Tuesday, July 12, 2016

7Day News Journal

ရက်တစ်ရာအတွင်း အမြန်လမ်းပေါ်တွင် ယာဉ်တိုက်မှုနှင့် လူသေဆုံးဒဏ်ရာရမှုပိုများလာသဖြင့် ယာဉ်မောင်းများကို တိုးမြှင့်စစ်ဆေးမည် (အောင်သစ်လွင်) =========================== အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း အမြန်လမ်းပေါ် ယာဉ်တိုက်မှုနှင့် လူသေဆုံးဒဏ်ရာရမှု ပိုမိုများပြား လာသဖြင့် ယာဉ်မောင်းများအား စစ်ဆေးမှုတိုးမြှင့် လုပ်ဆောင်မည်ဖြစ်ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးကပြောသည်။ ဇန်နဝါရီ ၁ ရက်မှ မတ်လ ၃၁ ရက်အထိ သုံးလတာ ကာလ အတွင်း အမြန်လမ်းမကြီးတစ် လျှောက် ယာဉ်တိုက်မှု ၁၇၄ မှု၊ သေဆုံးသူ ၄၂ ဦး၊ ဒဏ်ရာရသူ ၂၇၈ ဦး ရှိခဲ့သည်။ အစိုးရသစ် တက်လာပြီးနောက် ဧပြီ ၁ ရက်မှ ဇွန်လ ၆ ရက် (ရက် ၁၀၀ ပြည့် ရန် သုံးရက်အလို)အတွင်း ယာဉ် တိုက်မှု ၂၀၇ မှု ဖြစ်ပွားကာ ၄၇ဦး သေဆုံး၍ ၄၃၇ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း အမြန်လမ်းမကြီး ရဲတပ် ဖွဲ့မှတ်တမ်းများအရ သိရသည်။ ဧပြီ ၁ ရက်မှ ဇူလိုင်လကုန်အထိ သုံးလတာကာလအတွင်း ယာဉ်တိုက် မှု ၁၉၅ မှု၊ သေဆုံးသူ ၄၅ ဦးနှင့် ဒဏ်ရာရသူ ၄၂၇ ဦး ရှိခဲ့ကြောင်း သတင်းရရှိသည်။ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ထွန်း အောင်က ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် ယာဉ် တိုက်မှုအများစုမှာ လိုက်ထရပ် ယာဉ်များကြောင့်ဖြစ်ပြီး ယာဉ် မောင်းအများစု စည်းကမ်းဖောက် ဖျက်နေသောကြောင့် စစ်ဆေး အရေးယူမှု တင်းတင်းကျပ်ကျပ် ပြုလုပ်နေကြောင်း ပြောသည်။ ‘‘အမြန်လမ်းပေါ်မှာ ကြိုက် တဲ့အချိန်ဖုန်းဆက်။ ရဲတပ်ဖွဲ့က အကူအညီပေးနေတယ်။ ဖြစ်ရင် ဖြစ်တဲ့နေရာ ချက်ချင်းရောက် အောင် လုပ်ပေးတယ်။ အမှန်က တော့ မောင်းတဲ့သူပဲ။ ဒီလောက် ဟောနေ၊ ပြောနေ၊ ပညာပေးနေ တာကိုး။ အဓိကက ကီလို ၁၀၀ သတ်မှတ်ထားရင် ၁၀၀ မောင်း ဘာမှမဖြစ်ဘူး။ အခုက လိုက် ထရပ်တွေက သတိပေးနေပြော နေတာ။ မတရားတင်၊ မတရား မောင်း ဒါတွေကြောင့်’’ဟု ရဲမှူး ကြီး ဇော်ထွန်းအောင်က ပြော သည်။ အမြန်လမ်းပေါ် ယာဉ်တိုက် မှု