Sunday, July 17, 2016

7Day News Journal

ယခုအစိုးရသစ်လက်ထက်တွင် အခွန်ရှောင်မှုများကို သတိပေးရုံသာမက ဥပဒေအရ အရေးယူမည်ဟုဆို (ပြည်သိမ်း) ======================== လက်ရှိအစိုးရ၀င်ငွေ သည် အခွန်တစ်ခုတည်းပေါ်တွင် အဓိကထားခြင်းကြောင့် အခွန် တိမ်းရှောင်မှုများ ပြုလုပ်ပါက အ ရေးယူမည်ဟု ပြည်တွင်းအခွန် များဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးမင်းထွဋ်က ပြောသည်။ အခွန်တိမ်းရှောင်သူများကို ယခင်အစိုးရလက်ထက်က ခေါ် ယူသတိပေးဒဏ်ရိုက်မှုများသာ ပြုလုပ်သော်လည်း ယခုအစိုးရ လက်ထက်၌ ၀င်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေများ နှင့် အရေးယူမှုပြုလုပ်မည်ဟု ဆိုသည်။ ၀င်ငွေခွန်ဥပဒေ၊ ကုန်သွယ် လုပ်ငန်းခွန်ဥပဒေများဖြင့် အရေး ယူမည်ဆိုပါက ပြစ်ဒဏ်၏ အ ခြေအနေပေါ် မူတည်၍ ထောင် ဒဏ် ၁၀ နှစ် (သို့မဟုတ်) ငွေဒဏ် တပ်ရိုက်မည်ဟု သိရသည်။ အခွန်ရှောင်သူများကို ဥပ ဒေအရ အရေးယူမှုများပြုလုပ် နိုင်ရန် ပြည်ထောင်စုရှေ့နေချုပ် ရုံး၊ ပြည်ထဲရေး၀န်ကြီးဌာန၊ တရားလွှတ်တော်တို့မှ တာ၀န်ရှိ သူများနှင့် ဆွေးနွေးနေသည်ဟု ဆိုသည်။ ‘‘အခွန်ရှောင်တာကို အရေး ယူမှုနည်းလမ်းအပြင် တခြားဘာ ရှိသေးလဲ၊ ဘာကြောင့်အခွန် ရှောင်တာလဲဆိုတာတွေကိုလည်း တစ်ချိန်တည်းအဖြေရှာဖို့ လို တယ်’’ဟု စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက ပြော ကြားသည်။ အခွန်စနစ်သည် ရေရှည် တည်တံ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ကောက်ယူနိုင်သည့် အခွန်စနစ် မျိုးဖြစ်ရန် လိုအပ်ပြီး သဘာ၀ ပတ်၀န်းကျင် ထိခိုက်မှုရှိသည့် လုပ်ငန်းများ၊ ပြည်သူများ၏ ကျန်းမာရေး၊ ယဉ်ကျေးမှုကို ထိခိုက် သည့်လုပ်ငန်းများတွင် အခွန်နှုန်းထားပမာဏ တိုးမြှင့်ကောက်ခံ သင့်သည်ဟု ဒေါက်တာအောင် ကိုကိုကဆိုသည်။ အခွန်စနစ်တကျကောက်ခံ ခြင်းသည် ငွေကြေးဖောင်းပွမှုကို လျှော့ချနိုင်သည်သာမက နိုင်ငံ တော်တွင် လုပ်ဆောင်မည့် စီမံ ကိန်းများအတွက် လိုအပ်နေသော ဘဏ္ဍာရန်ပုံငွေပြည့်မီစွာရ ရှိအောင် လုပ်ဆောင်နိုင်ရန် ရည် ရွယ်ကြောင်း ဦးမင်းထွဋ်က ပြောသည်။ ထို့အပြင် နိုင်ငံအတွင်း ဆင်းရဲချမ်းသာငွေကြေးကွာခြား မှုကိုလည်း လျော့နည်းစေမည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ် အခွန်အများဆုံးထမ်းဆောင်သည့် လုပ်ငန်းများ၌ ဘဏ်လုပ်ငန်းများ သည် အများဆုံးဖြစ်သည်။
Source : http://ift.tt/29LWDvD
via IFTTT

No comments:

Post a Comment