Monday, November 21, 2016

The Voice

စာစစ်ဌာန ၁၃၆ခု ထပ်တိုးဖွင့်ရန်စီစဉ် ရန်ကုန်၊ နိုဝင်ဘာ ၂၁ ယခု ပညာသင်နှစ်မှာ ကျင်းပမည့် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) စာမေးပွဲတွင် စာစစ်ဌာန ၁၃၆ ခု အသစ် ထပ်တိုး ဖွင့်နိုင်ရေး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန အနေနှင့် စိစစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။ ယနေ့ (နိုဝင်ဘာလ ၂၁ ရက်) ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပညာရေးဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ ထီးလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်လေးဦးက ထီးလင်းမြို့နယ် အတွင်းရှိ ရေမျက်နီ ကျေးရွာနှင့် ကျင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတို့အား တက္ကသိုလ်ဝင်တန်း စာမေးပွဲ စာစစ်ဌာနအဖြစ် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာ ပညာရေးဝန်ကြီးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၅ - ၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယခု ၂၀၁၆ ခုနှစ် မတ်လ ၉ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့ရာ နိုင်ငံခြား စာစစ်ဌာန အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စာစစ်ဌာန စုစုပေါင်း ၁၄၇၀ ကျော် ထားရှိခဲ့သည်။ ဖြေဆိုသူ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူ ၆၇၀,၀၀၀ ကျော် ရှိခဲ့ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။
Source : https://goo.gl/VMJREm
via IFTTT

No comments:

Post a Comment