Monday, November 21, 2016

The Voice

MACCS စနစ် အသုံးပြုမည်ဆိုပါက အကောက်ခွန် ကြေညာလွှာတစ်စောင်လျှင် ကျပ်သုံးသောင်း ကောက်ခံမည် ရန်ကုန်၊ နိုဝင်ဘာ ၂၁ အကောက်ခွန်ဦးစီးဌာနက အကောင်အထည် ဖော်ဆောင်ရွက်သော အလိုအလျောက် ကုန်ပစ္စည်း ရှင်းလင်းရေး စနစ်(MACCS)ကို အသုံးပြုမည်ဆိုပါက အကောက်ခွန် ကြေညာလွှာ တစ်စောင်လျှင် MACCS Fee အဖြစ် ကျပ် သုံးသောင်း ကောက်ခံမည်ဖြစ်ကြောင်း ယင်းဌာနက ထုတ်ပြန်သည်။ MACCS စနစ်သို့ တင်သွင်းလာသည့် အကောက်ခွန် ကြေညာလွှာများအနက် အကြောင်းအမျိုးမျိုးကြောင့် ယင်းစနစ်မှ လက်ခံဆောင်ရွက် မပေးနိုင်သည့် ကြေညာလွှာများကိုမူ MACCS Fee ကောက်ခံသွားမည် မဟုတ်ဘဲ ယင်းကြေညာလွှာများကို ယခင် ဆောင်ရွက်နေသည့် Manual လုပ်ငန်းစဉ်များအတိုင်း လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ယင်းဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ MACCS စနစ်ကို ယခုနှစ် နိုဝင်ဘာ ၁၂ ရက်မှစတင်၍ အသုံးပြုခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ယင်းစနစ်သည် ရုံးပိတ်ရက်မရှိ ၂၄ နာရီ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။
Source : https://goo.gl/KZmyD3
via IFTTT

No comments:

Post a Comment