Tuesday, July 12, 2016

7Day News Journal

အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲဝင် မြန်မာအသင်းပွဲများကို မြဝတီရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်မည် (ချစ်ဝိုင်း) ==================== ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပနေသော ၂၀၁၆ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ဘောလုံးပြိုင် ပွဲဝင် မြန်မာအသင်းပွဲစဉ်များကို မြဝတီရုပ်မြင်သံကြား (MWD)နှင့် Myawady Variety Channel တို့မှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ် ကြောင်း သတင်းရရှိသည်။ ဇူလိုင် ၁၀ ရက်မှ ၂၃ ရက် အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပလျက်ရှိသည့် အာဆီယံ ယူ-၁၆ ပြိုင်ပွဲကို ပြည် တွင်းရှိ ပရိသတ်များ အားပေးနိုင် ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ရုပ်သံပြသခွင့်အတွက် ကန်ဒေါ်လာငါးသောင်းဖြင့် ဝယ်ယူခဲ့ပြီး ဇူလိုင် ၁၂ ရက်တွင် ယှဉ်ပြိုင်မည့် စင်ကာပူအသင်းနှင့် ပွဲစဉ်မှစတင်ပြသမည်ဖြစ်ကြောင်း အဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးက ပြော သည်။ မြန်မာ ယူ-၁၆ အသင်း သည် ယင်းပြိုင်ပွဲအုပ်စု(က)တွင် သြစတြေးလျ၊ စင်ကာပူ၊ မလေး ရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်အသင်း တို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး အုပ်စုအဖွင့်ပွဲ၌ သြစတြေးလျအသင်းနှင့် တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ထားသည်။ မြန်မာအသင်းသည် အုပ်စု အတွင်း လက်ကျန်ပွဲစဉ်များအ ဖြစ် ဇူလိုင် ၁၂ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် စင်ကာပူအသင်း၊ ဇူလိုင် ၁၄ ရက် ညနေ ၃ နာရီတွင် ဗီယက်နမ်အသင်း၊ ဇူလိုင် ၁၆ ရက် ညနေ ၆ နာရီတွင် မလေးရှားအသင်း၊ ဇူလိုင် ၁၈ ရက် ညနေ ၃ နာရီတွင် ဖိလစ်ပိုင် အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ် သည်။
Source : http://ift.tt/29KUz6E
via IFTTT

No comments:

Post a Comment