မြန်မာနိုင်ငံထွက် ပဲတီ စိမ်းများတွင် ပိုးသတ်ဆေးဓာတ် ကြွင်းများပါရှိခဲ့၍ တိုင်ပေနှင့် ဥရောပသမဂ္ဂနိုင်ငံများက အ၀ယ် ရပ်ဆိုင်းထားဆဲဖြစ်ကြောင်း ပဲကုန်သည်များထံမှ သတင်းရရှိသည်။ မြန်မာပဲတီစိမ်းကို တိုင်ပေ နှင့် အီးယူ နိုင်ငံတို့က အဓိက၀ယ်ယူနေသော်လည်း ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က တင်ပို့ခဲ့သည့် ပဲများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းများပါ၀င်နေကြောင်း စစ်ဆေးတွေ့ရှိ၍ ၂၀၁၅ စက်တင်ဘာလမှ ယနေ့အထိ ၀ယ်ယူခြင်းရပ်ထားကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။ ‘‘အစိုးရ အသိအမှတ်ပြု ဓာတ်ခွဲခန်းတွေမှာ စစ်ဆေးပြီးမှ ပြည်ပကို ပို့တာပဲ။ ဒါပေမဲ့ သူတို့ နိုင်ငံမှာ တစ်ဆင့် စစ်တဲ့အချိန်မှာ ပိုးသတ်ဆေး ဓာတ်ကြွင်းတွေပါ တယ်လို့ သိရတယ်။ ဒါကြောင့် ထိုင်၀မ်ကဆို လုံး၀ မ၀ယ်တော့ ဘူး။ အီးယူဆိုရင်လည်း ကိုယ် တိုင်သင်တန်းပေးထားတဲ့ စိုက် ခင်းတွေက ပဲတွေကိုပဲ ၀ယ်တော့တယ်’’ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်း ဒုဥက္ကဋ္ဌ ဦးစိုင်းဘဉာဏ်က ပြောသည်။ ယင်းသို့ ပြီးခဲ့သည့်နှစ်က ဓာတ်ကြွင်းပါရှိခြင်းကြောင့် ယခု နှစ် ပဲတီစိမ်းဈေးသည် ယခင်နှစ် ကာလတူ အရောင်းအ၀ယ် ဖြစ်ခဲ့သည့်ဈေးထက် ကျပ်နှစ်သိန်း ခန့်လျော့နည်းနေကြောင်း ပဲကုန် သည်များထံမှ စုံစမ်းသိရသည်။ ၂၀၁၂ မှစတင်ပြီး အီးယူက မြန်မာပဲတီစိမ်းကို GAP (ဓာတု ကင်းစင်သည့်နည်းဖြင့် စိုက်ပျိုး သည့်စနစ်) စနစ်ဖြင့် စိုက်ပျိုးနည်း သင်တန်းကို ပြည်တွင်းရှိ ပဲတီစိမ်း စိုက်တောင်သူများအား ပို့ချလျက် ရှိသည်။ လက်ရှိတွင်လည်း အဆို ပါ (GAP) လက်မှတ်ရရှိထား သည့် စိုက်ဧကများမှာ ပဲတီစိမ်း များကိုသာ အီးယူ နိုင်ငံများက ၀ယ်ယူပြီး အခြားနိုင်ငံများထက် ဈေးတစ်ဆခွဲခန့် ပိုရကြောင်း ပဲ ကုန်သည်များက ပြောသည်။ ထိုသို့ တောင်သူများကို GAP စနစ်ဖြင့် စိုက်ပျိုးနိုင်ရန် သင်တန်းပေးခြင်းမှာ ကောင်းမွန် သော်လည်း မြန်မာ တစ်နိုင်ငံလုံး ရှိ ပဲစိုက်တောင်သူအားလုံးကို စိုက်ပျိုးနည်းသင်တန်းပို့ချနိုင်ရန် အစိုးရအနေဖြင့် ကြိုးစားသင့် ကြောင်း ပဲကုန်သည်များက သုံးသပ်သည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲမျိုးစုံများ၏ ၇၀ ရာခိုင်နှုန်းကို အိန္ဒိယ၊ အီးယူနှင့် တရုတ်နိုင်ငံ တို့သို့ ၃၀ ရာခိုင်နှုန်းခန့်နှင့် တိုင် ပေသို့ တစ်နှစ်လျှင် ပဲတန်ချိန် ငါး သောင်းခန့်တင်ပို့ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာန စာရင်းများအရ သိရသည်။
Source : http://ift.tt/29RS8OF
via IFTTT
No comments:
Post a Comment