Sunday, July 17, 2016

7Day News Journal

တစ်နာရီအမြန်နှုန်း ၄၂၀ ကီလိုမီတာဖြင့် တရုတ်ကျည်ဆန်ရထားများ စံချိန်တင်ခုတ်မောင်း ===================== တရုတ်အင်ဂျင်နီယာများ ဒီဇိုင်းရေးဆွဲဖန်တီးသော ကျည်ဆန်ရထားနှစ်စီးသည် တစ်နာရီလျှင် အမြန်နှုန်း ၄၂၀ ကီလိုမီတာဖြင့် မျက်နှာချင်းဆိုင်အပြိုင်ခုတ်မောင်းခဲ့ပြီး ကမ္ဘာ့စံချိန်သစ်တင်ခဲ့သည်။ တရုတ်နိုင်ငံသည် ကျည်ဆန်ရထားအဓိကနည်းပညာကို အပြည့်အဝကျွမ်းကျင်ပိုင်နိုင်ကြောင်း ယခု သုတေသန အောင်မြင်မှုက ဖော်ပြသည်ဟု သိပ္ပံနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူးကျူလီက ပြောသည်။ တရုတ်၏ အမြန်ရထားနည်းပညာသည် ကမ္ဘာ၌ ထိပ်တန်းစာရင်းဝင်ပြီး နည်းပညာအချို့သည် ကမ္ဘာ့ထိပ်ဆုံး နေရာ၌ပင် ရှိသည်ဟု ယခုအောင်မြင်မှုက ဖော်ပြကြောင်း ကျူလီကထပ်မံပြောသည်။ ယခုစမ်းသပ်မှုများသည် တရုတ်နည်းပညာများကို သုံးထားသော တရုတ်ကျည်ဆန်ရထား၏ စွမ်းဆောင်ရည်ကို တိုင်းတာခြင်း ဖြစ်သည်။ တစ်နာရီအမြန်နှုန်း ၄၀၀ ကီလိုမီတာအထက်ဖြင့် ခုတ်မောင်းနေစဉ် စွမ်းအင်ကုန်ကျစရိတ်များနှင့် တုန်ခါမှု ဆူညံသံများနှင့် ပတ်သက်သော အချက်အလက်များကို ရရှိထားသည်ဟု ကျူလီက ပြောသည်။ အဆိုပါစမ်းသပ်မှုသည် အချက်အလက်များကို စုဆောင်းပြီး ရထားစွမ်းဆောင်ရည်သတ်မှတ်ချက်ဘောင်များကို စမ်းသပ်ခဲ့သည်ဟု တရုတ်ရထားသိပ္ပံကျောင်းမှ သုတေသနခေါင်းဆောင် လုယန်းက ပြောသည်။ ကျည်ဆန်ရထားများသည် တစ်နာရီအမြန်နှုန်း ၃၀၀ ကီလိုမီတာခန့်ဖြင့် အများအားဖြင့် ခုတ်မောင်း ကြသော်လည်း တရုတ်အမြန်ရထားနည်းပညာသည် အခြားသောနိုင်ငံများမှ လိုအပ်ချက်အမျိုးမျိုးကို ဖြည့်တင်းပေးနိုင်ကြောင်း တစ်နာရီ အမြန်နှုန်း ၄၀၀ ကီလိုမီတာကျော်ဖြင့် ခုတ်မောင်းသည့် စမ်းသပ်မှု အောင်မြင်ခြင်းက ဖော်ပြသည်ဟု ကျူလီက ပြောသည်။ တရုတ်အမြန်ရထားကွန်ရက်တွင် ရထားလမ်းအရှည်ကီလိုမီတာ ၁၉,၀၀၀ ကျော်ရှိ၍ ယင်းမှာ ကမ္ဘာပေါ်ရှိ အမြန်ရထား ကွန်ရက်၏ ၆၀ ရာခိုင်နှုန်း ဖြစ်သည်ဟု သိရသည်။ —Ref:China Daily/Asia News Network
Source : http://ift.tt/29YWu5Z
via IFTTT

No comments:

Post a Comment