Fiber Backbone ချခင်းထားမှု ကီလိုမီတာ သုံးသောင်းကျော်လာ ========== နိုင်ငံတစ်ဝန်း ဖိုက်ဘာချခင်းထားမှု (National Fiber Backbone) ကီလိုမီတာ သုံးသောင်းကျော်လာပြီ ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးနည်းပညာဝန်ကြီးဌာနမှ သိရသည်။ တယ်လီကွန်းပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ပြီးနောက်ပိုင်း ရှိလာခြင်းဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ တယ်လီကွန်းပြုပြင်ပြောင်းလဲခြင်း မပြုလုပ်ခင်အချိန်က 7600 Km ရှိခဲ့ကြောင်း၊ ယင်းမှာ ၂၀၁၃ ခုနှစ်ကဖြစ်ကြောင်း သိရသည်။ ယခု ၂၀၁၅-၂၀၁၆ ခုနှစ် တွင် 31,000 ကီလိုမီတာအထိ ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။ ယခုနှစ် မေလအထိ တယ်လီကွန်းအခြေခံအဆောက်အဦများ ဆောင်ရွက်ထားရှိမှု အခြေအနေကို ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ Director General က ပြောကြားခဲ့ရာ အဆိုပါအချက် ပါဝင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာဂိတ်ဝေး (International Gateway) အနေဖြင့်လည်း တယ်လီကွန်းပြု ပြင်ပြောင်းလဲမှု မပြု လုပ်ခင်က တစ်ခုသာရှိခဲ့ရာမှ ယခုအခါ သုံးခုအထိရှိလာကြောင်း၊ တယ်လီကွန်း သိပ်သည်းဆလည်း တိုးလာကြောင်း သိရသည်။ လှိုင်းနှုန်းစဉ် အသုံးပြုမှုအနေဖြင့် 150 MHz bandwidth ကို အသုံးပြုနိုင်ခဲ့ပြီး 2600 MHz, 1800 MHz များကိုလည်း အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း ဆိုသည်။
Source : http://ift.tt/29vaNeF
via IFTTT
No comments:
Post a Comment