Wednesday, July 13, 2016

RFA Burmese

မဘသ ဆက်လက်ရပ်တည်နိုင်မလား ================= မဘသအဖွဲ့အနေနဲ့ ဒီမိုကရေစီကို နောက်ပြန်သွားလိုပြီး အာဏာရှင်စနစ်ကို အသက်သွင်းလိုတဲ့ လူပုဂ္ဂိုလ် တစ်စု တစ်ဖွဲ့ရဲ့ အသုံးချခြင်းကို မခံဘူးဆိုရင် ၊ ( Hate Speech ) အမုန်းပွားစေတဲ့စကားတွေ မပြောဘူး ဆိုရင် အမျိုးသားရေး အဖွဲ့တစ်ဖွဲ့အနေနဲ့ ရေရှည် ရပ်တည်နိုင်မယ်လို့ ယုံကြည်ကြောင်း သာသနာရေး၀န်ကြီး သူရဦးအောင်ကိုက RFA ကို ပြောပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ ၀ိဇယမင်္ဂလာဓမ္မသဘင်မှာ ကျင်းပတဲ့ နိုင်ငံတော်သံဃမဟာနာယက (မဟန) အစည်းအ၀ေးပွဲကို တက်ရောက်လာစဉ် RFAက မေးမြန်းရာမှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘာသာရေး နဲ့ ဆိုင်သော လူမှုရေးနဲ့ဆိုင်သော အသင်းအဖွဲ့တွေကို လွတ်လပ်စွာ ဖွဲ့စည်းနိုင်သည်လို့ ပြဌာန်းထားကြောင်းလည်း ၀န်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။
Source : http://ift.tt/29N3djz
via IFTTT

No comments:

Post a Comment