Sunday, July 17, 2016

Eleven Media Group

ပြည်တွင်းသို့ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ တရားမ၀င် တင်သွင်းမှုများရှိပြီး ဈေးကွက်အတွင်း တစ်ဖက်နိုင်ငံများမှ ကြက်အရှင်များ တရားမ၀င် တင်သွင်းနေ ====================== ပြည်တွင်းသို့ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ တရားမ၀င် တင်သွင်းမှုများ ရှိနေပြီး ကြက်ဘဲဈေးများသို့ တစ်ဖက်နိုင်ငံများမှ ကြက်အရှင်များ တရားမ၀င် တင်သွင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် မေလအတွင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ မွေးမြူရေး လုပ်ငန်းရှင်များ ပူးပေါင်း၍ ပြည်တွင်း၌ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်း များ တရားမ၀င် တင်သွင်းသည့် ဖြစ်စဉ်များနေပြီး ယင်းနှင့်ပတ်သက်သည့် ထိရောက်သော ပြစ်ဒဏ်သတ်မှတ်ရေး ဥပဒေ၊ နည်းဥပဒေများတွင် ထည့်သွင်း ရေးဆွဲသွားရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ မြန်မာနိုင်ငံသို့ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ တရားမ၀င် တင်သွင်းမှု များစွာရှိနေပြီး အထူးသဖြင့် ကြက်၊ ဘဲဈေးများသို့ တစ်ဖက်နိုင်ငံများမှ ကြက်အရှင်များ တရားမ၀င် တင်သွင်း ရောင်းချမှုများ ရှိနေကြောင်း၊ ယင်းနှင့် ပတ်သက်၍ မွေးမြူရေး လုပ်ငန်းရှင်များမှ အရေးယူနိုင်ရန် သက်ဆိုင်ရာသို့ အကြောင်းကြား သတင်းပေးပို့သော်လည်း ထိရောက်သည့် အရေးယူမှုများ နည်းပါးနေဆဲ ဖြစ်ကြောင်းနှင့် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ တင်သွင်း/ ပို့ခြင်း နှင့် ပတ်သက်၍ တရားမ၀င် လုပ်ဆောင်မှုများကို ဥပဒေဖြင့် ကာကွယ် တားဆီးနိုင်ရေး အတွက် အဓိက ဆွေးနွေးထားကြောင်း သိရသည်။ လက်ရှိတွင် အိမ်နီးချင်းနိုင်ငံများမှ တစ်ဆင့် ပြည်တွင်းသို့ ကြက်ဥ၊ ကြက်သားပေါက်နှင့် ကြက်အရှင်များ နယ်စပ်မှတစ်ဆင့် တရားမ၀င် ၀င်ရောက်မှု များနေပြီး ယင်းကဲ့သို့ တရားမ၀င် ၀င်ရောက်မှု များလာခြင်းကြောင့် အမျိုးသားအဆင့် ဇီ၀လုံခြုံရေးနှင့် ပြည်တွင်း မွေးမြူရေး ကုန်ထုတ်လုပ်မှု ထိခိုက်လျက်ရှိကြောင်း၊ ယင်းကဲ့သို့ တရားမ၀င် ၀င်ရောက်မှု များလာခြင်းသည် နိုင်ငံတွင်း ကြက် ငှက်တုပ်ကွေး ရောဂါ ကူးစက် ပြန့်ပွားစေနိုင်သည့် အကြောင်းရင်း တစ်ရပ်ဖြစ်ကြောင်း၊ ပြည်တွင်း မွေးမြူရေး လုပ်ငန်းရှင်များအတွက် ဈေးကွက် ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်စေသည့်အတွက် ယင်းနှင့်ပတ်သက်သည့် ကိစ္စရပ်များကို အရေးယူ ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ ၀န်ကြီးဌာနသို့ မေလအတွင်းက တင်ပြစာ ပေးပို့ခဲ့ကြောင်း သိရသည်။ မေလအတွင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကြက်မွေးမြူရေးဇုန်တွင် ကြက်များ သေဆုံးခဲ့ပြီး မတ် ၃၁ ရက်မှ ဧပြီ ၁၆ ရက်အထိ ကြက်ကောင်ရေ စုစုပေါင်း ၂၈၄ ကောင် ရောဂါဖြစ်ပွား၍ သေဆုံးခဲ့ကြောင်း၊ ကြက်ကောင်ရေ စုစုပေါင်း ၁၁၂၈၅ ကောင်အား ရောဂါ ထိန်းချုပ်ရန်အတွက် ရှင်းလင်းခဲ့ကြောင်း၊ ရောဂါဖြစ်ပွားသော ကြက်များအား ဓာတ်ခွဲနမူနာများ ရယူ၍ Avian Flu Rapid Test Kit ဖြင့် စမ်းသပ် စစ်ဆေးခဲ့ရာ သံသယဖြစ်ဖွယ် ကြက်ငှက်တုပ်ကွေး ရောဂါပိုး တွေ့ရှိခဲ့ကြောင်း၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၏ ဓာတ်ခွဲခန်းတွင် ထပ်မံစမ်းသပ် စစ်ဆေးခဲ့ရာ ကြက်ငှက်တုပ်ကွေး ရောဂါပိုး H5 နှင့် H9 တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။ Writer: အိသဉ္ဇာကျော်
Source : http://ift.tt/29M6Bcb
via IFTTT

No comments:

Post a Comment