ပြင်သစ်တွင် လူ ၇၀ ကျော် သေဆုံးသည့် လူအုပ်အတွင်း ကုန်ကားဖြင့် ဝင်တိုက်သည့်ရုပ်သံ ထွက်ပေါ် (ရုပ်သံ) ပြင်သစ်နိုင်ငံ နိုက်စ်မှာ အမျိုးသားနေ့ အထိမ်းအမှတ် မီးပန်းဖောက်ပွဲကို ကြည့်နေတဲ့ လူအုပ်ကို ကုန်ကားနဲ့ မောင်းဝင်တိုက်ခိုက်တဲ့ဖြစ်ရပ်ကို မှတ်တမ်းတင်ထားတဲ့ ရုပ်သံ ထွက်ပေါ်လာပါတယ်။ ဇူလိုင် ၁၄ ရက် ညပိုင်းက ဖြစ်ပွားခဲ့ပြီး လူ ၇၀ ကျော်သေဆုံးရသလို ကုန်ကားမောင်းသူကို အသေပစ်ခတ်ခဲ့ရပါတယ်။ ရုပ်သံဖိုင်မှာ ကုန်ကားဟာ လူအုပ်ထဲကို မဝင်ခင် ရဲတပ်ဖွဲ့က တားမြစ်ဖို့ ကြိုးစားပေမယ့် အရှိန်တင်ကာ မောင်းဝင်ခဲ့တာကို လမ်းဘေးကနေ မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ ကုန်းကားမောင်းပြေးပြီး လမ်းပေါ်မှာ လူတွေက သွေးအိုင်ထဲမှာ လဲကျနေသလို တချို့ထွက်ပြေးနေတာတွေကိုလည်း ရုပ်သံက မှတ်တမ်းတင်ထားပါတယ်။ ဒါ့အပြင် ကုန်ကားကို ရဲတွေက ဝိုင်းထားတာကိုလည်း ရုပ်သံမှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ကုန်ကားမောင်းသူ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘဲ ကားပေါ်မှာ သေနတ်နဲ့ လက်ပစ်ဗုံးတွေကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။ အာဏာပိုင်တွေကတော့ ဒေသခံတွေကိုတော့ အိမ်ထဲမှာပဲနေကြဖို့ အကြံပြုထားပြီး အရေးပေါ်အခြေအနေကို ကြေညာထားပါတယ်။ #dvb
Source : http://ift.tt/29NuP7K
via IFTTT
No comments:
Post a Comment