ခင်ပွန်းဖြစ်သူကို ရဲဒင်းဖြင့် ခုတ်သတ်ပြီး ရဲစခန်းတွင် လာရောက်ဖမ်းခံခဲ့သူ အမျိုးသမီး (ရုပ်သံ) ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ အမျိုးသမီးတစ်ဦးဟာ နေအိမ်မှာ အိပ်ပျော်နေတဲ့ ခင်ပွန်းကို ရဲဒင်းနဲ့ ခုတ်သတ်ပြီး ကိုယ်တိုင် ရဲစခန်းမှာ လာရောက်ဖမ်းခံခဲ့တဲ့ ဖြစ်စဥ် ဇူလိုင်လ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူက အကြိမ်ကြိမ် နှိပ်စက်ပြီး ဆဲဆိုရိုက်ပုတ်လေ့ရှိတာကြောင့် ဇနီးသည်က အခုလို ရဲဒင်းနဲ့ ခုတ်သတ်ခဲ့တာဖြစ်တယ်လို့ လာရောက်အဖမ်းခံစဥ် အမျိုးသမီးက ပြောကြားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားခဲ့ပါတယ်။
Source : http://ift.tt/29EyDaM
via IFTTT
No comments:
Post a Comment