ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကို ကြေညာ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၁၄ / ၂၀၁၆ ) ၁၃၇၈ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ( ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက် ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၇၅(ခ) အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက် ကို ကြေညာခြင်း ၁။ ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)အတွက် ရွေးကောက်တင်မြှောက်ခံ ထားရသော လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်၏ ရွေးကောက် တင်မြှောက်ခံရခြင်းကို ယင်းမဲဆန္ဒနယ်၌ ယှဉ်ပြိုင်အရွေးခံသူ ဦးခိုင်ညီညီကျော်က ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်း သဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆၉ အရ ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် လည်းကောင်း၊ ပုဒ်မ ၇၅ အရ ရွေးကောက်ပွဲကန့်ကွက်လွှာ အယူခံမှုဖြင့်လည်းကောင်း ကြားနာ စစ်ဆေး၍ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီး ဖြစ်ပါသည်။ ၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၁၂ . ၇ . ၂၀၁၆ ရက်စွဲပါ ရွေးကောက်ပွဲကန့်ကွက်လွှာ အယူခံမှုအမှတ် (၁/၂၀၁၆) ဆုံးဖြတ်ချက်တွင် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)အတွက် ဦးအောင်ကျော်ညွန့်အား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခဲ့ခြင်းသည် ဥပဒေအရ ပျက်ပြယ် ကြောင်းနှင့် ယင်းမဲဆန္ဒနယ်၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဥပဒေနှင့်အညီရွေးကောက် တင်မြှောက် ခံရသူမှာ ဦးခိုင်ညီညီကျော်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၅(က) အရ ဆုံးဖြတ်ခဲ့ပါသည်။ ၃။ သို့ဖြစ်၍ ဦးအောင်ကျော်ညွန့်သည် ယခုကြေညာသည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်းနှင့် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မှာ ဦးခိုင်ညီညီကျော် [ ၁၃/ရစန(နိုင်) ၀၄၈၅၆၃ ] ဖြစ်ကြောင်း သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၇၅(ခ) အရ သတ်မှတ် ကြေညာ လိုက်ပါသည်။ ဥက္ကဋ္ဌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
Source : http://ift.tt/29M8d86
via IFTTT
No comments:
Post a Comment