Fixed ဖုန်းအသုံးပြုသူ ၀.၅၂ သန်းနှင့် တစ်နိုင်ငံလုံး တာဝါတိုင်ပေါင်း တစ်သောင်းကျော်ရှိလာ ========= Fixed ဖုန်းအသုံးပြုသူ ၀.၅၂ သန်းနှင့် တစ်နိုင်ငံလုံး တာ၀ါတိုင်ပေါင်း တစ်သောင်းကျော်ရှိလာကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးနည်းပညာဝန်ကြီးဌာနမှ သိရသည်။ တယ်လီကွန်းပြု ပြင်ပြောင်းလဲရေးကို မဆောင်ရွက်မီကာလက Fixed ဖုန်းအသုံးပြုသူ ၀.၄၆ သန်းရှိခဲ့ရာမှ ယခုအခါ အထက်ပါ အရေအတွက်အထိ တိုးလာခြင်းဖြစ်ကြောင်း၊ မိုဘိုင်းဖုန်းအသုံးပြုသူ ၅.၃ သန်း ရှိရာမှ ယခုအခါ ၄၃.၇၂ သန်းရှိလာကြောင်း၊ စုစုပေါင်းအနေဖြင့် ဖုန်းအသုံးပြုမှု ၅.၇ သန်းမှ တယ်လီကွန်း ပြု ပြင်ပြောင်းလဲရေးဆောင်ရွက်ပြီး နောက်ပိုင်း ယခုအချိန်အထိ ၄၄.၂၄ သန်း တိုးလာခြင်း ဖြစ်ကြောင်း သိရသည်။ တယ်လီဖုန်းသိပ်သည်းဆမှာ ၁၃ ရာခိုင်နှုန်းမှ ဇွန်လအထိဆိုလျှင် ၈၉.၃၈ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်ကြောင်း သိရသည်။ ယခင်က တာဝါတိုင် ၃,၀၀၀ အောက်ရှိခဲ့ရာမှ ယခုအခါ ၁၁,၇၀၀ ကျော်အထိ ရှိလာကြောင်း သိရသည်။ တယ်လီကွန်းကဏ္ဍ ပြုပြင်ပြောင်းလဲမှုပြုနေသော နှစ်နှစ်အတွင်း တိုးတက်လာခြင်းဖြစ်ကြောင်း ပြောကြားသည်။ မိုဘိုင်းဖုန်းအသုံးပြုရေးကို ပထမအဆင့်အနေဖြင့်ဆောင်ရွက်ပြီး Fixed broadband တိုးတက်ရန်လည်း ဆောင်ရွက်နေကြောင်း ဆိုသည်။
Source : http://ift.tt/29Eskp7
via IFTTT
No comments:
Post a Comment