးကားဖော်ပြသည်။ လာမည့် ပြင်သစ် ရွေးကောက်ပွဲများ၊ ဆီးရီးယားနှင့် အီရတ်တိုရှိ အစ္စလာမ္မစ် နိုင်ငံတော် စစ်သွေးကြွအဖွဲ့ကို တိုက်ခိုက်နေသည့် ညွန့်ပေါင်း အဖွဲ့ကို ပြင်သစ် ထောက်ခံမှု စသည့် အချက်များကြောင့် အကြမ်းဖက်မှုသစ်များ ပေါ်ပေါက်လာနိုင်ခြေကို လျစ်လျှူရှု၍ မရကြောင်း ဥပဒေပြု အမတ်များကို ပြင်သစ်ဝန်ကြီးချုပ်က ပြောကြားသွား သည်။ “ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး ပြင်သစ်က ရှင်းလင်းစွာ ရှုမြင်နိုင်ရပါမယ်။ ဒါကြောင့် နိုင်ငံတော် အရေးပေါ် အခြေအနေ သတ်တမ်းတိုးမြှင့်ပေးဖို hပါလီမန်ကို တောင်း ဆိုရတာပါ”ဟု ဝန်ကြီးချုပ်ဗယ်က ပြောကြားသွားသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် အရေးပေါ် အခြေအနေ သက်တမ်း ၆ လ တိုးမြှင့်ခဲ့ပြီး လာမည့်သက်တမ်းတိုးမြှင့်မှု မည်မျှ ကြာမြင့်မည်ကို ပြင်သစ်အစိုးရအဖွဲ့က ရှင်းလင်းစွာ ထုတ်ပြန်ခြင်း မရှိသေးပေ။
Source : https://goo.gl/fjrgDS
via IFTTT
No comments:
Post a Comment