တာချီလိတ် မှ တောင်ကြီးသို့ ခရီးသည်ပို့ဆောင်နေသော TOYOTA အမျိုးအစား PROBOX ယာဉ်တစ်စီးသည် ပန်ကွဲတောင်အတက်တွင် ရုတ်တရက် မီးထလောင်ပြီး ယာဉ်တစ်စီးလုံး မီးလောင်ကျွမ်းသွားကြောင်း သိရသည်။ တာချီလိတ်မှ တောင်ကြီးသို့ ခရီးသည်ပို့ဆောင်သော အဆိုပါ ယာဉ်သည် ကျိုင်းတုံအနီးရှိ ပန်ကွဲတောင်အတက်တွင် ဇူလိုင်လ(၁၅)ရက်နေ့က မီးလောင်မှု ဖြစ်ပွားတာဖြစ်ကြောင်း သိရသည်။ "ကားက မီးထလောင်တော့ ငြိမ်းစရာလည်းမရှိဘူး၊ ပိုဆိုးတာက မီးသတ်ဆေးဗူးမပါတော့၊ မငြိမ်းနိုင်တဲ့ အခါမှာ တစ်စီးလုံးလောင်သွားတာ၊ လူကတော့ ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်"ဟု မိုင်းဖြတ်ခရီးသွား တစ်ဦးက ပြောပြသည်။ PROBOX အမျိုးအစား ယာဉ်များသည် မီးထလောင်မှုများ ဖြစ်ပွားတတ်သည့်အတွက် ယာဉ်အတွင်း မီးသတ်ဆေးဗူးများ ဆောင်ထားသင့်ကြောင်း၎င်းမှ ထပ်လောင်းပြောလာသည်။ မီးလောင်မှုဖြစ်ပွားသော အဆိုပါ TOYOTA အမျိုးအစား PROBOX ယာဉ်သည် ဂိတ်အတိအကျမရှိဘဲ ပြေးဆွဲနေသည့် ယာဉ်များ ဖြစ်ကြောင်း နှင့်၎င်းတို့အတွက် ဂိတ်သတ်မှတ်ပေးထားရခြင်း မရှိသေးကြောင်း သိရသည်။ video: Justin Long
Source : http://ift.tt/29EJNcU
via IFTTT
No comments:
Post a Comment