Tuesday, July 12, 2016

DVB TV News

ကလေးမြို့ ရွှေဆိုင်ဓားပြမှုတွင် တာဝန်ကျေစွာထမ်းဆောင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို ဆုချီးမြှင့် ========================== မတ်လ ၃ ရက်နေ့က ကလေးမြို့ အောင်မြေမာန်ရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်က ရွှေဝါလင်း ရွှေဆိုင်ကို ဝင်ရောက် ဓားပြတိုက်ခဲ့တဲ့ တရားခံကို ၁ နာရီကျော်အတွင်း ရွှေ ၁၂ ကျပ်သားကျော်နဲ့ အတူ ဖမ်းဆီးနိုင်ခဲ့တဲ့အတွက် ကလေးခရိုင်မှုခင်းနှိမ်နှင်းရေးအဖွဲ့က ရဲတပ်ဖွဲ့ဝင် ၃ ဦးကို မြန်မာနိုင်ငံရဲချုပ်ဇော်ဝင်းက ဒီနေ့ နေ့လယ်မှာ ဂုဏ်ပြုမှတ်တမ်းလက်မှတ်တွေ ချီးမြှင့်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ရဲချုပ်က ချီမြှင့်တဲ့ ဂုဏ်ပြုခြင်း ခံရသူတွေကတော့ ခရိုင်မှုခင်းနှိမ်နှင်းရေးအဖွဲ့က တပ်သားသက်ရှည်၊ တပ်သားစိုးမိုးအောင်နဲ့ ရဲအုပ်သီဟတို့ ၃ ဦးဖြစ်တယ်လို့ သိရပါတယ်။ “ဒီလို ဆုချီးမြှင့်တယ်ဆိုတာထက် ကိုယ့်စွမ်းဆောင်ရည်ကို အသိအမှတ်ပြုခံရတာကို ပိုပြီး ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ နောက်လာမယ့် တာဝန်ထမ်းဆောင်ချိန်မှာလည်း ကိုယ်ကျရာ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သွားမှာပါ။ ရဲတပ်ဖွဲ့ဝင်အားလုံးက တာဝန်ကျေအောင်လည်း အမြဲဆောင်ရွက်နေကြပါတယ်”လို့ ဂုဏ်ပြုခံခဲ့ရတဲ့ ရဲအုပ်သီဟက ပြောပါတယ်။ မတ်လ ဓားပြမှုနဲ့ ပတ်သက်ပြီး ရဲအုပ်သီဟ အနေနဲ့ အခုနှစ်အတွင်း အရင်အစိုးရလက်ထက် ကလည်း ဇေယျာထူးချွန် တတိယအဆင့် ရွှေငါးမူးသား တံဆိပ်တစ်ခု ချီးမြှင့်ခံခဲ့ရပြီး အခု ချီးမြှင့်ခံရခြင်းဟာ ဒုတိယ အကြိမ်ဖြစ်တယ်လို့ သိရပါတယ်။ သတင်း – မင်းရဲစစ်နိုင်
Source : http://ift.tt/2a5aXuU
via IFTTT

No comments:

Post a Comment