လက်ပံတောင်းဒေသ ကျေးရွာတချို့ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် အိမ်ခြေများ ပြောင်းရွှေ့ ======================= စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသ ကျေးရွာတွေမှာ ချင်း တွင်းမြစ်ရေ မြင့်တက်မှုကြောင့် အိမ်ခြေပေါင်း ၂၀၀ ကျော်က လူဦးရေ ၁၀၀၀ နီးပါးဟာ ရေလွတ်ရာနေရာကို ရွှေ့ပြောင်းခိုလှုံနေကြပါတယ်။ ချင်းတွင်းမြစ်ရေ ၃ ပေလောက်မြင့်တက်လာပြီး လူနေအိမ်တွေအပါအဝင် နွားတွေနဲ့ တခြားအိမ်မွေး တိရိစ္ဆာန်တွေ ထားတဲ့နေရာထဲအထိ ရေဝင်ရောက်လာတာလို့ ဆိုပါတယ်။ ရွှေ့ပြောင်းရွာသားတွေကို ဆားလင်းကြီးနဲ့ညောင်ပင်ကြီးသွားတဲ့ ကျောက်လမ်းဘေးမှာ နေရာချပေးထားကြောင်းနဲ့ ဌာနဆိုင်ရာက ကူညီကယ်ဆယ်ရေးတွေ ရောက်မလာသေးဘူးလို့ လက်ပံတောင်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှုး ဦးဝင်းမြင့်ဦးက ပြောပါတယ်။ ရွှေပြောင်းခဲ့တဲ့ကျေးရွာတွေကတော့ လက်ပံတောင်း။ တုံအလယ်တောကျောင်း။ ရွာသစ်၊ ရွှေလှေ၊ အလည်ရွာစတာတွေဖြစ်ပြီး ရွာကမူလတန်းကျောင်းတွေကို ယာယီပိတ်ထားပါတယ်။ မြစ်ရေကြီးမှုဟာ လက်ပံတောင်းဘက်စီးဆင်းသွားမယ့် ရေလမ်းကြောင်းကို ဝမ်ပေါင်ကုမ္ပဏီက ပိတ်ဆို့တာတွေကြောင့် ချင်းတွင်းမြစ်ရေတက်တာနဲ့ ရွာထဲအထိ ဝင်ရောက်တာပဲဖြစ်တယ်လို့ တုံတောကျောင်းရွာသား ဦးမြင့်ဌေးက ပြောပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ချင်းတွင်းမြစ်ရေ မြင့်တက်စဉ်ကလည်း ရေဘေးသင့်ဒေသခံတွေဟာ ရေလွတ်ရာနေရာမှာ ၁ လ နီးပါး ပြောင်းရွှေ့နေထိုင်ခဲ့ကြရပါတယ်။ သတင်း – ရန်နိုင်စိုး
Source : http://ift.tt/29K9dtk
via IFTTT
No comments:
Post a Comment