မန္တလေးနှင့် မိတ္ထီလာတွင် ကျပ်တစ်ဘီလီယံကျော်ဖိုးရှိ စိတ်ကြွဆေးပြား သုံးသန်းကျော်ဖမ်းမိ (ဖြိုးဖြိုးဇော်) ======================= မန္တလေးမြို့နှင့်မိတ္ထီလာ မြို့တို့တွင် ဇနီးမောင်နှံနှစ်ဦးပိုင် ဆိုင်သည့် စုစုပေါင်းကျပ် တစ်ဘီ လီယံကျော်တန်ဖိုးရှိ စိတ်ကြွရူး သွပ်ဆေးပြားအရေအတွက် သုံး သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါစိတ်ကြွရူးသွပ်ဆေး ပြားများကို မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ် ကျန်စစ်သားလမ်း နှင့် ပျူစောထီးလမ်းကြားနေအိမ် ရှိ ဇနီးမောင်နှံကို သတင်းအရ ဖမ်းဝရမ်းဖြင့် ဝင်ရောက် ဖမ်းဆီးရာမှ တွေ့ရှိပြီး ကွင်းဆက်အနေဖြင့် မိတ္ထီလာမြို့တွင် ထပ်မံတွေ့ရှိခြင်း ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရသည်။ မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ်ရှိ နေအိမ်တွင် ဇူလိုင် ၁၃ ရက် နေ့လယ်က အမျိုးသားတစ်ဦးနှင့် ဇနီးဖြစ်သူတို့ ထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၁,၃၃၀ ပြား၊ ဘိန်းဖြူ ၀ ဒသမ ၂၈ ဂရမ်နှင့် ငွေသားသီးသန့် ကျပ်သိန်းငါးရာတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (နေပြည်တော်)မှ စုံစမ်း သိရသည်။ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အမျိုးသမီးကို ဆက်လက်စစ်ဆေးရာ ၎င်းတို့ ဇနီးမောင်နှံနှစ်ဦး ပိုင်ဆိုင်သော မိတ္ထီလာမြို့ရှိ နေအိမ်ခြံဝင်းအ တွင်း မူးယစ်ဆေးဝါးများ သိမ်း ဆည်းထားရှိကြောင်း စစ်ဆေးသိ ရှိခဲ့ပြီး ဇူလိုင် ၁၄ ရက် နံနက်အ စောပိုင်းက သွားရောက်ရှာဖွေ ရာ နေအိမ်အစောင့်အမျိုးသား တစ်ဦးနှင့်အတူ စိတ်ကြွရူးသွပ် ဆေးပြား ၃,၀၉၀,၀၀၀ ပြားထပ်မံ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲ တပ်ဖွဲ့ (နေပြည်တော်)မှ သတင်း ရရှိသည်။ ‘‘ဆေးဝါးတွေရဲ့ ပိုင်ရှင်တွေ ကိုပဲ ဖမ်းဆီးရမိခဲ့တာပါ။ သူတို့ တွေက ကျွန်တော်တို့အဓိက ပစ် မှတ်ထားတဲ့ တရားခံတွေပါ။ နောက်ပြီး မူးယစ်ဆေးဝါးအမှုတွေကို အမြဲတမ်းကျူးလွန်နေတဲ့ လူတွေပါ။ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး လွတ်နေတာပါ’’ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (နေပြည်တော်) ဌာနမှူးရဲမှူးကြီး ရွှေညာမောင် ကပြောကြားသည်။ မန္တလေးမြို့နှင့် မိတ္ထီလာမြို့ တွင် ဖမ်းဆီးရမိသည့် အဆိုပါ မူးယစ်ဆေးဝါးများ၏ စုစုပေါင်း တန်ဖိုးသည် ကျပ် ၁ဒသမ ၅၄ ဘီလီယံကျော်ရှိကြောင်းနှင့်ရန် ကုန်နှင့်ရခိုင်ပြည်နယ်တို့သို့ ဖြန့် ဝေရန် မူဆယ်ဘက်မှ သယ် ဆောင်လာခြင်းဖြစ်ကြောင်းရဲမှူး ကြီး ရွှေညာမောင်က ဆိုသည်။ မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိသည့် အာမက်ဒူလာ(ခ) စိုးမင်းနှင့် ၎င်း၏ဇနီးတို့ကို မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၉(က) /၂၀(က)/၂၁ အရ မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့မရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့် ထားသည်။ ထို့အတူ မိတ္ထီလာမြို့မ ရဲတပ်ဖွဲ့ စခန်းတွင်လည်း မူးယစ် ဆေးဝါးများပိုင်ရှင် အဆိုပါဇနီး မောင်နှံနှင့် ခြံစောင့်အမျိုးသားတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/ ၂၀(က)/၂၁ အရ အမှုဖွင့်ထားကာ ကျန်ဆက်စပ် ကျူးလွန်သူများ ကို စုံစမ်းလျက်ရှိကြောင်းမန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။ ယခုမူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသည့် စိုးမင်းနှင့် ဇနီးတို့သည် ပြီးခဲ့သည့် ၂၀၁၀ က မူးယစ် ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရ ဖူးသူများဖြစ်ပြီး တရားရင်ဆိုင်ခဲ့ ရာတွင် စိုးမင်းက လွတ်မြောက်ခဲ့ကြောင်းနှင့် ဇနီးဖြစ်သူမှာမူ ထောင် ၁၅ နှစ်ကျခံရသော်လည်း လျှော့ရက်ဖြင့် ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်ကြောင်းတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ထို့အပြင် ၂၀၁၂ ကလည်း စိုးမင်းသည် တရုတ်နိုင်ငံ အတွင်း၌ မူးယစ်ဆေးဝါးမှုဖြင့် တရုတ် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရပြီး မြန်မာ နိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ကာ တရား ရင်ဆိုင်ရသော်လည်း လွတ်မြောက်လာခြင်း ဖြစ်ကြောင်း အမှတ်(၁) မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ စုံစမ်းသိရသည်။
Source : http://ift.tt/29XUGbP
via IFTTT
No comments:
Post a Comment