မှတ်တမ်းများအရ ၂၀၁၆ ဇန် နဝါရီတွင် ယာဉ်တိုက်မှု ၅၇ မှု၊ သေဆုံးသူ ၁၀ ဦးနှင့် ဒဏ်ရာရသူ ၈၅ ဦး၊ ဖေဖော်ဝါရီတွင် ယာဉ် တိုက်မှု ၄၇ မှု၊ သေဆုံးသူ ကိုးဦး နှင့် ဒဏ်ရာရသူ ၇၅ ဦး၊ မတ်လ တွင် ယာဉ်တိုက်မှု ၇၀ မှု၊ သေဆုံး သူ ၂၃ ဦးနှင့် ဒဏ်ရာရသူ ၁၁၈ ဦး ရှိခဲ့သည်။ သင်္ကြန်ကာလဖြစ်သောဧပြီတွင် ယာဉ်တိုက်မှုနှုန်း ပိုများခဲ့ ပြီး ယာဉ်တိုက်မှု ၆၉ မှု၊ သေဆုံး သူ ၂၂ ဦးနှင့် ဒဏ်ရာရသူ ၂၃၉ ဦး၊ မေလတွင် ယာဉ်တိုက်မှု ၇၃ မှု၊ သေဆုံးသူ ၁၄ ဦးနှင့် ဒဏ်ရာ ရသူ ၉၃ ဦး၊ ဇွန်လတွင် ယာဉ် တိုက်မှု ၅၉ မှု၊ သေဆုံးသူကိုးဦး နှင့် ဒဏ်ရာရသူ ၉၅ ဦး ရှိခဲ့သည်။ ဇူလိုင် ၁ ရက်မှ ဇူလိုင် ၆ ရက် အတွင်း ယာဉ်တိုက်မှု ၁၂ မှု၊ သေဆုံးသူ နှစ်ဦးနှင့် ဒဏ်ရာရသူ ၁၀ ဦး ရှိခဲ့သောကြောင့် ယာဉ် တိုက်မှုနှုန်း တိုးလာသလို လူသေ ဆုံးဒဏ်ရာရမှုလည်း တိုးလာခဲ့ သည်။ ဇူလိုင် ၁၀ ရက်ကလည်း အမြန်လမ်း မိုင်တိုင် ၂၃၉အနီး တွင် လိုက်ထရပ် ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး လူ နှစ်ဦးသေဆုံးကာ ၂၉ ဦး ဒဏ်ရာရခဲ့သေးသည်။ အစိုးရသစ်၏ ပထမရက် ပေါင်း ၁၀၀ အတွင်း ကျပ်ငါးဘီ လီယံ အသုံးပြု၍ ရန်ကုန်ဘက် ခြမ်း မိုင်တိုင်အမှတ် (၁၅) မှ (၂၅)အထိ ၁၀ မိုင်ကို Project Unit (1)အဖြစ်သတ်မှတ်ပြီး မိုင်တိုင်အမှတ် (၁၆၃) မှ (၁၇၃) အထိကို Project Unit (2) အဖြစ် စုစုပေါင်းလမ်းမိုင် ၂၀ တိုးချဲ့ပြင်ဆင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ အနေဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက် အဓိကစစ် ဆေးရေးဂိတ်ကြီးများတွင် ရက် သတ္တပတ် တစ်ပတ်လျှင် လေး ကြိမ်ပူးပေါင်းအဖွဲ့နှင့် စစ်ဆေး နေပြီး ယာဉ်မောင်းများအား အယ်လ်ကိုဟော တိုင်းတာစစ် ဆေးသည့် ကိရိယာဖြင့်ပါ စစ်ဆေးနေကြောင်း သတင်းရရှိသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ စအရှည် ၃၅၂ မိုင် ၂ ဖာလုံရှည် လျားပြီး လမ်းတစ်လျှောက် အမြန်လမ်းမကြီး ရဲစခန်း ၁၆ခုထားရှိကြောင်း သတင်းရရှိသည်။
Source : http://ift.tt/29B5ddR
via IFTTT

No comments:

Post a Comment