"စီးပွားရေးလုပ်ငန်း ဦးဆောင်သူ ၂၀၀ ခန့်ကို မေးမြန်းထားတဲ့ စစ်တမ်း" ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေရဲ့ ဦးဆောင်မှု အဆင့်မှာ ပါ၀င်ဆောင်ရွက်နေသူ ၂၀၀ ခန့်ကို ကမာ္ဘလုံးဆိုင်ရာ အတိုင်ပင်ခံအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ရိုလင်ဘာဂျာက ဩဂုတ်လနဲ့ စက်တင်ဘာလ အတွင်းက စစ်တမ်းတွေ ကောက်ယူခဲ့ပါတယ်။ ပြည်တွင်း စီးပွားရေးလုပ်ငန်း အဖွဲ့တွေရဲ့ ၉၇ ရာခိုင်နှုန်းဟာ အစိုးရရဲ့ ပွင့်လင်းမြင်သာတဲ့ စီးပွားရေးမူ၀ါဒ ရှင်းရှင်းလင်းလင်း ရှိလာခြင်းဟာ ရင်းနှီးမြှုပ်နှံမှုအပေါ် စိတ်၀င်စားမှုဖော်ဆောင်လာနိုင်မယ့် အရေးပါတဲ့ အချက်လို့ မှတ်ချက်ပြုနေကြတာပါ။ စစ်တမ်းအရ ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ အလုပ်သမားအရေးနဲ့ ဥပဒေ တည်ငြိမ်မှု မရှိခြင်းတို့ဟာ နိုင်ငံအတွင်း စီးပွားရေးလုပ်မယ့်သူတွေ အတွက် အဓိက စိုးရိမ်စရာ ဖြစ်နေတာပါ။ ဒါ့အပြင် ကျွမ်းကျင်လုပ်သားတွေရဲ့ လုပ်ခလစာမြင့်မားမှုဟာလည်း ထပ်ဆင့်စိန်ခေါ်မှုတစ်ခုဖြစ်လာပြီး ဆက်လက်တိုးပွားလာမယ့် ပြဿနာတစ်ရပ်လို့ စစ်တမ်းဖြေဆိုသူ ၆၈ ရာခိုင်နှုန်းလောက်က မှတ်ချက်ပြုထားတာပဲ ဖြစ်ပါတယ်။ ရုပ်သံသတင်းထောက် - သန်းဌေးအောင်
Source : http://ift.tt/2g9zEI6
via IFTTT
No comments:
Post a Comment