ကွန်ပျူတာ မြန်မာစာ စံစနစ် နိုင်ငံတော်အဆင့်အထိ သုံးစွဲပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ထံ စာပို့ တောင်းဆိုသွားမည် ===================== ကွန်ပျူတာ မြန်မာစာစနစ်ဖွံဖြိုးတိုးတက်ဖို့အတွက် စံစနစ် (Unicode) လိုက်နာ တဲ့ ဖောင့်တွေကို အစိုးရ အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ထိထိရောက်ရောက် သုံးစွဲပေးဖို့လိုကြောင်းတောင်းဆိုစာကို ဒေါ်အောင်ဆန်းစုကြည်ထံသို့လိပ်မူ ပြီး ပေးပို့သွားမယ် လို့ မြန်မာယူနီကုဒ်ဧရိယာ အဖွဲ့မှသိရပါတယ်။ “အစိုးရကိုယ်တိုင်လည်း E Goverment ကိုသွားမယ်လို့ ပြောထားတယ်။ သူတို့လည်း တစ်ဆင့်ချင်း သွားနေတာကို တွေ့ရတယ်။ အရင်အစိုးရ ထက်စာရင် လုပ်ဆောင်မူတွေကို အားရတယ်လို့ ပြောရပါမယ်။ တစ်ချိန်ကျရင် သူတို့ စနစ်တကျ သွားဖို့အတွက် တစ်ခုခု ရဖို့ မက်ဆေ့ချ် ပေးချင်တာပါ။ လုံးဝအားသွန် ခွန် စိုက်လုပ်ရင် တစ်နှစ်အတွင်း ဖြစ်လာမယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ အဆိုပါ လှုပ်ရှားမူကို ဦးဆောင် ပါဝင်တဲ့ မြန်မာယူနီကုဒ် ဧရိယာ အဖွဲ့ ပူးတွဲတည်ထောင်သူ ကိုထွန်းထက်အောင် ကပြောပါတယ်။ မြန်မာစာစံနစ် မလိုက်နာတဲ့ ဇော်ဂျီ သုံးစွဲမူကြောင့် ကွန်ပျူတာ တိုင်းရင်းသား ဘာသာစကားတွေ အထိပါ ထိခိုက်လာနိုင်မှု ရှိတာအပြင် မြန်မာစာ ကွန်ပျူတာ စနစ်လည်း ပျက်စီးသွားနိုင်တယ်လို့ အဆိုပါ အဖွဲ့က သတိပေး ပြောဆိုထားပါတယ်။ လက်ရှိအချိန်မှာ ဇော်ဂျီ အသုံးပြုသူ ၈၀ ရာခိုင်းနှုန်းကျော် ရှိနေပြီး မြန်မာယူနီကုဒ် အသုံးပြုသူ ၂၀ ရာခိုင်းနှုန်းခန့် ရှိတာ ဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ တောင်းဆိုမူကို မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် အပါအဝင် တိုင်းရင်းသား ဘာသာအဖွဲ့ စုစုပေါင်း ၇ ဖွဲ့က လက်မှတ်ရေးထိုး ထောက်ခံထားပါတယ်။ တောင်းဆိုချက်ထဲမှာ မြန်မာစာ စံစနစ်ကို အသုံးပြုရန် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး ဥပဒေ တစ်ခု အထိပါ သတ်မှတ် ပြဌာန်းပေးဖို့ပါ ပါဝင်တာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာတော့ အစိုးရ ဝက်ဘ်ဆိုဒ်တွေ အပါအဝင် ၊ ဝန်ကြီးဌာန အသီးသီးမှာ တရားဝင် ဖွင့်လှစ်ထားတဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေမှာလည်း ယူနီကုဒ်ကို သုံးစွဲထားတာမျိုး မရှိသေးကြောင်းကို အဆိုပါ အဖွဲ့က ထောက်ပြထားပါတယ်။ လက်ရှိ တောင်းဆိုမူ နိုင်ငံတော်သမ္မတ၊ လွှတ်တော်နဲ့ ဝန်ကြီးဌာန လေးခုကိုလည်း ပို့ဆောင်သွားမှာဖြစ်ပါတယ်။ author မေသက်ရဲ
Source : http://ift.tt/29ZRIUG
via IFTTT
No comments:
Post a Comment