Monday, November 28, 2016

ကလေးသူငယ်မုဒိမ်းမှုများ သေဒဏ်ပေးရန် ဆန္ဒပြသူအများစုတောင်းဆို

သက်ငယ်မုဒိမ်းမှုများ မကြာခဏဖြစ်ပေါ်နေပြီးနောက် ‘လိင်အကြမ်းဖက်မှု ပပျောက်ရေး ကြီးလေးပြစ်ဒဏ် ချမှတ်ပေး’ ဝိုင်းဝန်းဆန္ဒပြပွဲသို့ လူပေါင်းရာချီ တက်ရောက်ခဲ့ပြီး တက်ရောက်သူ အများစုက ကလေးသူငယ်မုဒိမ်း မှု ကျူးလွန်သူများအား သေဒဏ် ပေးရန် တောင်းဆိုခဲ့ကြသည်။ ယင်းပွဲကို ယမန်နေ့က ကန် တော်ကြီး မျှော်စင်ကျွန်းတွင် ပြု လုပ်ခဲ့ရာ အနုပညာရှင်များ၊ ဥပ ဒေပညာရှင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက် ၍ ကလေးငယ်များအား ကျူး လွန်သူများကို ကြီးလေးသည့် ပြစ်ဒဏ်ချမှတ်ရန် ဆန္ဒပြုခဲ့ကြ သည်။ အဆိုပါပွဲတွင် ပညာပေး ဟောပြောခဲ့သည့် Legal Clinci Myanmar မှ ဒေါ်လှလှစိုးက ကလေးငယ်များအား လိင်ပိုင်း ဆိုင်ရာကျူးလွန်သူများကို အမြင့် ဆုံးသော ပြစ်ဒဏ်ပေးစေလိုသော်လည်း သေဒဏ်ပေးမည်ဆိုပါက အချက်ငါးချက်ကို ဂရုစိုက်ရ မည်ဖြစ်ကြောင်း ပြောပြသည်။ ယင်းတို့မှာ (၁) တရားစီရင် ရေးတွင် မေးခွန်းထုတ်စရာများ ရှိနေပြီး အမှန်တကယ်ကျူးလွန် သူမဟုတ်သူကို သေဒဏ်ပေးမိ လျှင် မည်သို့ကုစားမည်နည်း၊ (၂) ကျူးလွန်သူအများစုမှာ သွေး သားရင်းချာများဖြစ်ကြ၍ သေ ဒဏ်ပေးမည်ဆိုလျှင် တိုင်ကြားပါ တော့မည်လား၊ (၃) သက်သေ ထွက်ဆိုမည့်သူသည် တစ်ဖက် သားသေဒဏ်ကျမည်ဖြစ်၍ ထွက် ဆိုပါတော့မည်လား၊ (၄) စွပ်စွဲ သူ မိသားစု၏ ဘေးအန္တရာယ်ကို ကာကွယ်ပေးနိုင်ပါမည်လား၊ (၅)လူ့အခွင့်အရေးလှုပ်ရှားသူအချို့ က အသက်ရှင်နေထိုင်ခွင့်ရှိသည် ဟု ညွန်းဆိုထားချက်များစသည် တို့မှာ စဥ်းစားစရာများပင်ဖြစ် ကြောင်း ကလေးငယ်များအားလိင်ပိုင်း ဆိုင်ရာစော်ကားသူများ ကို သေဒဏ်ပေးရန် ဆန္ဒပြုမည့် ရာချီသည့် လူထုအား ပြောကြား ခဲ့သည်။ ယင်းပွဲတွင် ဥပဒေပညာရှင် များနှင့် လွှတ်တော်ကိုယ်စား လှယ်များက အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမှ တာဝန်ရှိသူများ လုပ်ထုံးလုပ်နည်းနှင့်အညီ မှန် ကန်တည့်မတ်စွာ ဆုံးဖြတ် ဆောင်ရွက်ကြရန်လည်း ပြော ကြားခဲ့သည်။ တရားလွှတ်တော်ရှေ့နေ ဦး ရောဘတ်စန်းအောင်က မုဒိမ်းမှု များပြားလာခြင်းသည် ‘‘သွားတိုင်တဲ့ ရဲစခန်းတွေ ပေါ့လျော့တာ များနေလို့လို့ ကျွန်တော်သုံးသပ်ပါ တယ်’’ ဟု ပြောကြားရာ နား ထောင်သူများက ဟုတ်မှန် ကြောင်း အော်ဟစ်ပြောဆို၍ လက်ခုပ်တီးအားပေးကြသည်ကို တွေ့ရသည်။ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီ ညီက ၎င်း၏ မဲဆန္ဒနယ်တွင် ဖြစ် ပွားခဲ့သည့် အစ်ကိုအရင်းက ငါး နှစ်အရွယ် ညီမအရင်းကို လိင်ပိုင်းဆိုင်ရာ စော်ကားသဖြင့် ကလေးငယ်၏ လိင်အင်္ဂါတွင် ဒဏ်ရာအကြီးအကျယ်ရခဲ့သည့် ကိစ္စအပေါ် ရဲဌာနမှ ပုဂ္ဂိုလ်များ က တာဝန်မကျေခဲ့ကြောင်း ထုတ် ဖော်ပြောကြားခဲ့သည်။ ‘‘ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ကျယ်ပြန့်သွားမှ အမှုဖွင့်ပေးလိုက် တာ’’ဟု ဦးညီညီက ပြောကြား သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်က ပြင် ဆင်နေသည်ဟု ပြောသည်။ ရန် ကုန်တိုင်းဒေသကြီး အနေဖြင့် မြို့ နယ်တိုင်းတွင် လက်ကမ်းစာစောင် များဝေပေးနေခြင်းဖြင့် အသိပညာပေးနေကြောင်း ပြောပြသည်။ အမျိုးသမီးများကို အကြမ်း ဖက်ခြင်းမှာ ယေဘုယျအားဖြင့် လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ၊ လူမှုစီးပွားပိုင်းဆိုင်ရာဟူ၍ လေးမျိုးရှိသော် လည်း လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်ခံရသည့် ကလေးငယ်သည် အကြမ်းဖက်နည်း လေးမျိုးစလုံးကို ကျူးလွန်ခံလိုက်ရခြင်းပင်ဖြစ် ကြောင်း ပြောကြားသည်။ ထို့နောက်သူက ယခုရက် ပိုင်းတွင် အဖြစ်များလာသည့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ ပြားကျယ်လောင်လာချိန်၌ ဥပ ဒေကြမ်းအဆင့်ထိ ရောက်ရှိနေ သည့် အမျိုးသမီးများအား အ ကြမ်းဖက်မှုများမှ ကာကွယ်ပေး ရေး ဥပဒေကို လွှတ်တော်ကအ တည်မပြုသေးသည်ကို မေးခွန်း ထုတ်သည်။ အကယ်၍ အတည်ပြုမည် ဆိုလျှင် လိင်အကြမ်းဖက်မှုများ ကို ‘အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်မည်’ဟု ယုံကြည်ကြောင်း ပြောပြသည်။ မြန််မာနိုင်ငံရဲတပ်ဖွဲ့၏ စာ ရင်းများအရ ၂ဝ၁၅ တစ်နှစ်လုံး တွင် မုဒိမ်းမှုပေါင်း ၆၈၂ မှုရှိခဲ့ပြီး သက်ငယ်မုဒိမ်းမှု ၂၃ဝ ကျော်ရှိခဲ့ သည်။ ၂ဝ၁၆ တွင် ၁ဝ လ အတွင်း၌ပင် မုဒိမ်းမှု ၇၆၁ မှုရှိခဲ့ပြီး သက်ငယ်မုဒိမ်းမှု ၃၈ဝ မှုကျော်ရှိခဲ့ သည်။ ရန်ကုန်တိုင်း၌ ၁ဝ လအ တွင်း သက်ငယ်မုဒိမ်းမှုပေါင်း ၇၄ ခုရှိပွားခဲ့ပြီး လေးရက်လျှင် ကလေးငယ်တစ်ဦးနှုန်း လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရခြင်းဖြစ် သည်။
Source : http://ift.tt/2fqwWSP
via IFTTT

No comments:

Post a Comment