Tuesday, July 12, 2016

7Day News Journal

အများပိုင်ကုမ္ပဏီများ ငွေချေးသက်သေခံ လက်မှတ်ကြီးကြပ်ရေး ကော်မရှင်သို့ အသိမပေးဘဲ ရှယ်ယာရောင်းပါက အရေးယူမည် (မိုးညို) ======================= အများပိုင်ကုမ္ပဏီများ ပြင်ပတွင် ရှယ်ယာထုတ်ရောင်း ရာ၌ ငွေချေးသက်သေခံလက် မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မ ရှင်သို့ တင်ပြခြင်းမရှိဘဲ ရောင်းချ နေသဖြင့် အရေးယူမည်ဟု အဆိုပါကော်မရှင်မှ သတင်းရရှိသည်။ အများပိုင်ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားသော ကုမ္ပဏီများအနေဖြင့် အစုရှယ်ယာများရောင်း ချလိုပါက ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် (SECM)သို့ ကြိုတင်ခွင့်ပြုချက်တောင်းခံပြီး ဆောင်ရွက်ရမည်ဟု အဆိုပါကော်မရှင် က ထုတ်ပြန်သည်။ ရောင်းချလိုသည့်အများပိုင် ကုမ္ပဏီသည် SECM သို့ တင်ပြ ရမည်ဖြစ်ကာ ကော်မရှင်က ရက် ပေါင်း ၆၀ အတွင်း တင်ပြလာ သည့် ကုမ္ပဏီကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။ လက်ရှိ ဈေးကွက် ထဲတွင်မူ SECM သို့ တင်ပြခြင်း မရှိဘဲ ၎င်းတို့သဘောဆန္ဒအ လျောက် ရောင်းချနေသည့် အရေအတွက်များပြားနေကြောင်း သိရ သည်။ ‘‘ဈေးကွက်ထဲမှာတော့ ကြိုက်ရောင်းကြိုက်ဝယ်တွေ အ များကြီးပဲ။ တချို့ကုမ္ပဏီတွေက စတော့ဝင်တော့မယ် ပြောဆိုပြီး ရှယ်ယာတွေ ရောင်းနေတာ အများကြီး။ ဒါတွေကို စိစစ်ဖို့ လိုနေ တာ နောက်တောင်ကျနေပြီ’’ ဟု စီးပွားရေးပညာရှင် ဦးလှမောင်က သတိပေးပြောကြားသည်။ ရင်းနှီးမြှုပ်နှံလိုသူများသည် စတော့အိတ်ချိန်းမှ ကုမ္ပဏီများ တွင် ရောင်းဝယ်မှုနည်းပါးပြီး ပြင် ပ၌ ရှယ်ယာများဝယ်ယူရောင်း ချနေသည့် ပမာဏသည် ပိုမိုများပြားသည်ဟု ဦးလှမောင်က ဆို သည်။ လက်ရှိ ဖွင့်လှစ်လည်ပတ် နေပြီဖြစ်သော ရန်ကုန်စတော့ အိတ်ချိန်းတွင် FMI နှင့် သီလဝါ တို့က ရှယ်ယာများစတင်ရောင်းချ နေပြီဖြစ်သော်လည်း ကုမ္ပဏီအ ရေအတွက်နည်းပါးနေသေးသ ဖြင့် စိတ်ဝင်စားမှုလျော့ကျနေပြီး ရှယ်ယာဈေးနှုန်းများ နေ့စဉ် ကျ ဆင်းလျက်ရှိသည်။ ၂၀၁၃ ဇူလိုင် ၃၁ ရက်တွင် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုးထုတ်ပြန်ပြဋ္ဌာန်းပြီးဖြစ် သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ အစုရှယ်ယာများရောင်းချနေ သည့် အများပိုင်ကုမ္ပဏီ ၂၅၀ ကျော်ရှိကြောင်း SECM မှ သိရ သည်။
Source : http://ift.tt/29ulT4E
via IFTTT

No comments:

Post a Comment