ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင်လတ်တလောတိုက်ပွဲဖြစ်ပွားနေမှုများကို တွေ့ဆုံဆွေးနွေးနည်းလမ်းရှာရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဥ်တင်ပြဆွေးနွေးခဲ့ ကြောင်း ကရင်အမျိုးသားအစည်း အရုံး(KNU)အထွေထွေအတွင်း ရေးမှူးချုပ် ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ခေါင်းဆောင်သည့် တပ်မ တော်အဆင့်မြင့်အရာရှိများနှင့် KNUဥက္ကဋ္ဌဗိုလ်ချုပ်ကြီးစောမူတူး စေးဖိုးဦးဆောင်သည့်အဖွဲ့တို့ သည် နိုဝင်ဘာ ၂၅ရက်က နေ ပြည်တော်၌ တွေ့ဆုံခဲ့သည်။ ‘‘အဓိက ကျွန်တော်တို့ ဆွေး နွေးတာက NCA အပေါ်မှာအခြေ ခံပြီးတော့ ငြိမ်းချမ်းရေးတည် ဆောက်မယ့်အတွက်ကြောင့် NCA ကို အကောင်အထည်ဖော် တဲ့နေရာမှာ ကျွန်တော်တို့ ပြဋ္ဌာန်း ချက်နဲ့အညီဆောင်ရွက်ဖို့လိုအပ် ပါတယ်လို့ ဒါကိုအဓိကဆွေးနွေး ခဲ့တယ်။ နောက်တစ်ခုက မြောက် ပိုင်းမှာဖြစ်တဲ့ကိစ္စတွေ တွေ့ဆုံ ဆွေးနွေးနည်းလမ်းရှာဖို့ တင်ပြ ဆွေးနွေးခဲ့တယ်’’ဟု ဖဒိုစောကွယ်ထူးဝင်းကပြောကြားသည်။ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA)၊ တအာင်းလက်နက် ကိုင်အဖွဲ့(TNLA)နှင့် ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDAA)တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ၎င်းတို့ဒေသတွင် တပ်မတော်က စစ်ရေးလှုပ်ရှားမှုများပိုမိုပြုလုပ် လာသည့်အပေါ် တုံ့ပြန်သည်ဟု ဆိုကာ နိုဝင်ဘာ ၂ဝရက်တွင်ရှမ်း ပြည်နယ်မြောက်ပိုင်းရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်အပါအဝင်အစိုးရလုံခြုံရေးတပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နေ့စဥ်တိုက်ပွဲများဆက်လက်ဖြစ်ပွား လျက်ရှိသည်။ ‘‘KIOနဲ့ ပတ်သက်ပြီး ကျွန် တော်တို့ ဖြစ်စေချင်တာက လွန် ခဲ့တဲ့အချိန်တုန်းကလည်းတွေ့ဆုံ ဆွေးနွေးမှုတွေလုပ်ခဲ့တာပဲ။ အခု လည်း တိုက်ပွဲတွေလျော့ပါးဖို့အ တွက် ဒါတွေက တွေ့ဆုံဆွေးနွေး ဖို့လိုအပ်တယ်လို့ တင်ပြခဲ့ပါ တယ်။ ဒါကတော့ တပ်မတော် ပိုင်းဆိုင်ရာတို့၊ အစိုးရတို့က ပြန် လည်သုံးသပ်မှာပေါ့’’ဟု ဖဒိုစော ကွယ်ထူးဝင်းကဆိုသည်။ KNUဥက္ကဋ္ဌသည် နိုဝင်ဘာ ၂၆ရက်တွင် ပြည်ထောင်စုလွှတ် တော်ဥပဒေရေးရာနှင့်အထူးကိစ္စ ရပ်များလေ့လာဆန်းစစ်သုံးသပ် ရေးကော်မရှင်ဥက္ကဋ္ဌသူရဦးရွှေ မန်းနှင့် နေပြည်တော်၌ တွေ့ဆုံ၍ ၂၁ရာစုပင်လုံညီလာခံအောင်မြင် စွာကျင်းပနိုင်ရေးကိစ္စများ ဆွေး နွေးခဲ့ကြောင်း သတင်းရရှိသည်။ သူရဦးရွှေမန်းနှင့် တွေ့ဆုံ စဥ် မြောက်ပိုင််းတွင်ဖြစ်ပွားနေ သည့် တိုက်ပွဲများသည် ငြိမ်းချမ်း ရေးတည်ဆောက်ရာ၌ အခက် အခဲဖြစ်စေ၍ နည်းလမ်းရှာပြီး တွေ့ဆုံဆွေးနွေးနိုင်ရန်ကိစ္စများ ကို ဆွေးနွေးခဲ့သည်ဟု ဖဒိုစော ကွယ်ထူးဝင်းကပြောသည်။ ‘‘သူ့အနေနဲ့ကတော့ သူက အစိုးရမဟုတ်တော့ သူကဆုံးဖြတ် နိုင်တဲ့အနေအထားမရှိပေမယ့် လည်း ကျွန်တော်တို့ဆွေးနွေးတင် ပြမှုအပေါ်မှာ၊ ညိှနှိုင်းမှုအပေါ်မှာ လည် ဆက်လက်ပြီးတော့ သက် ဆိုင်ရာတာဝန်ရှိတဲ့အစိုးရခေါင်း ဆောင်ကို တင်ပြမှာပေါ့’’ဟု ၎င်း ကဆိုသည်။ KNU ခေါင်းဆောင်များ သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် လည်း တင်ပြထားကြောင်း သတင်း ရရှိသည်။
Source : http://ift.tt/2fGZAhb
via IFTTT
No comments:
Post a Comment